YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 18

18
ပြစ်​မှား​သော​ဝိ​ညာဉ်​သည်​သေ​ရ​မည်။
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 2အ​ဘ​တို့​သည် ချဉ်​သော​စ​ပျစ်​သီး​ကို​စား၍ သား​တို့​သည် သွား​ကျိန်း​လျက်​ရှိ​ကြ၏​ဟု၊ သင်​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို​ရည်​မှတ်၍ စ​ကား​ပုံ​ကို​သုံး​သော​အ​ခါ အ​ဘယ်​သို့​ဆို​လို​သ​နည်း။#ယေ၊ ၃၁:၂၉။ 3အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း နောက်​တစ်​ဖန် ဣ​သ​ရေ​လ​ပြည်၌ ထို​စ​ကား​ပုံ​ကို​သုံး​ရ​သော အ​ကြောင်း​မ​ရှိ​ရ။ 4ဝိ​ညာဉ်​အ​ပေါင်း​တို့​ကို​ငါ​ပိုင်၏။ အ​ဘ၏​ဝိ​ညာဉ်​ကို ငါ​ပိုင်​သ​ကဲ့​သို့ သား၏​ဝိ​ညာဉ်​ကို​လည်း ငါ​ပိုင်၏။ ပြစ်​မှား​သော​ဝိ​ညာဉ်​သည် အ​သက်​သေ​ရ​မည်။ 5လူ​မည်​သည်​ကား၊ သ​ဘော​ဖြောင့်၍ တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော​အ​မှု​ကို ပြု​လျှင်​လည်း​ကောင်း၊ 6တောင်​ပေါ်​မှာ​မ​စား၊ ဣ​သ​ရေ​လ​အ​မျိုး ကိုး​ကွယ်​သော ရုပ်​တု​တို့​ကို မ​ဖူး​မ​မျှော်၊ သူ့​မ​ယား​ကို မ​ပြစ်​မှား၊ ဥ​တု​ရောက်​သော မိန်း​မ​ကို မ​ချဉ်း​ကပ်၊ 7အ​ဘယ်​သူ​ကို​မျှ မ​ညှဉ်း​ဆဲ၊ ကြွေး​စား​ပေါင်​ထား​သော​ဥ​စ္စာ​ကို ပြန်၍​မ​ပေး​ဘဲ​မ​နေ၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​မ​လု​မ​ယူ၊ ငတ်​မွတ်​သော​သူ​ကို ကျွေး​မွေး၍၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို အ​ဝတ်​နှင့် ဖုံး​လွှမ်း​လျှင်​လည်း​ကောင်း၊ 8အ​တိုး​စား၍ ငွေ​ကို​မ​ချေး၊ အ​ဓ​မ္မ​အ​မှု​ကို လက်​မ​ခံ၊ သူ​တစ်​ပါး​အ​မှု​ကို တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ 9ငါ​စီ​ရင်​ထုံး​ဖွဲ့​သည် အ​တိုင်း​ကျင့်၍ သ​စ္စာ​စောင့်​ခြင်း​ကို ပြု​လျှင်​လည်း​ကောင်း၊ ထို​သူ​သည် ဖြောင့်​မတ်​သော​သူ​ဖြစ်၏။ အ​ကယ်​စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။#ဝတ်၊ ၁၈:၅။
10သို့​ရာ​တွင်၊ ထို​သူ၏​သား​သည် ဓား​ပြ​တိုက်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ အ​ရင်​ဆို​ခဲ့​ပြီး​သော ဒု​စ​ရိုက်​တစ်​စုံ​တစ်​ခု​ကို ပြု​သော​သူ၊ 11အ​ရင်​ဆို​ခဲ့​ပြီး​သော သု​စ​ရိုက်​ကို​မ​ပြု၊ တောင်​ပေါ်​မှာ​စား​ခြင်း၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း၊ 12ဆင်း​ရဲ​ငတ်​မွတ်​သော​သူ​ကို ညှဉ်း​ဆဲ​ခြင်း၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​လု​ယူ​ခြင်း၊ ပေါင်​ထား​သော​ဥ​စ္စာ​ကို ပြန်၍​မ​ပေး​ဘဲ​နေ​ခြင်း၊ ရုပ်​တု​ကို ဖူး​မျှော်​ခြင်း၊ ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို​ပြု​ခြင်း၊ 13အ​တိုး​စား၍​ငွေ​ချေး​ခြင်း​ကို​ပြု​သော သူ​ဖြစ်​လျှင်၊ အ​သက်​ရှင်​ရ​မည်​လော။ အ​သက်​မ​ရှင်​ရ။ ထို​ရွံ​ရှာ​ဖွယ်​သော​အ​မှု​များ​ကို​ပြု​သော​ကြောင့်၊ စင်​စစ်​အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။ သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။
14သို့​ရာ​တွင်၊ ထို​သူ၏​သား​သည် အ​ဘ​ပြု​သ​မျှ​သော ဒု​စ​ရိုက်​တို့​ကို မြင်၍​ဆင်​ခြင်​သ​ဖြင့်၊ ထို​သို့​သော အ​မှု​တို့​ကို​မ​ပြု၊ 15တောင်​ပေါ်​မှာ​မ​စား၊ ဣ​သ​ရေ​လ​အ​မျိုး​ကိုး​ကွယ်​သော ရုပ်​တု​တို့​ကို မ​ဖူး​မ​မျှော်၊ သူ့​မ​ယား​ကို​မ​ပြစ်​မှား၊ 16အ​ဘယ်​သူ​ကို​မျှ မ​ညှဉ်း​ဆဲ၊ ပေါင်​ထား​သော ဥ​စ္စာ​ကို​မ​သိမ်း၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​မ​လု​မ​ယူ၊ ငတ်​မွတ်​သော​သူ​ကို ကျွေး​မွေး​ခြင်း၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို အ​ဝတ်​နှင့်​ဖုံး​လွှမ်း​ခြင်း၊ 17ဆင်း​ရဲ​သော သူ​ကို​ချမ်း​သာ​ပေး​ခြင်း၊ အ​တိုး​မ​စား​ဘဲ​ငွေ​ချေး​ခြင်း​ကို​ပြု၍ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​လျှင်၊ ထို​သူ​သည် အ​ဘ၏​အ​ပြစ်​ကြောင့် အ​သေ​ခံ​ရ​မည်​မ​ဟုတ်။ စင်​စစ်​အ​သက်​ရှင်​ရ​လိမ့်​မည်။ 18အ​ဘ​မူ​ကား၊ မိ​မိ​ညီ​အစ်​ကို​ကို အ​ထပ်​ထပ်​ညှဉ်း​ဆဲ​လျက်၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​လု​ယူ​လျက်၊ မိ​မိ​အ​မျိုး​သား​ချင်း​တို့​တွင် မ​ကောင်း​သော​အ​မှု​ကို ပြု​သော​အ​ပြစ်​ကြောင့်၊ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။ 19သင်​တို့​က​လည်း၊ အ​ဘယ်​သို့​နည်း။ သား​သည် အ​ဘ၏​အ​ပြစ်​ကို မ​ခံ​ရ​သ​လော​ဟု မေး​ကြ​သော်၊ သား​သည် တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော​အ​မှု​ကို​ပြု၍၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​အ​တိုင်း ကျင့်​စောင့်​လျှင်၊ စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်။ 20ပြစ်​မှား​သော​သူ​သည် အ​သေ​ခံ​ရ​မည်။ သား​သည် အ​ဘ၏​အ​ပြစ်​ကို မ​ခံ​ရ။ အ​ဘ​သည် သား၏​အ​ပြစ်​ကို မ​ခံ​ရ။ တ​ရား​သော​သူ​သည် တ​ရား​စွာ​ပြု​ခြင်း အ​ကျိုး​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မ​တ​ရား​စွာ​ပြု​ခြင်း အ​ပြစ်​ကို​လည်း​ကောင်း ခံ​ရ​လိမ့်​မည်။ #တ​ရား၊ ၂၄:၁၆။ 21သို့​ရာ​တွင်၊ မ​တ​ရား​သော​သူ​သည် မိ​မိ​ပြု​မိ​သ​မျှ​သော ဒု​စ​ရိုက်​တို့​ကို ကြဉ်​ရှောင်​လျက်၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​တို့​ကို စောင့်​ရှောက်၍၊ တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော​အ​မှု​တို့​ကို ပြု​လျှင်၊ သေ​ခြင်း​နှင့်​လွတ်၍ စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်။ 22ပြု​မိ​သ​မျှ​သော ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို သူ့​တစ်​ဖက်၌​မ​မှတ်​ရ။ ပြု​မိ​သော ဖြောင့်​မတ်​ခြင်း​အ​မှု​ကြောင့် အ​သက်​ရှင်​ရ​လိမ့်​မည်။ 23မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ကျင့်​တို့​ကို​ရှောင်၍ အ​သက်​မ​ရှင်၊ အ​သေ​ခံ​ခြင်း​အ​မှု၌ ငါ​သည် အ​နည်း​ငယ်​သော​ပျော်​မွေ့​ခြင်း ရှိ​သ​လော။ 24သို့​ရာ​တွင် တ​ရား​သော​သူ​သည် ဖောက်​ပြန်၍၊ အ​ဓ​မ္မ​အ​မှု​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​တို့​ကို​လည်း​ကောင်း​ပြု​လျှင်၊ အ​သက်​ရှင်​ရ​မည်​လော။ အ​ရင်​ပြု​သ​မျှ​သော ဖြောင့်​မတ်​ခြင်း​အ​မှု​တို့​ကို မ​မှတ်၊ သူ​သည် လွန်​ကျူး​သော​အ​မှု၊ ပြစ်​မှား​သော​အ​ပြစ်​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။
25သို့​သော်​လည်း သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ချက်​မ​ဖြောင့်​ဟု ဆို​ကြ​သည်​တ​ကား။ အို ဣ​သ​ရေ​လ​အ​မျိုး၊ ငါ​စီ​ရင်​ချက်​သည် ဖြောင့်၍၊ သင်​တို့​စီ​ရင်​ချက် ကောက်​သည်​မ​ဟုတ်​လော။ 26တ​ရား​သော​သူ​သည် တ​ရား​သော​အ​မှု​ကို​ပယ်၍ အ​ဓ​မ္မ​အ​မှု​ကို​ပြု​လျှင်၊ ထို​အ​မှု​ကြောင့် သေ​ရ​မည်။ ပြု​မိ​သော​အ​ဓ​မ္မ​အ​မှု​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။ 27ထို​အ​တူ၊ မ​တ​ရား​သော​သူ​သည် မိ​မိ​ပြု​မိ​သော အ​ဓ​မ္မ​အ​မှု​ကို​ရှောင်၍၊ တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော အ​မှု​ကို​ပြု​လျှင်၊ မိ​မိ​အ​သက်​ကို ကယ်​နုတ်​ရ​လိမ့်​မည်။ 28ပြု​မိ​သ​မျှ​သော အ​ဓ​မ္မ​အ​မှု​တို့​ကို ဆင်​ခြင်၍ ရှောင်​သော​ကြောင့်၊ သေ​ခြင်း​နှင့်​လွတ်၍ စင်​စစ်​အ​သက်​ရှင်​ရ​လိမ့်​မည်။ 29သို့​သော်​လည်း ဣ​သ​ရေ​လ​အ​မျိုး​က၊ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ချက်​မ​ဖြောင့်​ဟု ဆို​ကြ​သည်​တ​ကား။ အို ဣ​သ​ရေ​လ​အ​မျိုး၊ ငါ​စီ​ရင်​ချက်​သည် ဖြောင့်၍၊ သင်​တို့​စီ​ရင်​ချက် ကောက်​သည် မ​ဟုတ်​လော။ 30သို့​ဖြစ်၍၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့ အ​သီး​အ​သီး​ကျင့်​ကြ​သည်​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို ငါ​စီ​ရင်​မည်။ သင်​တို့​သည် အ​ဓ​မ္မ​အ​မှု​ရှိ​သ​မျှ​တို့​ကို စွန့်​ပစ်၍ ပြောင်း​လဲ​ကြ​လော့။ ပြောင်း​လဲ​ကြ​လော့။ ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် ထိ​မိ၍ ဆုံး​ခြင်း​သို့​မ​ရောက်​ကြ​နှင့်။ 31သင်​တို့​သည် ပြု​သ​မျှ​သော လွန်​ကျူး​ခြင်း​အ​မှု​တို့​ကို​စွန့်​ပစ်၍ အ​သစ်​သော​နှ​လုံး၊ အ​သစ်​သော​စိတ်​သ​ဘော​ကို ပြင်​ဆင်​ကြ​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​သည် အ​ဘယ်​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​လို​သ​နည်း။ 32အ​သေ​ခံ​ရ​သော​သူ၏​အ​သေ​ခံ​ခြင်း​အ​မှု၌ ငါ​သည်​ပျော်​မွေ့​ခြင်း​မ​ရှိ။ ထို​ကြောင့်၊ ပြောင်း​လဲ၍ အ​သက်​ရှင်​ကြ​လော့​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 18: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။