YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 9:3-4

ထွက်မြောက်ရာ 9:3-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​လက်​တော်​သည် လယ်​၌​ရှိ​သည့် မြင်း​များ​၊ မြည်း​များ​၊ ကုလားအုတ်​များ​၊ နွား​များ​၊ သိုးဆိတ်​များ စသည့် သင်​တို့​၏​တိရစ္ဆာန်​များ​အပေါ် အလွန်​ဆိုးရွား​သော​ကပ်ရောဂါ​ဘေး ကျရောက်​စေ​မည်​။ သို့သော် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​၏​တိရစ္ဆာန်​များ​နှင့် အီဂျစ်​လူမျိုး​တို့​၏​တိရစ္ဆာန်​များ​ကို သီးသန့်ခွဲ​ထား​သဖြင့် အစ္စရေး​အမျိုးသား​တို့​ပိုင်​သော​တိရစ္ဆာန်​တစ်ကောင်မျှ​မ​သေ​ရ​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု သူ့​အား ဆင့်ဆို​ရ​မည်​။