YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 34:1-9

ထွက်မြောက်ရာ 34:1-9 Judson Bible (JBMLE)

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ အ​ရင်​ကျောက်​ပြား​နှစ်​ပြား​နှင့်​တူ​အောင် ကျောက်​ပြား​နှစ်​ပြား​ကို​ခုတ်​လော့။ သင်​ချိုး​ဖဲ့​သော အ​ရင်​ကျောက်​ပြား၌ စ​ကား​ပါ​သည်​အ​တိုင်း နောက်​ကျောက်​ပြား​ပေါ်​မှာ ငါ​ရေး​ထား​မည်။ နက်​ဖြန်​နံ​နက် သင်​သည်​အ​သင့်​နေ​လျက်၊ သိ​နာ​တောင်​ပေါ်​သို့​တက်၍ တောင်​ထိပ်၌ ငါ့​ရှေ့​မှာ​ကိုယ်​ကို​ပြ​လော့။ သင်​နှင့်​အ​တူ အ​ဘယ်​သူ​မျှ​မ​တက်​ရ။ တောင်​တစ်​ပြင်​လုံး၌ လူ​ကို မ​ထင်​ရှား​စေ​နှင့်။ တောင်​ခြေ​ရင်း၌ သိုး​နွား​တို့​ကို ကျက်​စား​ရာ​မ​ပြု​စေ​နှင့်​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ အ​ရင်​ကျောက်​ပြား​နှင့်​တူ​အောင် ကျောက်​ပြား​နှစ်​ပြား​ကို​ခုတ်​ပြီး​မှ၊ မော​ရှေ​သည် နံ​နက်​စော​စော​ထ၍ ထို​ကျောက်​ပြား​နှစ်​ပြား​ကို​ကိုင်​လျက်၊ သိ​နာ​တောင်​ပေါ်​သို့ တက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​တိမ်​ဖြင့်​ဆင်း​သက်၍၊ ထို​အ​ရပ်၌ မော​ရှေ​အ​နား​မှာ​ရပ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ကြွေး​ကြော်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ရှေ့၌​ကြွ​သွား​တော်​မူ​လျက်၊ ထာ​ဝ​ရ​ဘု​ရား၊ ထာ​ဝ​ရ​ဘု​ရား၊ ချစ်​သ​နား​ခြင်း​မေ​တ္တာ​က​ရု​ဏာ​နှင့် ပြည့်​စုံ၍ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့် ကြွယ်​ဝ​တော်​မူ​ထ​သော၊ အ​ထောင်​အ​သောင်း​များ​သော​သူ​တို့​အား သ​နား​ခြင်း​ကျေး​ဇူး​တ​ရား​ကို စောင့်​တော်​မူ​ထ​သော၊ အ​ဓ​မ္မ​ကျင့်​ခြင်း၊ တ​ရား​တော်​ကို​လွန်​ကျူး​ခြင်း၊ ပြစ်​မှား​ခြင်း​အ​ပြစ်​တို့​ကို ဖြေ​လွှတ်​သော်​လည်း၊ အ​ချည်း​နှီး​သက်​သက် ဖြေ​လွှတ်​တော်​မ​မူ​ထ​သော၊ သား​စဉ်​မြေး​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့၌​ဆပ်​ပေး​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ဟု ကြွေး​ကြော်​တော်​မူ၏။ မော​ရှေ​သည် အ​လျင်​အ​မြန်​ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​လျက်၊ အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌​မျက်​နှာ​ရ​လျှင်၊ အ​ကျွန်ုပ်​အ​ရှင်​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ကြွ​တော်​မူ​ပါ​စေ​သော၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ ဤ​လူ​မျိုး​သည် လည်​ပင်း​ခိုင်​မာ​သော​အ​မျိုး ဖြစ်​သော်​လည်း၊ အ​ကျွန်ုပ်​တို့​ပြစ်​မှား​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​များ​ကို​လွှတ်၍ အ​ကျွန်ုပ်​တို့​ကို ကိုယ်​တော်​အ​မွေ​ဥ​စ္စာ​ဖို့ သိမ်း​ယူ​တော်​မူ​ပါ​ဟု​လျှောက်​လျှင်၊

ထွက်မြောက်ရာ 34:1-9 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ပ​ထ​မ ကျောက်​ပြား​များ​နှင့်​တူ​သော​ကျောက်​ပြား နှစ်​ချပ်​ကို​ဆစ်​လော့။ သင့်​ကြောင့်​ကျိုး​သွား သော​ယ​ခင်​ကျောက်​ပြား​များ​ပေါ်​တွင် ရေး ထိုး​ခဲ့​သည့်​ကမ္ပည်း​စာ​အ​တိုင်း​ငါ​သည်​ဤ ကျောက်​ပြား​များ​ပေါ်​၌​ရေး​ထိုး​မည်။- နက်​ဖြန်​နံ​နက်​တွင်​ငါ​နှင့်​တွေ့​ဆုံ​ရန် သိ​နာ​တောင်​ထိပ်​ပေါ်​သို့​တက်​လာ​လော့။- သင်​နှင့်​အ​တူ​မည်​သူ​မျှ​တောင်​ပေါ်​သို့ မ​တက်​ရ။ တစ်​တောင်​လုံး​တွင်​လူ​မ​ရှိ​စေ ရ။ တောင်​ခြေ​၌​သိုး​နွား​များ​ကို​မ ကျောင်း​ရ'' ဟု​မိန့်​တော်​မူ​၏။- ထို့​ကြောင့်​မော​ရှေ​သည်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည့်​အ​တိုင်း ကျောက်​ပြား​နှစ်​ချပ်​ကို ဆစ်​ပြီး​လျှင်၊ နောက်​တစ်​နေ့​နံ​နက်​စော​စော တွင်၊ ကျောက်​ပြား​များ​ကို​ကိုင်​ဆောင်​လျက် သိ​နာ​တောင်​ပေါ်​သို့​တက်​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုက်​ဖြင့်​ကြွ ဆင်း​လာ​၍၊ မော​ရှေ​အ​နီး​တွင်​ရပ်​လျက် ထာ​ဝ​ရ​ဘု​ရား​ဟူ​သော​နာ​မ​တော်​ကို ထုတ်​ဖော်​မြွက်​ကြား​တော်​မူ​၏။- ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ရှေ့ တွင်​ဖြတ်​ကြွ​သွား​လျက်``ငါ​ထာ​ဝရ​ဘု​ရား သည်​သ​နား​က​ရု​ဏာ​နှင့်​ပြည့်​စုံ​သော​ဘု​ရား၊ စိတ်​ရှည်​၍​ကျေး​ဇူး​က​ရု​ဏာ​နှင့်​ကြွယ်​ဝ သော​ဘု​ရား၊ သစ္စာ​တည်​သော​ဘု​ရား​ဖြစ်​၏။- ငါ​သည်​ထောင်​သောင်း​မ​က​များ​ပြား​သော အ​မျိုး​အ​စဉ်​အ​ဆက်​တို့​အား ငါ​၏​က​တိ သစ္စာ​ကို​တည်​စေ​မည်။ ငါ​သည်​ဒု​စ​ရိုက်​နှင့် အ​ပြစ်​တို့​အ​တွက်​လူ​တို့​အား​အ​ပြစ်​လွှတ် မည်။ သို့​ရာ​တွင်​မိ​ဘ​တို့​၏​အ​ပြစ်​ကို​သား စဉ်​မြေး​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တုတ္ထ အ​ဆက်​သို့​တိုင်​အောင်​ငါ​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည်​ချက်​ချင်း​ဦး​ညွှတ်​ရှိ​ခိုး​လျက်၊- ``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ် အား​အ​ကယ်​ပင်​နှစ်​သက်​ပါ​လျှင်​အ​ကျွန်ုပ် တို့​နှင့်​အ​တူ​ကြွ​သွား​တော်​မူ​ပါ။ ဤ​လူ​တို့ သည်​ခေါင်း​မာ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့ ၏​ဒု​စ​ရိုက်​အ​ပြစ်​ကို​လွှတ်​လျက် အ​ကျွန်ုပ်​တို့ အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ်​လက် ခံ​တော်​မူ​ပါ'' ဟု​လျှောက်​ထား​လေ​၏။

ထွက်မြောက်ရာ 34:1-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ယခင်​ကျောက်ပြား​တို့​နှင့်တူသော​ကျောက်ပြား​နှစ်​ချပ်​ကို သင်​ထုဆစ်​လော့​။ သင်​ချိုးဖျက်​လိုက်​သော ယခင်​ကျောက်ပြား​တို့​၌​ပါ​သည့် နှုတ်ကပတ်တော်​အတိုင်း ထို​ကျောက်ပြား​တို့​ပေါ်၌ ငါ​အက္ခရာတင်​ထား​မည်​။ နံနက်စောစော အဆင်သင့်​ပြင်​၍ သိနာ​တောင်​ပေါ်သို့ တက်လာ​လော့​။ ထို​တောင်​ထိပ်​တွင် ငါ့​ကို​လာ​ဖူးမြင်​လော့​။ သင်​နှင့်အတူ မည်သူ​တစ်ဦးတစ်ယောက်​မျှ တက်​မ​လာ​ရ​။ တောင်​တစ်တောင်လုံး​၌ မည်သူ​တစ်ဦးတစ်ယောက်​ကို​မျှ မ​တွေ့​ရ​စေ​နှင့်​။ သိုးအုပ်​၊ နွားအုပ်​တို့​ကို​လည်း ဤ​တောင်​အရှေ့ဘက်​၌ မ​ထိန်းကျောင်း​ရ​”​ဟု မိန့်​တော်မူ​၏​။ သို့ဖြစ်၍ မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ယခင်​ကျောက်ပြား​တို့​နှင့်တူသော ကျောက်ပြား​နှစ်​ချပ်​ကို​ထုဆစ်​ပြီး နံနက်​စောစောထ​၍ သိနာ​တောင်​ပေါ်သို့​တက်သွား​၏​။ သူ​၏​လက်​ထဲ၌​လည်း ကျောက်ပြား​နှစ်​ချပ်​ကို ယူဆောင်​သွား​၏​။ ထိုအခါ ထာဝရဘုရား​သည် မိုးတိမ်​ဖြင့် ဆင်းသက်​တော်မူ​၍ ထို​အရပ်​၌ သူ​နှင့်အတူ​ရပ်​လျက် ထာဝရဘုရား​ဟူသော​နာမ​တော်​ကို ထုတ်ဖော်​ပြသ​တော်မူ​၏​။ ထာဝရဘုရား​သည် သူ့​ရှေ့​မှ​ဖြတ်သွား​၍ “​ထာဝရဘုရား​၊ ထာဝရဘုရား​သည် သနားစုံမက်​တတ်​သော​ဘုရား​၊ ကျေးဇူးပြု​တတ်​သော​ဘုရား​၊ စိတ်ရှည်​သော​ဘုရား​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​ဘုရား​၊ သစ္စာတည်​သော​ဘုရား​ဖြစ်​၏​။ မျိုးဆက်​အထောင်​အသောင်း​တို့​အား မေတ္တာကရုဏာ​ထား​၍ ကျူးလွန်​သော​ဒုစရိုက်​အပြစ်​တို့​ကို​ခွင့်လွှတ်​သော်လည်း အပြစ်ဒဏ်​မ​ခတ်​ဘဲ​မ​နေ​။ ဖခင်​တို့​၏​အပြစ်​ကို သား​မြေး​တို့​အပေါ် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် အပြစ်ဒဏ်​ကျရောက်​စေ​သော​ဘုရား​ဖြစ်​သည်​”​ဟု မြွက်ဆို​တော်မူ​၏​။ ထိုအခါ မောရှေ​သည် မြေ​ပေါ်သို့ အလျင်အမြန်​ဦးညွှတ်​၍ ရှိခိုးကိုးကွယ်​လျက် “​အို ဘုရားရှင်​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​လျှင် အကျွန်ုပ်​တို့​နှင့်အတူ ဘုရားရှင်​ကြွ​တော်မူ​ပါ​။ အကယ်စင်စစ် ဤ​သူ​တို့​သည် ခေါင်းမာ​သော​လူမျိုး​ဖြစ်​ပါ​၏​။ သို့သော် အကျွန်ုပ်​တို့​၏​ဒုစရိုက်​အပြစ်​တို့​ကို ဖြေလွှတ်​လျက် အကျွန်ုပ်​တို့​ကို အမွေ​တော်​အဖြစ်​သိမ်းယူ​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။