YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 33:7-19

ထွက်မြောက်ရာ 33:7-19 Judson Bible (JBMLE)

မော​ရှေ​သည် တဲ​တော်​ကို​ယူ၍ တပ်​ပြင်၌​ခပ်​ဝေး​ဝေး​ဆောက်​ပြီး​လျှင်၊ ပ​ရိ​သတ် စည်း​ဝေး​ရာ​တဲ​ဟူ၍ ခေါ်​ဝေါ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည် တပ်​ပြင်၌​ရှိ​သော ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ ထွက်​သွား​ကြ၏။ မော​ရှေ​သည်​တဲ​တော်​သို့ ထွက်​သွား​သော​အ​ခါ၊ လူ​အ​ပေါင်း​တို့​သည်​ထ၍ အ​သီး​အ​သီး မိ​မိ​တို့​တဲ​တံ​ခါး​ဝ၌​ရပ်​လျက် တဲ​တော်​အ​ထဲ​သို့ မော​ရှေ​ဝင်​သည် တိုင်​အောင် ကြည့်​ရှု​လျက်​နေ​ကြ၏။ မော​ရှေ​သည် တဲ​တော်​အ​ထဲ​သို့​ဝင်​ပြီး​မှ၊ မိုး​တိမ်​တိုင်​ဆင်း​သက်၍ တဲ​တော်​တံ​ခါး​ဝ၌​ရပ်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် နှုတ်​ဆက်​တော်​မူ၏။ တဲ​တော်​တံ​ခါး​ဝ၌ မိုး​တိမ်​တိုင်​ရပ်​နေ​သည်​ကို​မြင်​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ထ၍ အ​သီး​အ​သီး မိ​မိ​တို့​တဲ​တံ​ခါး​ဝ၌ ကိုး​ကွယ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဆွေ​ခင်​ပွန်း​ချင်း​ကို နှုတ်​ဆက်​တတ်​သည်​နည်း​တူ၊ မော​ရှေ​နှင့် မျက်​နှာ​ချင်း​ဆိုင်၍ နှုတ်​ဆက်​တော်​မူ၏။ မော​ရှေ​သည် တပ်​ထဲ​သို့ ပြန်​ဝင်​သော​အ​ခါ သူ၏​လက်​ထောက်​နုန်၏​သား ယော​ရှု​မည်​သော​လု​လင်​သည်၊ တဲ​တော်​မှ​မ​ထွက်​ဘဲ​နေ၏။ မော​ရှေ​က​လည်း၊ ဤ​လူ​တို့​ကို​ပို့​ဆောင်​လော့​ဟု ကိုယ်​တော်​မိန့်​တော်​မူ​သည်​တွင် အ​ကျွန်ုပ်​နှင့်​အ​တူ အ​ဘယ်​သူ​ကို စေ​လွှတ်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​မ​သိ​ရ။ သို့​သော်​လည်း ကိုယ်​တော်​က သင့်​ကို​သင်၏​နာ​မ​ဖြင့်​ငါ​သိ၏။ သင်​သည် ငါ့​ရှေ့၌​မျက်​နှာ​ရ​ပြီ​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​ပြီ။ သို့​ဖြစ်၍ အ​ကျွန်ုပ်​သည်​ရှေ့​တော်၌ မျက်​နှာ​ရ​လျှင်၊ မျက်​နှာ​ရ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏​လမ်း​ကို ပြ​တော်​မူ​ပါ။ ဤ​လူ​မျိုး​သည် ကိုယ်​တော်၏​လူ​ဖြစ်​ကြောင်း​ကို ဆင်​ခြင်​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို၏။ ငါ​ကိုယ်​တိုင်​သွား၍ ငြိမ်​ဝပ်​ခြင်း​ချမ်း​သာ​ကို​ပေး​မည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန်​မော​ရှေ​က၊ ကိုယ်​တော်​တိုင်​မ​သွား​လျှင် အ​ကျွန်ုပ်​တို့​ကို ဤ​အ​ရပ်​မှ ပို့​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် ရှေ့​တော်၌​မျက်​နှာ​ရ​သော​အ​ကြောင်း​သည် အ​ဘယ်​သို့​ထင်​ရှား​ပါ​မည်​နည်း။ အ​ကျွန်ုပ်​တို့​နှင့် ကြွ​သွား​တော်​မူ​သော​အား​ဖြင့်​သာ ထင်​ရှား​ပါ​မည်​မ​ဟုတ်​လော။ ထို​သို့ အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော​လူ​တို့​နှင့် ခြား​နား​ရ​ပါ​မည်​ဟု လျှောက်​ဆို​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​လျှောက်​သည်​အ​တိုင်း ငါ​ပြု​မည်။ သင်​သည် ငါ့​ရှေ့၌ မျက်​နှာ​ရ​ပြီ။ သင့်​ကို သင်၏​နာ​မ​ဖြင့်​ငါ​သိ၏​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ တစ်​ဖန်​တုံ၊ ကိုယ်​တော်၏​ဘုန်း​ကို အ​ကျွန်ုပ်​အား​ပြ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က ငါ၏​ကောင်း​မွန်​ခြင်း​ရှိ​သ​မျှ​ကို သင့်​ရှေ့၌ ငါ​လျှောက်​သွား​စေ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို​လည်း၊ သင့်​ရှေ့၌ ငါ​ကြွေး​ကြော်​မည်။ ငါ​သည် ကျေး​ဇူး​ပြု​လို​သော​သူ​ကို ကျေး​ဇူး​ပြု​မည်။ သ​နား​လို​သော​သူ​ကို​လည်း သ​နား​မည်။

ထွက်မြောက်ရာ 33:7-19 Common Language Bible (BCL)

ဣ​သ​ရေ​လ​အ​မျိုး​သား​များ​စ​ခန်း​ချ သည့်​အ​ခါ​တိုင်း၊ မော​ရှေ​သည်​တဲ​တော်​ကို စ​ခန်း​အ​ပြင်​ဘက်​ခပ်​လှမ်း​လှမ်း​အ​ကွာ နေ​ရာ​တွင်​ဆောက်​လေ့​ရှိ​၏။ တဲ​တော်​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် ဟူ​၍​နာ​မည်​မှည့်​ခေါ်​၏။ ထာ​ဝ​ရ​ဘု​ရား ၏​အ​လို​တော်​ကို​သိ​လို​သူ​သည် ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​သို့​သွား ရ​သည်။- တဲ​တော်​သို့​မော​ရှေ​သွား​သည့်​အ​ခါ​တိုင်း၊ လူ​များ​သည် မိ​မိ​တို့​တဲ​ရှေ့​တွင်​ရပ်​လျက်၊ မော​ရှေ​တဲ​တော်​သို့​ဝင်​သွား​သည့်​အ​ထိ စောင့်​ကြည့်​လေ့​ရှိ​ကြ​၏။- မော​ရှေ​တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ၊ မိုး တိမ်​တိုက်​သည်​ဆင်း​သက်​လာ​၍၊ တဲ​ဝ​တွင် ရပ်​တန့်​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် တိမ်​တိုက်​ထဲ​မှ​မော​ရှေ​အား​မိန့်​ကြား တော်​မူ​၏။- လူ​အ​ပေါင်း​တို့​သည်၊ တဲ​တော်​ဝ​၌​တိမ် တိုက်​ကို​မြင်​ရ​လျှင်၊ ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။- မိတ်​ဆွေ​ချင်း​စ​ကား​ပြော​သ​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​သည် မော​ရှေ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​စ​ကား ပြော​တော်​မူ​၏။ ထို​နောက်​မော​ရှေ​သည်​စ​ခန်း သို့​ပြန်​လာ​၏။ သို့​သော်​သူ​၏​လက်​ထောက်​ဖြစ် သူ၊ နုန်​၏​သား၊ လူ​ငယ်​ယော​ရှု​သည်၊ တဲ​တော် တွင်း​၌​နေ​ရစ်​လေ​၏။ မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား သည်​မှာ``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို၊ ဤ​သူ တို့​အား ထို​သို့​ပို့​ဆောင်​ရန်​မိန့်​တော်​မူ​ပြီ။ သို့​ရာ​တွင်​အ​ကျွန်ုပ်​နှင့်​အ​တူ​မည်​သူ့​ကို စေ​လွှတ်​မည်​ဟူ​၍​မ​မိန့်​ကြား​ခဲ့​ပါ။ ကိုယ်​တော် က`သင့်​ကို​ရင်း​နှီး​စွာ​ငါ​သိ​၏။ သင့်​အား နှစ်​သက်​၏' ဟု​မိန့်​တော်​မူ​ပါ​သည်။- ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​နှစ်​သက်​တော် မူ​ပါ​လျှင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​၍၊ စိတ်​တော်​နှင့်​တွေ့​နိုင်​စေ ရန်၊ ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​များ​ကို ဖော်​ပြ​တော်​မူ​ပါ။ ဤ​လူ​မျိုး​သည်​ကိုယ်​တော် ရွေး​ချယ်​ထား​သော​လူ​မျိုး​တော်​ဖြစ်​ကြောင်း ကို​လည်း​သ​တိ​ရ​တော်​မူ​ပါ။'' ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင် နှင့်​အ​တူ​ကြွ​သွား​၍၊ သင့်​အား​အောင်​မြင် ခွင့်​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​က``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ ကြွ​သွား​တော်​မ​မူ​လျှင်၊ အ​ကျွန်ုပ်​တို့​အား ဤ​အ​ရပ်​မှ​မ​ထွက်​ခွာ​စေ​တော်​မူ​ပါ​နှင့်။- ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ကြွ သွား​တော်​မ​မူ​ပါ​လျှင်၊ ကိုယ်​တော်​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်​နှင့်​အ​ကျွန်ုပ်​အား​နှစ် သက်​ကြောင်း​မည်​သို့​သိ​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​ခြင်း ဖြင့်၊ အ​ကျွန်ုပ်​တို့​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး တ​ကာ​တို့​နှင့်​ခြား​နား​ကြောင်း​ကို​သိ​ရ ပါ​မည်'' ဟု​လျှောက်​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ငါ​သည် သင့်​ကို​ရင်း​နှီး​စွာ​သိ​၍​နှစ်​သက်​သ​ဖြင့်၊ သင်​တောင်း​လျှောက်​သည့်​အ​တိုင်း​ငါ​ပြု မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​မော​ရှေ​က``ကိုယ်​တော်​၏​တောက်​ပ သော​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ခွင့်​ပေး တော်​မူ​ပါ'' ဟု​တောင်း​ပန်​လျှောက်​ထား​၏။ ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​ဂုဏ်​အ​သ​ရေ တော်​ရှိ​သ​မျှ​ကို​သင့်​အား​ပြ​သ​၍၊ ငါ​၏ နာ​မ​တော်​ကို​လည်း​သင့်​အား​ကြေ​ညာ မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ငါ သ​နား​ကြင်​နာ​လို​သူ​အား​သ​နား​ကြင် နာ​မည်။ ငါ​ကျေး​ဇူး​ပြု​လို​သူ​အား ကျေး​ဇူး​ပြု​မည်။

ထွက်မြောက်ရာ 33:7-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မောရှေ​သည် တဲ​တော်​ကို ယူ​ပြီးလျှင် တပ်စခန်း​အပြင်ဘက်​၊ တပ်စခန်း​နှင့်​ခပ်ဝေးဝေး​၌ တဲ​တော်​ကို​ထိုး​၍ ၎င်း​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော် ဟု​ခေါ်ဝေါ်​၏​။ ထာဝရဘုရား​ကို ရှာ​သော​သူ​အပေါင်း​တို့​သည် တပ်စခန်း​အပြင်ဘက်​ရှိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​သို့ သွား​ကြ​၏​။ မောရှေ​သည် တဲ​တော်​သို့ သွား​သောအခါ လူ​အပေါင်း​တို့​သည်​ထ​၍ မိမိ​တို့​၏​တဲ​အဝင်ဝ​တွင် အသီးသီး​ရပ်​လျက် တဲ​တော်​ထဲသို့ မောရှေ​ဝင်သွား​သည့်​တိုင်အောင် သူ​၏​နောက်မှ ကြည့်​နေ​ကြ​၏​။ မောရှေ​သည် တဲ​တော်​ထဲသို့​ဝင်သွား​သောအခါ မိုးတိမ်​တိုင်​သည်​ဆင်းလာ​၍ တဲ​တော်​အဝင်ဝ​၌ တည်​နေ​၏​။ ထို့နောက် ထာဝရဘုရား​သည် မောရှေ​နှင့်​စကားပြော​တော်မူ​၏​။ တဲ​တော်​အဝင်ဝ​၌​တည်​နေ​သော မိုးတိမ်​တိုင်​ကို မြင်​သည်​နှင့် လူ​အပေါင်း​တို့​သည် မိမိ​တဲ​အဝင်ဝ​၌ ရှိခိုးကိုးကွယ်​ကြ​လေ​၏​။ ထာဝရဘုရား​သည် မိတ်ဆွေချင်း​စကားပြော​သကဲ့သို့ မောရှေ​နှင့် မျက်နှာချင်းဆိုင်​စကားပြော​တော်မူ​၏​။ ထို့နောက် မောရှေ​သည် တပ်စခန်း​သို့ ပြန်လာ​၏​။ သူ​၏​လက်ထောက်​လူငယ်​တစ်​ဦး​ဖြစ်​သည့် နုန်​၏​သား​ယောရှု​မူကား တဲ​တော်​ထဲမှ မ​ထွက်​ဘဲ​နေရစ်​ခဲ့​၏​။ တစ်ဖန် မောရှေ​က ထာဝရဘုရား​အား “​ကိုယ်တော်​က ‘​ဤ​လူ​တို့​ကို ထုတ်ဆောင်​လော့​’​ဟု အကျွန်ုပ်​အား မိန့်ဆို​တော်မူ​ခဲ့​သော်လည်း အကျွန်ုပ်​နှင့်အတူ​စေလွှတ်​တော်မူ​မည့်​သူ​ကို အကျွန်ုပ်​အား သိ​စေ​တော်​မ​မူ​ပါ​။ သို့သော် ကိုယ်တော်​က ‘​ငါ​သည် သင့်​ကို အမည်​နှင့်တကွ​သိ​၏​။ ငါ​သည် သင့်​ကို မျက်နှာသာ​ပေး​ပြီ​’​ဟု မိန့်​တော်မူ​ခဲ့​ပါ​၏​။ ယခု အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​ပါလျှင် အကျွန်ုပ်​အား ကိုယ်တော်​၏​လမ်းခရီး​ကို သိ​စေ​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​သည် ကိုယ်တော်​ကို​သိ​မည်​ဖြစ်၍ ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​ပါ​လိမ့်မည်​။ ဤ​လူမျိုး​သည် ကိုယ်တော်​၏​လူမျိုး​တော်​ဖြစ်​သည်​ကို ဆင်ခြင်​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။ ထိုအခါ ကိုယ်တော်​က “​ငါ​ကိုယ်တိုင်​ကြွ​မည်​။ သင့်​ကို သက်သာ​ခွင့်​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​က​လည်း “​ကိုယ်တော်တိုင် ကြွ​တော်​မ​မူ​လျှင် အကျွန်ုပ်​တို့​ကို ဤ​နေရာ​မှ သွား​စေ​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​နှင့်​ကိုယ်တော်​၏​လူမျိုး​တော်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​ကြောင်း​ကို မည်သို့​သိ​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​တို့​နှင့်အတူ ကိုယ်တော်​ကြွ​တော်မူ​သော​အားဖြင့်​သာ မ​ဟုတ်​လော​။ ဤသို့ဖြင့် အကျွန်ုပ်​နှင့်​ကိုယ်တော်​၏​လူမျိုး​တော်​သည် ကမ္ဘာမြေ​ပေါ်​ရှိ​လူ​အပေါင်း​တို့​နှင့် ကွဲပြားခြားနား​ပါ​မည်​”​ဟု ကိုယ်တော်​အား​လျှောက်​လေ​၏​။ ထာဝရဘုရား​က မောရှေ​အား “​သင်​လျှောက်​သော ဤ​စကား​အတိုင်း ငါ​ပြု​မည်​။ အကြောင်းမူကား သင်​သည် ငါ့​ရှေ့​၌​မျက်နှာရ​၍ ငါ​သည် သင့်​ကို​အမည်​နှင့်တကွ​သိ​၏​”​ဟု မိန့်​တော်မူ​၏​။ ထိုအခါ မောရှေ​က “​ကိုယ်တော်​၏​ဘုန်းအသရေ​တော်​ကို အကျွန်ုပ်​အား ပြ​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။ ထာဝရဘုရား​က​လည်း “​ငါ​၏​ကောင်းမြတ်​ခြင်း​အလုံးစုံ​တို့​ကို မျက်ဝါးထင်ထင်​သင်​မြင်​ရ​မည်​။ ထာဝရဘုရား​၏​နာမ​ကို သင့်​ရှေ့​၌ ကြေညာ​မည်​။ ငါ​ကျေးဇူးပြု​လို​သော​သူ​ကို ကျေးဇူးပြု​မည်​။ ငါ​သနား​လို​သော​သူ​ကို သနား​မည်​”​ဟု မိန့်​တော်မူ​၏​။