YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 9:1-3

ထွက်မြောက်ရာ 9:1-3 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​ဖာရော​မင်းကြီး​ထံသို့​ဝင်​၍ ဟေဗြဲ​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​က ‘​ငါ​၏​လူမျိုး​တော်​သည် ငါ့​အား​ဝတ်ပြု​ရန် သူ​တို့​ကို​လွှတ်​လော့​။ သူ​တို့​ကို​မ​လွှတ်​ဘဲ သင်​ငြင်းဆန်​နေ​မည်​၊ ဆက်၍​ချုပ်ကိုင်​ထား​မည်​ဆိုလျှင် ထာဝရဘုရား​လက်​တော်​သည် လယ်​၌​ရှိ​သည့် မြင်း​များ​၊ မြည်း​များ​၊ ကုလားအုတ်​များ​၊ နွား​များ​၊ သိုးဆိတ်​များ စသည့် သင်​တို့​၏​တိရစ္ဆာန်​များ​အပေါ် အလွန်​ဆိုးရွား​သော​ကပ်ရောဂါ​ဘေး ကျရောက်​စေ​မည်​။