YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 18:20-32

ယေဇကျေလ 18:20-32 Judson Bible (JBMLE)

ပြစ်​မှား​သော​သူ​သည် အ​သေ​ခံ​ရ​မည်။ သား​သည် အ​ဘ၏​အ​ပြစ်​ကို မ​ခံ​ရ။ အ​ဘ​သည် သား၏​အ​ပြစ်​ကို မ​ခံ​ရ။ တ​ရား​သော​သူ​သည် တ​ရား​စွာ​ပြု​ခြင်း အ​ကျိုး​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မ​တ​ရား​စွာ​ပြု​ခြင်း အ​ပြစ်​ကို​လည်း​ကောင်း ခံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်၊ မ​တ​ရား​သော​သူ​သည် မိ​မိ​ပြု​မိ​သ​မျှ​သော ဒု​စ​ရိုက်​တို့​ကို ကြဉ်​ရှောင်​လျက်၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​တို့​ကို စောင့်​ရှောက်၍၊ တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော​အ​မှု​တို့​ကို ပြု​လျှင်၊ သေ​ခြင်း​နှင့်​လွတ်၍ စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်။ ပြု​မိ​သ​မျှ​သော ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို သူ့​တစ်​ဖက်၌​မ​မှတ်​ရ။ ပြု​မိ​သော ဖြောင့်​မတ်​ခြင်း​အ​မှု​ကြောင့် အ​သက်​ရှင်​ရ​လိမ့်​မည်။ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ကျင့်​တို့​ကို​ရှောင်၍ အ​သက်​မ​ရှင်၊ အ​သေ​ခံ​ခြင်း​အ​မှု၌ ငါ​သည် အ​နည်း​ငယ်​သော​ပျော်​မွေ့​ခြင်း ရှိ​သ​လော။ သို့​ရာ​တွင် တ​ရား​သော​သူ​သည် ဖောက်​ပြန်၍၊ အ​ဓ​မ္မ​အ​မှု​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​တို့​ကို​လည်း​ကောင်း​ပြု​လျှင်၊ အ​သက်​ရှင်​ရ​မည်​လော။ အ​ရင်​ပြု​သ​မျှ​သော ဖြောင့်​မတ်​ခြင်း​အ​မှု​တို့​ကို မ​မှတ်၊ သူ​သည် လွန်​ကျူး​သော​အ​မှု၊ ပြစ်​မှား​သော​အ​ပြစ်​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သို့​သော်​လည်း သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ချက်​မ​ဖြောင့်​ဟု ဆို​ကြ​သည်​တ​ကား။ အို ဣ​သ​ရေ​လ​အ​မျိုး၊ ငါ​စီ​ရင်​ချက်​သည် ဖြောင့်၍၊ သင်​တို့​စီ​ရင်​ချက် ကောက်​သည်​မ​ဟုတ်​လော။ တ​ရား​သော​သူ​သည် တ​ရား​သော​အ​မှု​ကို​ပယ်၍ အ​ဓ​မ္မ​အ​မှု​ကို​ပြု​လျှင်၊ ထို​အ​မှု​ကြောင့် သေ​ရ​မည်။ ပြု​မိ​သော​အ​ဓ​မ္မ​အ​မှု​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။ ထို​အ​တူ၊ မ​တ​ရား​သော​သူ​သည် မိ​မိ​ပြု​မိ​သော အ​ဓ​မ္မ​အ​မှု​ကို​ရှောင်၍၊ တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော အ​မှု​ကို​ပြု​လျှင်၊ မိ​မိ​အ​သက်​ကို ကယ်​နုတ်​ရ​လိမ့်​မည်။ ပြု​မိ​သ​မျှ​သော အ​ဓ​မ္မ​အ​မှု​တို့​ကို ဆင်​ခြင်၍ ရှောင်​သော​ကြောင့်၊ သေ​ခြင်း​နှင့်​လွတ်၍ စင်​စစ်​အ​သက်​ရှင်​ရ​လိမ့်​မည်။ သို့​သော်​လည်း ဣ​သ​ရေ​လ​အ​မျိုး​က၊ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ချက်​မ​ဖြောင့်​ဟု ဆို​ကြ​သည်​တ​ကား။ အို ဣ​သ​ရေ​လ​အ​မျိုး၊ ငါ​စီ​ရင်​ချက်​သည် ဖြောင့်၍၊ သင်​တို့​စီ​ရင်​ချက် ကောက်​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့ အ​သီး​အ​သီး​ကျင့်​ကြ​သည်​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို ငါ​စီ​ရင်​မည်။ သင်​တို့​သည် အ​ဓ​မ္မ​အ​မှု​ရှိ​သ​မျှ​တို့​ကို စွန့်​ပစ်၍ ပြောင်း​လဲ​ကြ​လော့။ ပြောင်း​လဲ​ကြ​လော့။ ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် ထိ​မိ၍ ဆုံး​ခြင်း​သို့​မ​ရောက်​ကြ​နှင့်။ သင်​တို့​သည် ပြု​သ​မျှ​သော လွန်​ကျူး​ခြင်း​အ​မှု​တို့​ကို​စွန့်​ပစ်၍ အ​သစ်​သော​နှ​လုံး၊ အ​သစ်​သော​စိတ်​သ​ဘော​ကို ပြင်​ဆင်​ကြ​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​သည် အ​ဘယ်​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​လို​သ​နည်း။ အ​သေ​ခံ​ရ​သော​သူ၏​အ​သေ​ခံ​ခြင်း​အ​မှု၌ ငါ​သည်​ပျော်​မွေ့​ခြင်း​မ​ရှိ။ ထို​ကြောင့်၊ ပြောင်း​လဲ၍ အ​သက်​ရှင်​ကြ​လော့​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ယေဇကျေလ 18:20-32 Common Language Bible (BCL)

သေ​ရ​မည့်​သူ​ကား​အ​ပြစ်​ကူး​လွန်​သူ ဖြစ်​၏။ သား​ဖြစ်​သူ​သည်​ဖ​ခင်​ပြု​သည့် အ​ပြစ်​များ​၏​အ​ကျိုး​ဆက်​ကို​ခံ​ရ​မည် မ​ဟုတ်။ ဖ​ခင်​ဖြစ်​သူ​သည်​လည်း​သား​ပြု သည့်​အ​ပြစ်​များ​၏​အ​ကျိုး​ဆက်​ကို​ခံ ရ​မည်​မ​ဟုတ်။ လူ​ကောင်း​သည်​ကောင်း​မှု ကို​ပြု​သည့်​အ​တွက်​ကောင်း​ကျိုး၊ ဆိုး​ညစ် သော​သူ​သည်​ဆိုး​ညစ်​မှု​ကို​ပြု​သည့် အ​တွက်​ဆိုး​ကျိုး​ကို​လည်း​ကောင်း​ခံ​ရ လိမ့်​မည်။ ``ဆိုး​ညစ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ ၍ ငါ​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​၏။ မှန် ရာ​ကောင်း​ရာ​ကို​လည်း​ပြု​ကျင့်​၏။ ထို​သူ သည်​သေ​ရ​မည်​မ​ဟုတ်။ မု​ချ​ပင်​အ​သက် ရှင်​ရ​လိမ့်​မည်။- သူ​သည်​မှန်​ရာ​ကို​ပြု​ကျင့်​သည့်​အ​တွက် မိ​မိ​၏​အ​ပြစ်​အ​ပေါင်း​မှ​ပြေ​လွှတ်​၍ အ​သက်​ရှင်​ရ​လိမ့်​မည်။- ငါ​သည်​ဆိုး​ညစ်​သူ​သေ​သည်​ကို​မြင်​သော အ​ခါ နှစ်​ခြိုက်​အား​ရ​ခြင်း​ဖြစ်​သည်​ဟု​သင် တို့​ထင်​မှတ်​ကြ​သ​လော​ဟု အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မေး​တော်​မူ​၏။ ကိုယ်​တော်​က​ထို​သူ နောင်​တ​ရ​၍​အ​သက်​ရှင်​ရ​သည်​ကို​သာ လျှင်​ငါ​မြင်​လို​၏။ ``သို့​ရာ​တွင်​ဖြောင့်​မတ်​သော​သူ​သည်​ကောင်း မှု​ကို​ရပ်​စဲ​၍ သူ​ယုတ်​မာ​တို့​ပြု​ကျင့်​တတ် သည့်​စက်​ဆုတ်​ဖွယ်​ရာ​ဆိုး​ညစ်​မှု​တို့​ကို ပြု​လျှင် သူ​သည်​ဆက်​လက်​၍​အ​သက်​ရှင် မည်​လော။ အ​သက်​မ​ရှင်​ရ။ သူ​ပြု​ခဲ့​သည့် ကောင်း​မှု​ကို​ငါ​အ​မှတ်​ရ​တော့​မည်​မ​ဟုတ်။ သူ​သည်​သစ္စာ​မဲ့​မှု​ကြောင့်​အ​ပြစ်​ရှိ​၍ မိ​မိ​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ အ​တွက်​သေ​ရ​လိမ့်​မည်။ ``သို့​သော်​လည်း​သင်​တို့​က`ဘု​ရား​ရှင်​စီ​ရင် တော်​မူ​သည်​မှာ​မ​ဖြောင့်​ဟု' ဆို​ကြ​၏။ အ​ချင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ငါ​ပြော​သည် ကို​နား​ထောင်​ကြ​လော့။ သင်​တို့​က​ငါ​စီ​ရင် ချက်​မ​ဖြောင့်​ဟု​ထင်​မှတ်​ကြ​၏။ မ​ဖြောင့် သည့်​အ​ရာ​ကား​သင်​တို့​၏​ပြု​မူ​ပုံ​ပင် ဖြစ်​၏။- သူ​တော်​ကောင်း​သည်​ကောင်း​မှု​ကို​ရပ်​စဲ​၍ ဆိုး​ညစ်​မှု​ကို​ပြု​ပြီး​နောက်​သေ​သွား​လျှင် ထို​သူ​သည်​မိ​မိ​ပြု​ခဲ့​သည့်​ဆိုး​ညစ်​မှု ကြောင့်​သေ​ရ​ခြင်း​ဖြစ်​၏။- ဆိုး​ညစ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ ၍​မှန်​ရာ​ကောင်း​ရာ​ကို​ပြု​ကျင့်​လျှင် သူ​သည် မိ​မိ​၏​အ​သက်​ကို​ချမ်း​သာ​ရာ​ရ​စေ​သူ ဖြစ်​၏။- သူ​သည်​မိ​မိ​အ​မှား​ကို​မြင်​၍​အ​ပြစ်​ကို စွန့်​လွှတ်​လိုက်​သ​ဖြင့်​မု​ချ​ပင်​သေ​ရ​မည် မ​ဟုတ်။ ဆက်​လက်​၍​အ​သက်​ရှင်​ရ​လိမ့် မည်။- သို့​သော်​လည်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​က`ဘု​ရား​ရှင်​စီ​ရင်​တော်​မူ​ချက်​သည် မ​ဖြောင့်' ဟု​ဆို​ကြ​၏။ ငါ​စီ​ရင်​တော်​မူ​ချက် ကို​မ​ဖြောင့်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော။ မ​ဖြောင့်​သည့်​အ​ရာ​ကား​သင်​တို့​၏​ပြု​မူ​ပုံ ပင်​ဖြစ်​၏။ ``အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု​သင်​တို့ တစ်​ဦး​စီ​အား​သင်​တို့​အ​သီး​သီး​ပြု​ခဲ့ ကြ​သည့်​အ​မှု​ကို​လိုက်​၍ တ​ရား​စီ​ရင်​တော် မူ​မည်​ဖြစ်​ကြောင်း​ပြော​ကြား​၏။ သင်​တို့​သည် ပြု​ကျင့်​လျက်​နေ​သော​ဆိုး​ညစ်​မှု​အ​ပေါင်း မှ​ကြဉ်​ရှောင်​ကြ​လော့။ အ​ပြစ်​ဒု​စ​ရိုက်​က သင်​တို့​အား​မ​ပျက်​စီး​စေ​နှင့်။- သင်​တို့​ပြု​ကျင့်​လျက်​ရှိ​သည့်​ဆိုး​ညစ်​မှု​ကို စွန့်​ပစ်​၍ စိတ်​နှ​လုံး​အ​သစ်၊ စိတ်​ဝိ​ညာဉ်​အ​သစ် ကို​ယူ​ကြ​လော့။ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သင်​တို့​သည်​အ​ဘယ်​ကြောင့်​သေ ချင်​ကြ​သ​နည်း။- ငါ​သည်​အ​ဘယ်​သူ့​ကို​မျှ​မ​သေ​စေ​လို။ အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ​၍​အ​သက်​ရှင် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

ယေဇကျေလ 18:20-32 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အပြစ်ပြု​သော​ဝိညာဉ်​သည် သေ​ရ​မည်​။ သား​သည် ဖခင်​၏​အပြစ်​အတွက် ခံရ​မည်​မ​ဟုတ်​။ ဖခင်​သည်​လည်း သား​၏​အပြစ်​အတွက် ခံရ​မည်​မ​ဟုတ်​။ ဖြောင့်မတ်​သော​သူ​သည် သူ​၏​ဖြောင့်မတ်​ခြင်း​အကျိုး​ကို ခံစား​ရ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​သည် သူ​၏​ဆိုးယုတ်​ခြင်း​အကျိုး​ကို ခံရ​လိမ့်မည်​။ သို့သော် ဆိုးယုတ်​သော​သူ​သည် မိမိ​ပြု​ခဲ့​သော​အပြစ်​ရှိသမျှ​တို့​ကို စွန့်လွှတ်​လျှင်​၊ ငါ​၏​ပြဋ္ဌာန်းချက်​ရှိသမျှ​တို့​ကို စောင့်ထိန်း​လျှင်​၊ တရားမျှတ​၍ ဖြောင့်မတ်​သော​အမှု​တို့​ကို​ပြု​လျှင် သူ​သည် အမှန်ပင် အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​၊ သေ​ရ​မည်​မ​ဟုတ်​။ သူ​ကျူးလွန်​ခဲ့​သော​အပြစ်​များ​ကို မှတ်ထား​မည်​မ​ဟုတ်​။ ဖြောင့်မတ်​စွာ​ပြုကျင့်​သောကြောင့် သူ​သည် အသက်ချမ်းသာ​ရာ​ရ​မည်​။ ဆိုးယုတ်​သော​သူ​သေ​သွား​သည်​ကို ငါ​ဝမ်းသာအားရ​မည်​ဟု သင်​တို့​ထင်​သလော​။ သူ​တို့​လျှောက်​သော​လမ်း​မှ ပြန်လှည့်​၍ အသက်ချမ်းသာ​ရာ​ရ​သည်​ကို ငါ​အလိုရှိ​သည်​မ​ဟုတ်​လော’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ ‘ဖြောင့်မတ်​သော​သူ​သည် ဖြောင့်မတ်​ရာ​လမ်း​မှ​လွဲ​၍ ဆိုးယုတ်​သော​သူ​တို့​ကဲ့သို့ မတရားမှု​၊ စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​ကို ပြု​လျှင် သူ​သည် အသက်ချမ်းသာ​ရာ​ရ​မည်လော​။ သူ​ပြု​ခဲ့​သော​ဖြောင့်မတ်​ခြင်း​အမှု​တို့​ကို အမှတ်ရ​မည်​မ​ဟုတ်​။ သူ​သည် ဖောက်ပြန်​၍ အပြစ်ပြု​သောကြောင့် သေ​ရ​မည်​။ သင်​တို့​က ဘုရားရှင်​၏​နည်းလမ်း​တော်​သည် မတရား​ဟု ဆို​တတ်​ကြ​ပါ​သည်​တကား​။ အို အစ္စရေး​အမျိုး​၊ နားထောင်​လော့​။ ငါ့​နည်းလမ်း​က မတရား​သလော​။ သင်​တို့​နည်းလမ်း​ကသာ မတရား​ဖြစ်​သည်​မ​ဟုတ်​လော​။ ဖြောင့်မတ်​သော​သူ​သည် ဖြောင့်မတ်​ခြင်း​လမ်း​မှ​လွဲ​၍ မကောင်းမှု​ကို​ပြု​လျှင် ထိုသို့​ပြု​သောကြောင့် သေ​ရ​မည်​။ စင်စစ် သူ​ပြု​ခဲ့​သော​မကောင်းမှု​ကြောင့် သူ​သေ​ရ​မည်​။ ဆိုးယုတ်​သော​သူ​သည် ဆိုးယုတ်မှု​ကို​ပြု​ရာ​မှ ပြန်လှည့်​၍ ဖြောင့်မတ်​မှန်ကန်​သော​အမှု​ကို​ပြု​လျှင် သူ​သည် မိမိ​အသက်ဝိညာဉ်​ကို ကယ်တင်​ရာ​ရောက်​မည်​။ သူ​ကျူးလွန်​မိ​သော​အပြစ်​များ​ကို​သိမြင်​လာ​ပြီး နောင်တရ​သောကြောင့် သူ​သည် အမှန်ပင် အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​၊ သေ​ရ​မည်​မ​ဟုတ်​။ အစ္စရေး​အမျိုးအနွယ်​က ဘုရားရှင်​၏​နည်းလမ်း​တော်​သည် မတရား​ဟု ဆို​တတ်​ကြ​ပါ​သည်​တကား​။ အို အစ္စရေး​အမျိုး​၊ ငါ့​နည်းလမ်း​က မတရား​သလော​။ သင်​တို့​နည်းလမ်း​ကသာ မတရား​ဖြစ်​သည်​မ​ဟုတ်​လော​။ သို့ဖြစ်၍ အို အစ္စရေး​အမျိုး​၊ သင်​တို့​နည်းလမ်း​အတိုင်း သင်​တို့​တစ်ဦးစီ​ကို ငါ​စီရင်​မည်​။ သင်​တို့ အပြစ်​ကျူးလွန်​ရာ​မှ နောင်တရ​၍ ပြန်လာ​လော့​။ သို့ပြုလျှင် သင်​တို့​ပြု​သော​အပြစ်​သည် သင်​တို့​အဖို့ ခလုတ်တံသင်း ဖြစ်​မည်​မ​ဟုတ်’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ ‘သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို စွန့်​၍ စိတ်နှလုံး​အသစ်​၊ စိတ်သဘော​အသစ် ရှိ​ကြ​လော့​။ အို အစ္စရေး​အမျိုး​၊ အဘယ်ကြောင့် သင်​တို့​သေ​ရ​မည်နည်း​။ ငါ​သည် မည်သူ​တစ်ဦးတစ်ယောက်​ကို​မျှ မ​သေ​စေ​လို​။ ထို့ကြောင့် နောင်တရ​၍ အသက်ရှင်​သော​လမ်း​ကို ရွေး​လော့’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။