YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 28

28
တု​ရု​ဘု​ရင်​နှင့်​ဆိုင်​သော​ဗျာ​ဒိတ်
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ​၍၊ 2အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို တု​ရု​ရှင်​ဘု​ရင်​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​သည် ကိုယ်​ကို​ဘု​ရား​သ​ခင်​ကဲ့​သို့ ထင်​မှတ်​သော်​လည်း ဘု​ရား​သ​ခင်​မ​ဟုတ်၊ လူ​သက်​သက်​ဖြစ်​လျက်​နှင့် ငါ​သည် ဘု​ရား​ဖြစ်၏။ ပင်​လယ်​အ​လယ်၌ ဘု​ရား​ပ​လ္လင်​ပေါ်​မှာ ငါ​ထိုင်​သည်​ဟု ဝါ​ကြွား​သော​စိတ်​နှင့် ဆို​သည်​ဖြစ်၍၊ 3သင်​သည် ဒံ​ယေ​လ​ထက်​သာ၍ ပ​ညာ​ရှိ​ပါ​သည်​တ​ကား။ သင်​မ​သိ​ရ​အောင် သူ​တစ်​ပါး​ဝှက်​ထား​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ 4ကိုယ်​ဉာဏ်​ပ​ညာ​အား​ဖြင့် ဥ​စ္စာ​ရ​တတ်၏။ ရွှေ​ငွေ​ကို ဆည်း​ပူး​ပြီ။ 5ထူး​ဆန်း​သော ပ​ညာ​နှင့် ကုန်​စ​လယ်​များ​အား​ဖြင့် စည်း​စိမ်​ကြီး၍၊ ထို​စည်း​စိမ်​ကြောင့် စိတ်​ဝါ​ကြွား​ပြီ။ 6သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ကိုယ်​ကို ဘု​ရား​သ​ခင်​ကဲ့​သို့ ထင်​မှတ်​သော​ကြောင့်၊ 7ကြောက်​မက်​ဖွယ်​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​ကို သင်​ရှိ​ရာ​သို့ ငါ​ပို့​ဆောင်​သ​ဖြင့်၊ သူ​တို့​သည် သင်၏​ပ​ညာ​ဂုဏ်​ကို ဓား​နှင့်​ခုတ်၍၊ သင်၏​တင့်​တယ်​ခြင်း အ​သ​ရေ​ကို​ရှုတ်​ချ​ကြ​လိမ့်​မည်။ 8သင့်​ကို မြေ​တွင်း​ထဲ​သို့​နှိမ့်​ချ၍၊ ပင်​လယ်​အ​လယ်၌ ဆုံး​ရှုံး​သော​သူ​ကဲ့​သို့ သင့်​အ​သက်​သည် ဆုံး​ရှုံး​ရ​လိမ့်​မည်။ 9သင့်​အ​သက်​ကို သတ်​သော​သူ​တို့​လက်​တွင်၊ သင်​သည် ဘု​ရား​သ​ခင်​မ​ဟုတ်၊ လူ​သက်​သက်​ဖြစ်​လျက်​နှင့်၊ ငါ​သည် ဘု​ရား​ဖြစ်​သည်​ဟု သင့်​အ​သက်​ကို သတ်​သော​သူ​တို့​ရှေ့​မှာ အ​မှန်​ပြော​လိမ့်​မည်​လော။ 10အ​ရေ​ဖျား​လှီး​ခြင်း မ​ခံ​သော​လူ​သေ​သ​ကဲ့​သို့၊ သင်​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့ လက်​ဖြင့်​သေ​ရ​မည်။ ငါ​ပြော​ပြီ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။
တု​ရု​ဘု​ရင်​အ​တွက်​မြည်​တမ်း​ခြင်း
11တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 12အ​ချင်း​လူ​သား၊ တု​ရု​ရှင်​ဘု​ရင်​အ​တွက် မြည်​တမ်း​သော စ​ကား​ကို​မြွက်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​သည် ထူး​ဆန်း​သော​တံ​ဆိပ် ဖြစ်၏။ ပ​ညာ​နှင့်​ပြည့်​စုံ၍ တင့်​တယ်​ခြင်း​အ​သ​ရေ​လည်း စုံ​လင်​လျက်​ရှိ၏။ 13ဧ​ဒင်​အ​ရပ်၊ ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော်၌​နေ​ပြီ။ သင်၏​ခေါင်း​ပေါ်​မှာ ကျောက်​နီ၊ ဥဿ​ဖ​ရား၊ စိန်၊ မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့၊ နီ​လာ၊ မြ၊ ပ​တ္တ​မြား အ​စ​ရှိ​သော​ကျောက်​မြတ် အ​မျိုး​မျိုး​တို့​ကို ဆောင်း​လေ၏။ ရွှေ​ဖြင့်​လုပ်​သော ပတ်​သာ၊ ပု​လွေ​တို့​သည်​လည်း၊ သင်​ဖွား​သော​နေ့၌​ပင် သင့်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ​ကြ၏။ 14သင်​သည် ဖြန့်၍ လွှမ်း​မိုး​သော​ခေ​ရု​ဗိမ်​ဖြစ်​လျက်၊ ငါ့​အ​ခွင့်​နှင့် ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော​တောင်​ပေါ်​မှာ နေ​ရာ​ကျ၍ မီး​တောက်​သော ကျောက်​တို့​တွင် သွား​လာ​ရ၏။ 15ဖွား​သော​နေ့​မှ​စ၍ သင့်​အ​ပြစ်​ထင်​ရှား​သော​နေ့​တိုင်​အောင်၊ ပြု​လေ​ရာ​ရာ၌ စုံ​လင်​လျက်​ရှိ၏။ 16သို့​ရာ​တွင်၊ ကုန်​သွယ်​ခြင်း များ​ပြား​သော​အား​ဖြင့်၊ အ​ဓ​မ္မ​အ​မှု​တို့​နှင့် ပြည့်​စုံ၍ ပြစ်​မှား​သော​အ​ပြစ် ရောက်​လေ​ပြီ။ ထို​ကြောင့်၊ ဆိုး​ယုတ်​သော​သူ​ကဲ့​သို့၊ သင့်​ကို​ဘု​ရား​သ​ခင်၏ တောင်​တော်​ပေါ်​က ငါ​နှင်​ထုတ်​မည်။ အို လွှမ်း​မိုး​သော ခေ​ရု​ဗိမ်၊ မီး​တောက်​သော ကျောက်​တို့​အ​ထဲ​က သင့်​ကို​ငါ​ပယ်​ရှင်း​မည်။ 17သင်​သည် ကိုယ်၌ တင့်​တယ်​ခြင်း​အ​သ​ရေ​ကြောင့်၊ ဝါ​ကြွား​သော​စိတ်​ရှိ​လျက် ဂုဏ်​ထွန်း​တောက်​သော​ကြောင့်၊ သင်၏​ပ​ညာ​သည် ဖောက်​ပြန်​လျက်​ရှိ​လေ​ပြီ။ ငါ​သည် သင့်​ကို မြေ​တိုင်​အောင်​နှိမ့်​ချ​မည်။ ရှင်​ဘု​ရင်​တို့​သည် သင့်​ကို​ကြည့်​ရှု၍ ဝမ်း​မြောက်​စေ​ခြင်း​ငှာ၊ သူ​တို့​ရှေ့​မှာ သင့်​ကို​ငါ​ချ​ထား​မည်။ 18သင့်​အ​ပြစ်​သည် များ​ပြား၍ ကုန်​သွယ်​ခြင်း အ​ဓ​မ္မ​အား​ဖြင့်၊ သန့်​ရှင်း​ရာ​ဌာ​န​တို့​ကို ညစ်​ညူး​စေ​သော​ကြောင့်၊ သင့်​ကို​မီး​ရှို့​ဖို့ သင့်​အ​လယ်၌ မီး​ကို​ငါ​ညှိ​မည်။ သင့်​ကို​မြင်​သော သူ​အ​ပေါင်း​တို့​ရှေ့​မှာ၊ သင်၏​ပြာ​ကို မြေ​ပေါ်​သို့​ငါ​ချ​ထား​မည်။ 19သင့်​ကို​သိ​သော​လူ အ​မျိုး​မျိုး​တို့​သည် သင်၏​အ​မှု​ကြောင့် မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။ သင်​သည် ကြောက်​မက်​ဖွယ် ဖြစ်​လိမ့်​မည်။ နောက်​တစ်​ဖန် မ​ပေါ်​လာ​ရ​ဟု မိန့်​တော်​မူ​၏။
ဇိ​ဒုန်​မြို့​နှင့်​ဆိုင်​သော​ဗျာ​ဒိတ်
20တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊#ယော​လ၊ ၃:၄-၈။ ဇာ၊ ၉:၁-၂။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။ 21အ​ချင်း​လူ​သား၊ သင်​သည် ဇိ​ဒုန်​မြို့​တစ်​ဖက်၌ မျက်​နှာ​ထား၍ ပ​ရော​ဖက်​ပြု​လျက်၊ 22အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အို ဇိ​ဒုန်​မြို့၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင့်​အ​လယ်၌ ငါ့​ဘုန်း​တန်​ခိုး​သည် ထင်​ရှား​လိမ့်​မည်။ သင့်​ကို​ငါ​သည် အ​ပြစ်​ဒဏ်​ပေး၍ ရို​သေ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို လူ​များ​သိ​ရ​ကြ​လိမ့်​မည်။ 23သင့်​အ​ပေါ်​သို့ ကာ​လ​နာ​ဘေး​ကို​လည်း​ကောင်း၊ သင်၏​လမ်း​တို့၌ ဓား​ဘေး​ကို​လည်း​ကောင်း၊ ငါ​စေ​လွှတ်၍၊ ပတ်​လည်၌ တိုက်​သော​ဓား​ဖြင့် သူ​ရဲ​တို့​သည် သင့်​အ​လယ်၌​လဲ၍ သေ​ကြ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။
ဣ​သ​ရေ​လ​တို့​အ​တွက်​ကောင်း​ချီး
24ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး၏ ပတ်​လည်၌​နေ၍၊ မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​တွင် စူး​တတ်​သော​ဆူး​ပင်၊ နှောင့်​ယှက်​တတ်​သော​ငြောင့် တစ်​စုံ​တစ်​ခု​မျှ မ​ကျန်​ကြွင်း​ရ။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
25တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကွဲ​ပြား​လျက်​နေ​သော လူ​အ​မျိုး​မျိုး​ထဲ​က ငါ​ခေါ်၍​စု​ဝေး​သော​အ​ခါ၊ သူ​တို့​အား​ဖြင့် လူ​မျိုး​များ​ရှေ့၌ ရို​သေ​ခြင်း​ကို​ငါ​ခံ၍၊ ငါ့​ကျွန်​ယာ​ကုပ်​အား ငါ​အ​ရင်​ပေး​သော​ပြည်၌ သူ​တို့​သည် နေ​ကြ​လိမ့်​မည်။ 26ထို​ပြည်၌ စိုး​ရိမ်​စ​ရာ​မ​ရှိ။ အိမ်​ဆောက်​ခြင်း၊ စ​ပျစ်​ဥ​ယျာဉ်​စိုက်​ခြင်း အ​မှု​ကို​ပြု၍ နေ​ကြ​လိမ့်​မည်။ သူ​တို့ ပတ်​လည်၌​နေ၍ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​အ​ပေါင်း​တို့​ကို ငါ​သည် အ​ပြစ်​ဒဏ်​စီ​ရင်​သော​နောက် သူ​တို့​သည် စိုး​ရိမ်​စ​ရာ​မ​ရှိ​ဘဲ​နေ၍၊ ငါ​သည် သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 28: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ