YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 28:1-5

ယေဇကျေလ 28:1-5 Judson Bible (JBMLE)

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ​၍၊ အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို တု​ရု​ရှင်​ဘု​ရင်​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​သည် ကိုယ်​ကို​ဘု​ရား​သ​ခင်​ကဲ့​သို့ ထင်​မှတ်​သော်​လည်း ဘု​ရား​သ​ခင်​မ​ဟုတ်၊ လူ​သက်​သက်​ဖြစ်​လျက်​နှင့် ငါ​သည် ဘု​ရား​ဖြစ်၏။ ပင်​လယ်​အ​လယ်၌ ဘု​ရား​ပ​လ္လင်​ပေါ်​မှာ ငါ​ထိုင်​သည်​ဟု ဝါ​ကြွား​သော​စိတ်​နှင့် ဆို​သည်​ဖြစ်၍၊ သင်​သည် ဒံ​ယေ​လ​ထက်​သာ၍ ပ​ညာ​ရှိ​ပါ​သည်​တ​ကား။ သင်​မ​သိ​ရ​အောင် သူ​တစ်​ပါး​ဝှက်​ထား​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ ကိုယ်​ဉာဏ်​ပ​ညာ​အား​ဖြင့် ဥ​စ္စာ​ရ​တတ်၏။ ရွှေ​ငွေ​ကို ဆည်း​ပူး​ပြီ။ ထူး​ဆန်း​သော ပ​ညာ​နှင့် ကုန်​စ​လယ်​များ​အား​ဖြင့် စည်း​စိမ်​ကြီး၍၊ ထို​စည်း​စိမ်​ကြောင့် စိတ်​ဝါ​ကြွား​ပြီ။

ယေဇကျေလ 28:1-5 Common Language Bible (BCL)

ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။- ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တု​ရု​ဘု​ရင် အား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​ဆင့်​ဆို​ရ​မည်​မှာ သင်​သည်​မာန် မာ​န​ထောင်​လွှား​လျက်​မိ​မိ​ကိုယ်​ကို​ဘု​ရား ဟူ​၍​ပင်​လယ်​ဝိုင်း​ရံ​၍​နေ​သော​ရာ​ဇ​ပလ္လင် ပေါ်​တွင် ဘု​ရား​ကဲ့​သို့​ထိုင်​လျက်​နေ​ရ​သည် ဟု​ဆို​လေ​သည်။ သင်​သည်​ဘု​ရား​နည်း​တူ ပ​ညာ​ရှိ​သည်​ဟု​ထင်​သော်​လည်း သင်​သည် ဘု​ရား​မ​ဟုတ်။ အ​မှန်​ပင်​မ​ဟုတ်။ လူ​သား မျှ​သာ​ဖြစ်​၏။- မိ​မိ​ကိုယ်​ကို​ဒံ​ယေ​လ​ထက်​ပင်​ပ​ညာ​ရှိ သည်​ဟူ​၍ မိ​မိ​ထံ​မှ​အ​ဘယ်​အ​ရာ​မျှ လျှို့​ဝှက်​မ​ထား​နိုင်​ဟူ​၍​ထင်​မှတ်​၏။- သင်​သည်​အ​သိ​ပ​ညာ၊ အ​တတ်​ပညာ​ဖြင့် ရွှေ၊ ငွေ​ဘဏ္ဍာ​ပေါ​များ​ကြွယ်​ဝ​လာ​၏။- ကုန်​သွယ်​မှု​တွင်​လည်း​ကျွမ်း​ကျင်​သည့် အ​တွက်​အ​မြတ်​အ​စွန်း​များ​ကို​ဆက်​ကာ ဆက်​ကာ​ရ​ရှိ​နေ​ခဲ့​၏။ သင်​သည်​မိ​မိ​၏ စည်း​စိမ်​ချမ်း​သာ​ကို​ဂုဏ်​ယူ​ဝါ​ကြွား​ပါ သည်​တ​ကား။''

ယေဇကျေလ 28:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ “​အချင်း​လူသား​၊ တိုင်ရာ​မင်းကြီး​အား ဤသို့​ဆင့်ဆို​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘သင်​သည် ဘဝင်မြင့်​၍ ငါ​သည် ဘုရား​ဖြစ်​၏​။ သမုဒ္ဒရာ​အလယ် ဘုရား​တို့​၏​ပလ္လင်​တော်​၌ စံမြန်း​၏​ဟု သင်​ဆို​၏​။ သင်​သည် ဘုရား​မ​ဟုတ် လူသား​ဖြစ်​လျက်​နှင့် သင့်​စိတ်​ထဲ​တွင် သင့်ကိုယ်သင် ဘုရား​ဟု​ထင်မှတ်​၏​။ မှန်​ပါ​ပေ​၏​။ သင်​သည် ဒံယေလ​ထက်​သာ၍​ပညာရှိ​၏​။ သင့်​ရှေ့​တွင် မည်သည့်​အရာ​မျှ​ဖုံးကွယ်​၍​မ​ရ​။ သင့်​ဉာဏ်ပညာ​၊ သင့်​ထိုးထွင်းဉာဏ်​ဖြင့် ဥစ္စာပစ္စည်း​၊ ရွှေ​ငွေ​ရတနာ​တို့​ကို ရှာဖွေသိုမှီး​နိုင်​ပြီ​။ သင်​သည် ကုန်သွယ်​ရာ​၌ ကျွမ်းကျင်​လွန်း​၍ ဥစ္စာပစ္စည်း​တိုးပွား​လာ​၏​။ သင်​၏​ဥစ္စာပစ္စည်း​ကြောင့် ဘဝင်မြင့်​၏’​ဟု မိန့်​တော်မူ​၏​။