YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 35:30-35

ထွက်မြောက်ရာ 35:30-35 Judson Bible (JBMLE)

တစ်​ဖန်​မော​ရှေ​က၊ နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​အ​မျိုး​သား​ဟု​ရ၏​သား​ဖြစ်​သော ဥ​ရိ၏​သား​ဗေ​ဇ​လေ​လ​ကို​အ​မည်​ဖြင့် ခန့်​ထား​တော်​မူ​ပြီ။ သူ​သည် ရွှေ​ငွေ​ကြေး​ဝါ​ကို​လုပ်​သော​အ​တတ်၊ ကျောက်​ကို​သွေး၍​စီ​သော​အ​တတ်၊ သစ်​သား​ကို ထု​လုပ်​သော​အ​တတ်​နှင့် အ​မျိုး​မျိုး​သော​အ​လုပ်​ကို ထူး​ဆန်း​စွာ​လုပ်​တတ်​မည်​အ​ကြောင်း၊ ဉာဏ်​ပ​ညာ​နှင့်​တ​ကွ သိ​ပ္ပံ​အ​တတ်​အ​မျိုး​မျိုး​ကို​ပေး၍၊ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​စေ​တော်​မူ​ပြီ။ သူ​နှင့် ဒန်​အ​မျိုး​သား​အ​ဟိ​သ​မက်၏​သား​အ​ဟော​လျ​ဘ​သည်၊ သူ​တ​ပါး​အား အ​တတ်​သင်​ပေး​နိုင်​မည်​အ​ကြောင်း၊ ဉာဏ်​ကို​ပေး​တော်​မူ​ပြီ။ ထို​သူ​တို့​သည် ထု​လုပ်​တတ်​သော​သူ၏​အ​လုပ်၊ ဆန်း​ပြား​သော​လက်​သ​မား၏ အ​လုပ်၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ကို ချယ်​လှယ်​တတ်​သော​သူ၏​အ​လုပ်၊ ရက်​တတ်​သော​သူ၏​အ​လုပ်၊ အ​နည်း​နည်း လုပ်​တတ်​သော​သူ၏​အ​လုပ်​၊ ထူးဆန်းစွာကြံစည်တတ်သောသူ၏အလုပ်အ​မျိုး​မျိုး​ရှိ​သ​မျှ​တို့​ကို လုပ်​တတ်​မည်​အ​ကြောင်း၊ ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​တော်​မူ​ပြီ။

ထွက်မြောက်ရာ 35:30-35 Common Language Bible (BCL)

မော​ရှေ​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား``ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​အ​နွယ် ဟု​ရ​၏​မိ​သား​စု​မှ ဥ​ရိ​၏​သား​ဗေ​ဇ လေ​လ​ကို​ရွေး​ချယ်​ထား​တော်​မူ​၏။- သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​တန်​ခိုး​ကို ခံ​ယူ​ရ​ရှိ​သ​ဖြင့်၊ ရွှေ၊ ငွေ၊ ကြေး​ဝါ​တို့​ကို​ပုံ အ​မျိုး​မျိုး​ဖော်​လုပ်​နိုင်​သော​ပ​ညာ၊- ကျောက်​မျက်​ကို​သွေး​၍​စီ​ချယ်​သော​အ​တတ်၊ သစ်​သား​ပန်း​ပု​ထု​သော​အ​တတ်​အ​စ​ရှိ သည့်​အ​နု​ပ​ညာ​အ​တတ်​အ​မျိုး​မျိုး​ကို တတ်​ကျွမ်း​နား​လည်​နိုင်​စွမ်း​ရှိ​ပေ​သည်။- ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​လည်း​ကောင်း၊ ဒန်​အ​နွယ်​မှ​အ​ဟိ​သ​မက်​၏​သား​အ​ဟော လျ​ဘ​အား​လည်း​ကောင်း၊ မိ​မိ​တို့​၏​အ​တတ် ပ​ညာ​ကို​အ​ခြား​သူ​တို့​အား​သင်​ပေး​နိုင် စွမ်း​ပေး​ထား​တော်​မူ​၏။- သူ​တို့​အား​ပန်း​ပု​အ​တတ်၊ ပုံ​စံ​ထုတ်​သော အ​တတ်၊ အ​ပြာ​ရောင်၊ ခရမ်း​ရောင်၊ အ​နီ​ရောင် သိုး​မွေး၊ ပိတ်​ချော​နှင့်​အ​ခြား​အ​ထည်​တို့ ကို​ယက်​လုပ်​သည့်​အ​တတ်​ပ​ညာ​အ​မျိုး​မျိုး ကို​ပေး​တော်​မူ​၏။ သူ​တို့​သည်​အ​တတ်​ပ​ညာ အ​မျိုး​မျိုး​တို့​တွင်​ထူး​ချွန်​၍ ပုံ​စံ​ထုတ် ရာ​တွင်​ပြောင်​မြောက်​သူ​များ​ဖြစ်​ကြ​၏။

ထွက်မြောက်ရာ 35:30-35 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် မောရှေ​က အစ္စရေး​အမျိုးသား​တို့​အား “​ကြည့်​လော့​။ ထာဝရဘုရား​သည် ယုဒ​အမျိုးအနွယ်​မှ ဟုရ​၏​မြေး​၊ ဥရိ​၏​သား​ဗေဇလေလ​ကို အမည်​နှင့်တကွ​ခေါ်​တော်မူ​၏​။ သူ့​ကို ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ဉာဏ်ပညာ​နှင့်​ပြည့်ဝ​စေ​၍ တီထွင်နိုင်စွမ်း​၊ သိမြင်နိုင်စွမ်း​ရှိ​စေ​၏​။ လက်မှုအတတ်ပညာ​အမျိုးမျိုး​တို့​ကို တတ်မြောက်​စေ​၏​။ ထို့ကြောင့် သူ​သည် ရွှေ​၊ ငွေ​၊ ကြေးနီ​သွန်းလုပ်​ရာ​တွင်​လည်း အနုပညာလက်ရာ​မြောက်​စွာ သွန်းလုပ်​နိုင်​၏​။ ကျောက်​ကို​ထုဆစ်ပုံဖော်​ခြင်း​၊ သစ်သား​ကို​ထွင်းထုပုံဖော်​ခြင်း​စသော လက်မှုအတတ်ပညာ​အမျိုးမျိုး​တို့​ကို​လည်း တတ်မြောက်​၏​။ ဗေဇလေလ​နှင့် ဒန်​အမျိုးအနွယ်​မှ အဟိသမတ်​၏​သား​အဟောလျဘ​တို့​အား သင်ကြား​ပေး​နိုင်​သည့်​စွမ်းရည်​ကို ပေး​တော်မူ​၏​။ သူ​တို့​အား ဉာဏ်ပညာ​နှင့်​ပြည့်ဝ​စေ​တော်မူ​သဖြင့် သူ​တို့​သည် လက်မှုအတတ်ပညာ​၊ ပုံဖော်ဖန်တီး​ခြင်း​အတတ်ပညာ​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်ချည် တို့​ဖြင့် ပိတ်ချောထည်​ပေါ်တွင် ပန်းထိုး​ခြင်း​အတတ်ပညာ​၊ အထည်​ရက်လုပ်​ခြင်း​အတတ်ပညာ​စသော အတတ်ပညာ​အမျိုးမျိုး​ကို တတ်ကျွမ်း​၏​။ သူ​တို့​သည် လက်မှုအတတ်ပညာ​အမျိုးမျိုး​လုပ်​တတ်​သော​သူ​၊ ပုံဖော်ဖန်တီး​တတ်​သော​သူ​ဖြစ်​ကြ​၏​။