YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 35:30-35

ထွက်မြောက်ရာကျမ်း 35:30-35 MSBU

တစ်ဖန် မောရှေ​က အစ္စရေး​အမျိုးသား​တို့​အား “​ကြည့်​လော့​။ ထာဝရဘုရား​သည် ယုဒ​အမျိုးအနွယ်​မှ ဟုရ​၏​မြေး​၊ ဥရိ​၏​သား​ဗေဇလေလ​ကို အမည်​နှင့်တကွ​ခေါ်​တော်မူ​၏​။ သူ့​ကို ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ဉာဏ်ပညာ​နှင့်​ပြည့်ဝ​စေ​၍ တီထွင်နိုင်စွမ်း​၊ သိမြင်နိုင်စွမ်း​ရှိ​စေ​၏​။ လက်မှုအတတ်ပညာ​အမျိုးမျိုး​တို့​ကို တတ်မြောက်​စေ​၏​။ ထို့ကြောင့် သူ​သည် ရွှေ​၊ ငွေ​၊ ကြေးနီ​သွန်းလုပ်​ရာ​တွင်​လည်း အနုပညာလက်ရာ​မြောက်​စွာ သွန်းလုပ်​နိုင်​၏​။ ကျောက်​ကို​ထုဆစ်ပုံဖော်​ခြင်း​၊ သစ်သား​ကို​ထွင်းထုပုံဖော်​ခြင်း​စသော လက်မှုအတတ်ပညာ​အမျိုးမျိုး​တို့​ကို​လည်း တတ်မြောက်​၏​။ ဗေဇလေလ​နှင့် ဒန်​အမျိုးအနွယ်​မှ အဟိသမတ်​၏​သား​အဟောလျဘ​တို့​အား သင်ကြား​ပေး​နိုင်​သည့်​စွမ်းရည်​ကို ပေး​တော်မူ​၏​။ သူ​တို့​အား ဉာဏ်ပညာ​နှင့်​ပြည့်ဝ​စေ​တော်မူ​သဖြင့် သူ​တို့​သည် လက်မှုအတတ်ပညာ​၊ ပုံဖော်ဖန်တီး​ခြင်း​အတတ်ပညာ​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်ချည် တို့​ဖြင့် ပိတ်ချောထည်​ပေါ်တွင် ပန်းထိုး​ခြင်း​အတတ်ပညာ​၊ အထည်​ရက်လုပ်​ခြင်း​အတတ်ပညာ​စသော အတတ်ပညာ​အမျိုးမျိုး​ကို တတ်ကျွမ်း​၏​။ သူ​တို့​သည် လက်မှုအတတ်ပညာ​အမျိုးမျိုး​လုပ်​တတ်​သော​သူ​၊ ပုံဖော်ဖန်တီး​တတ်​သော​သူ​ဖြစ်​ကြ​၏​။