YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 23:1-19

ထွက်မြောက်ရာ 23:1-19 Judson Bible (JBMLE)

သင်​သည် မှား​သော​သ​တင်း​စ​ကား​ကို မ​ကြား​မ​ပြော​ရ။ မ​တ​ရား​သော​သူ​တို့​နှင့် ဝိုင်း​ညီ၍ မ​မှန်​သော​သက်​သေ​ကို​မ​ခံ​ရ။ လူ​များ​နောက်​သို့​လိုက်​၍ မ​တ​ရား​သ​ဖြင့်​မ​ပြု​ရ။ တ​ရား​တွေ့​သည်​အ​မှု​မှာ ကြီး​သော​သူ​ဘက်၌​နေ၍၊ တ​ရား​လမ်း​မှ လွဲ​စေ​ခြင်း​ငှာ​မ​ပြော​ရ။ ဆင်း​ရဲ​သော​သူ​ဘက်​၌​လည်း မ​ငဲ့​ကွက်​ရ။ သင်​သည် ရန်​သူ​၏​မြင်း​နွား လမ်း​လွဲ​သည်​ကို တွေ့​မြင်​လျှင်၊ အ​မှန်​ပြန်​ပို့​ရ​မည်။ သင့်​ကို မုန်း​သော​သူ​၏​မြည်း​သည်၊ မိ​မိ​ဆောင်​ရွက်​သော ဝန်​အောက်​မှာ လဲ​နေ​သည်​ကို တွေ့​မြင်​လျှင်၊ မ မ​စ​ဘဲ​နေ​နိုင်​သ​လော။ အ​မှန်​ဝိုင်း​ညီ၍ မ​စ​ရ​မည်။ သင်၌ ဆင်း​ရဲ​သော​သူ​သည် တ​ရား​တွေ့​သော​အ​ခါ၊ သူ့​ကို မ​တ​ရား​သ​ဖြင့်​မ​စီ​ရင်​ရ။ မ​ဟုတ်​မ​မှန်​သော​အ​မှု​ကို ရှောင်​ရ​မည်။ အ​ပြစ်​မ​ရှိ​သော​သူ၊ ဖြောင့်​မတ်​သော​သူ​ကို မ​ကွပ်​မျက်​ရ။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​မ​တ​ရား​သော​သူ​ကို အ​ပြစ်​မ​လွှတ်။ သင်​သည် တံ​စိုး​မ​စား​ရ။ တံ​စိုး​သည် ပ​ညာ​ရှိ​တို့၏​မျက်​စိ​ကို​ကွယ်​စေ၍၊ ဖြောင့်​မတ်​သော​သူ​တို့၏​စ​ကား​ကို လွဲ​စေ​တတ်၏။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ဖြစ်​သော ဧည့်​သည်​ကို မ​ညှဉ်း​ဆဲ​ရ။ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​ခဲ့​ဖူး​သော​ကြောင့်၊ ဧည့်​သည်​၏​စိတ်​သ​ဘော​ကို သိ​ကြ၏။ ခြောက်​နှစ်​ပတ်​လုံး​လယ်​လုပ်၍ အ​သီး​ကို​သိမ်း​ရ​မည်။ သ​တ္တ​မ​နှစ်​တွင် လယ်​ကို​မ​လုပ်​ဘဲ အ​လွတ်​ထား​ရ​မည်။ သို့​ပြု​လျှင် ဆင်း​ရဲ​သော​အ​မျိုး​သား​ချင်း​တို့​သည်၊ စား​ရ​သော​အ​ခွင့်​ရှိ​လိမ့်​မည်။ ကြွင်း​သော​အ​ရာ​ကို​လည်း၊ မြေ​တိ​ရ​စ္ဆာန်​တို့​သည် စား​ရ​ကြ​လိမ့်​မည်။ ထို​နည်း​တူ၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်​ကို​လည်း ပြု​ရ​မည်။ ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။ သို့​ပြု​လျှင် သင်၏​နွား​မြည်း​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သင်၏ ငယ်​သား​များ၊ ဧည့်​သည်​များ​တို့​လည်း သက်​သာ​ရ​ကြ​လိမ့်​မည်။ ငါ​ပ​ညတ်​သ​မျှ​တို့၌ သ​တိ​ပြု​ကြ​လော့။ အ​ခြား​သော​ဘု​ရား၏​နာ​မ​ကို မ​မြွက်​မ​ဆို​နှင့်။ သင်၏​နှုတ်​ထဲ​က​မြွက်​သံ​ကို သူ​တစ်​ပါး​မ​ကြား​စေ​နှင့်။ တစ်​နှစ်​တွင်​သုံး​ကြိမ် ငါ့​အ​ဖို့​ပွဲ​ခံ​ရ​မည်။ ငါ​မှာ​ထား​ခဲ့​ပြီး​သည်​အ​တိုင်း၊ အ​ဗိ​ဗ​လ ချိန်း​ချက်​သော​နေ့​ရက်​အ​ချိန်၌ အ​ဇု​မ​ပွဲ​ကို​ခံ၍၊ ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​သော​မုန့်​ကို စား​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ထို​လ​တွင် သင်​သည် အဲ​ဂု​တ္တု​ပြည်​က​ထွက်​လာ​သ​တည်း။ ထို​ပွဲ​ကို​ခံ​စဉ် ငါ့​ထံ​သို့​အ​ဘယ်​သူ​မျှ လက်​ချည်း​မ​ပေါ်​မ​လာ​ရ။ လယ်​လုပ်၍ အ​သီး​အ​နှံ​ကို​သိမ်း​စ​ရှိ​သည်​ကာ​လ၊ သိမ်း​ပွဲ​ကို​လည်း​ကောင်း၊ လယ်​လုပ်၍ အ​သီး​အ​နှံ​ကို သို​ထား​သည်​ကာ​လ၊ နှစ်​လဲ​သော​အ​ခါ၊ သို​ထား​ပွဲ​ကို​လည်း​ကောင်း ခံ​ရ​မည်။ သင်​တို့​တွင် ယောက်ျား​အ​ပေါင်း​တို့​သည်၊ တစ်​နှစ်​လျှင်​သုံး​ကြိမ် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မျက်​နှာ​ပြ​ရ​ကြ​မည်။ ငါ့​ယဇ်​ကောင်၏​အ​သွေး​ကို၊ တ​ဆေး​ပါ​သော​မုန့်​နှင့်​ရော၍ မ​ပူ​ဇော်​ရ။ ငါ့​ယဇ်​ကောင်​ဆီ​ဥ​ကို နံ​နက်​တိုင်​အောင် မ​ကြွင်း​စေ​ရ။ သင်၏​မြေ၌ အ​ဦး​သီး​သော​အ​သီး​အ​နှံ အ​ကောင်း​ဆုံး​ကို၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ထဲ​သို့ ဆောင်​သွင်း​ရ​မည်။ ဆိတ်​သ​ငယ်​ကို အ​မိ​နို့​ရည်​နှင့် မ​ပြုတ်​မ​ချက်​ရ။

ထွက်မြောက်ရာ 23:1-19 Common Language Bible (BCL)

``သင်​တို့​သည်​မ​ဟုတ်​မ​မှန်​သော​သ​တင်း ကို​မ​လွှင့်​နှင့်။ အ​ပြစ်​ကူး​လွန်​သူ​ဘက်​မှ မ​တ​ရား​သက်​သေ​မ​ခံ​နှင့်။- လူ​များ​စု​နောက်​သို့​လိုက်​၍​မ​တ​ရား​သ​ဖြင့် မ​ပြု​နှင့်။ လူ​များ​စု​နောက်​သို့​လိုက်​၍​တ​ရား မျှ​တ​မှု​ကို​ဖောက်​ပြန်​စေ​ရန်​မ​တ​ရား​သော သက်​သေ​ကို​လည်း​မ​ခံ​နှင့်။- အ​မှု​စစ်​ဆေး​ရာ​၌​ဆင်း​ရဲ​သည့်​အ​ကြောင်း​ကို ထောက်​၍ ဆင်း​ရဲ​သား​ဘက်​မှ​မ​တ​ရား​သက်​သေ မ​ခံ​နှင့်။ ``သင့်​ရန်​သူ​၏​နွား​သို့​မ​ဟုတ်​မြည်း​သည် အုပ်​မှ ကွဲ​နေ​သည်​ကို​တွေ့​လျှင်​သူ့​ထံ​သို့​ပြန်​ပို့​ရ မည်။- သူ​၏​မြည်း​သည်​ဝန်​ပိ​၍​လဲ​နေ​လျှင်​လွှဲ​ရှောင် မ​သွား​ဘဲ​မြည်း​ကို​ဝိုင်း​၍​ထူ​ပေး​ရ​မည်။ ``ဆင်း​ရဲ​သော​သူ​သည်​ရုံး​၌​တ​ရား​ဆိုင်​ရ သော​အ​ခါ သူ့​အား​တ​ရား​သ​ဖြင့်​စီ​ရင်​လော့။- လူ​တစ်​ဦး​အား​မ​ဟုတ်​မ​မှန်​မ​စွပ်​စွဲ​ရ။ အ​ပြစ် ကင်း​မဲ့​သူ​ကို​သေ​ဒဏ်​မ​စီ​ရင်​ရ။ ထို​သို့​မ တ​ရား​မှု​ပြု​သူ​အား​ငါ​အ​ပြစ်​ဒဏ်​ပေး​မည်။- တံ​စိုး​လက်​ဆောင်​စား​သူ​သည်​အမှန်​တ​ရား​ကို မ​မြင်​နိုင်​သည့်​အ​ပြင် အ​ပြစ်​ကင်း​မဲ့​သူ​ကို ပျက်​စီး​စေ​နိုင်​သော​ကြောင့်​တံ​စိုး​လက်​ဆောင် မ​ယူ​ရ။ ``သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ဧည့်​သည်​အ​ဖြစ် နှင့် နေ​ထိုင်​ခဲ့​ဖူး​၍​ဧည့်​သည်​၏​ခံ​စား​ချက်​ကို သိ​သည်​ဖြစ်​သော​ကြောင့် သင်​တို့​၏​ပြည်​တွင် ဧည့်​သည်​ဖြစ်​သော​အ​ခြား​အ​မျိုး​သား​တို့ ကို​မ​ညှဉ်း​ဆဲ​နှင့်။ ``သင်​တို့​သည်​ခြောက်​နှစ်​ပတ်​လုံး​ထွန်​ယက် စိုက်​ပျိုး​၍ ထွက်​သ​မျှ​သီး​နှံ​ကို​စု​သိမ်း​ရ မည်။- သို့​ရာ​တွင်​သတ္တ​မ​နှစ်​၌​ထွန်​ယက်​စိုက်​ပျိုး​ခြင်း မ​ပြု​ဘဲ မြေ​ကို​အ​လွတ်​ထား​၍​ထို​မြေ​ပေါ် တွင်​ပေါက်​သ​မျှ​သီး​နှံ​ကို​မ​ရိတ်​သိမ်း​ရ။ ဆင်း​ရဲ သူ​တို့​အား​ထို​မြေ​မှ​ထွက်​သော​သီး​နှံ​ကို​စား စေ​၍ ကြွင်း​ကျန်​သ​မျှ​ကို​တော​တိ​ရစ္ဆာန်​များ အ​တွက်​ဖြစ်​စေ​ရ​မည်။ သင်​တို့​၏​စ​ပျစ်​ခြံ၊ သံ​လွင်​ခြံ​တို့​ကို​လည်း​ထို​နည်း​အ​တိုင်း ပြု​လုပ်​ရ​မည်။ ``သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​ကို လုပ်​၍ သတ္တ​မ​နေ့​တွင်​နား​နေ​ရ​မည်။ ထို​သို့​ပြု လျှင် သင်​၏​ကျွန်​များ၊ သင်​ခိုင်း​စေ​သော​အ​ခြား အ​မျိုး​သား​များ​နှင့်​တိ​ရစ္ဆာန်​များ​သည် အ​လုပ် မှ​နား​ခွင့်​ရ​ကြ​လိမ့်​မည်။ ``သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​ကို​နား​ထောင် လော့။ အ​ခြား​သော​ဘု​ရား​တို့​ထံ​ဆု​မ​ပန်​နှင့်။ ထို​ဘု​ရား​တို့​၏​နာ​မ​ကို​မျှ​မ​မြွက်​ဆို ကြ​နှင့်။ ``သင်​တို့​သည်​ငါ​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ရန် ပွဲ​ကို​တစ်​နှစ်​လျှင်​သုံး​ကြိမ်​ကျင်း​ပ​ရ​မည်။- တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ ငါ မိန့်​မှာ​ခဲ့​သည့်​အ​တိုင်း အီ​ဂျစ်​ပြည်​မှ​ထွက်​ခဲ့ ရ​သော​အ​ဗိ​ဗ​လ​၌​ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို​စား​ရ​ကြ​မည်။ မည်​သူ​မျှ ပူ​ဇော်​သ​ကာ​မ​ပါ​ဘဲ​နှင့် ငါ့​ထံ​သို့​ချဉ်း​ကပ် ၍​ကိုး​ကွယ်​ဝတ်​ပြု​ခြင်း​မ​ပြု​ရ။ ``သင်​တို့​လယ်​များ​မှ​ကောက်​ရိတ်​သိမ်း​ချိန်​သို့ ရောက်​လျှင် သင်​တို့​စိုက်​ပျိုး​ခဲ့​သော​သီး​နှံ​များ နှင့်​ကောက်​သိမ်း​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ ``နှစ်​အ​ကုန်​တွင်​သင်​တို့​၏​သစ်​သီး​ခြံ​များ​မှ သစ်​သီး​များ​ကို​စု​သိမ်း​ချိန်​၌ သစ်​သီး​သိမ်း​ပွဲ တော်​ကို​ကျင်း​ပ​ရ​မည်။- နှစ်​စဉ်​ဤ​ပွဲ​သုံး​ကြိမ်​ကျင်း​ပ​စဉ်​တွင်​ယောကျာ်း အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ၏​ထံ​တော်​သို့​ချဉ်း​ကပ်​ကိုး​ကွယ်​ရ​မည်။ ``ငါ့​အား​ယဇ်​ကောင်​ပူ​ဇော်​သော​အ​ခါ တ​ဆေး ပါ​သော​မုန့်​နှင့်​မ​ပူ​ဇော်​ရ။ ဤ​ပွဲ​တော်​များ​တွင် ငါ့​အား​ပူ​ဇော်​သော​ယဇ်​ကောင်​၏​အ​ဆီ​ကို နောက် တစ်​နေ့​နံ​နက်​သို့​တိုင်​အောင်​မ​ကြွင်း​ကျန်​စေ​ရ။ ``နှစ်​စဉ်​သင်​တို့​၏​လယ်​များ​မှ အ​စ​ဦး​ဆုံး​ရိတ် သိမ်း​ရ​သော​သီး​နှံ​များ​ကို သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့​ယူ​ဆောင်​လှူ​ဒါန်း ရ​မည်။ ``သိုး​ငယ်​သို့​မ​ဟုတ်​ဆိတ်​ငယ်​ကို အ​မိ​နို့​ရည်​နှင့်​မ​ချက်​မ​ပြုတ်​ရ။

ထွက်မြောက်ရာ 23:1-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မဟုတ်မမှန်​သော​သတင်း​ကို​မ​ဖြန့်​ရ​။ ဆိုးယုတ်​သော​သူ​နှင့်​ပေါင်း​၍ မတရား​သော​သက်သေ မ​ထွက်ဆို​ရ​။ လူ​အများ​နောက်သို့​လိုက်​၍ မကောင်းမှု​မ​ပြု​ရ​။ တရားတွေ့​ရာ​၌ လူ​အများ​ဘက်​သို့​လိုက်​၍ မတရားသဖြင့် မ​ထွက်ဆို​ရ​။ ဆင်းရဲ​သော​သူ တရားတွေ့​ရာ​၌​လည်း သူ့​အား​မ​ငဲ့ကွက်​ရ​။ သင့်​ရန်သူ​၏​နွား​ဖြစ်စေ​၊ မြည်း​ဖြစ်စေ မျက်စိလည်​လမ်းမှား​နေ​သည်​ကို​တွေ့​လျှင် သူ့​ထံသို့ ဆက်ဆက်​ပြန်ပို့​ပေး​ရ​မည်​။ သင့်​ကို​မုန်း​သော​သူ​၏​မြည်း​သည် လဲကျ​၍ ဝန်​အောက်​၌​ပိနေ​သည်​ကို သင်​တွေ့မြင်​လျှင် ရှောင်မသွား​ဘဲ အမှန်​ကူညီ​ရ​မည်​။ နွမ်းပါး​သော​သူ​၏​အမှု​ကို မတရားသဖြင့် မ​စီရင်​ရ​။ ဆိုးယုတ်​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု ငါ​စီရင်​မည်​မ​ဟုတ်​။ သို့ဖြစ်၍ မဟုတ်မမှန်​သော​အမှုအရာ​ကို ဝေးဝေးရှောင်​ရ​မည်​။ အပြစ်မဲ့​သော​သူ​၊ ဖြောင့်မတ်​သော​သူ​ကို မ​သတ်​ရ​။ တံစိုးလက်ဆောင်​ကို လက်​မ​ခံ​ရ​။ အကြောင်းမူကား တံစိုးလက်ဆောင်​သည် ပညာရှိ​၏​မျက်စိ​ကို ကန်း​စေ​၍ ဖြောင့်မတ်​သော​သူ​၏​စကား​ကို မှားယွင်းချွတ်ချော်​စေ​တတ်​၏​။ သင်​တို့​သည် အီဂျစ်​ပြည်​၌ တိုင်းတစ်ပါးသား​ဖြစ်​ခဲ့​ဖူး​သည်​ဖြစ်၍ တိုင်းတစ်ပါးသား​တို့​၏​ခံစားချက်​ကို သင်​တို့​သိ​ကြ​၏​။ သို့ဖြစ်၍ တိုင်းတစ်ပါးသား​တို့​အား မ​ညှဉ်းဆဲ​ရ​။ ခြောက်​နှစ်​ပတ်လုံး သင်​၏​မြေ​၌ မျိုးကြဲ​၍ အသီးအနှံ​ကို စုသိမ်း​ရ​မည်​။ သတ္တမ​နှစ်​၌​ကား ထို​မြေ​ကို မထွန်ယက်​ဘဲ အလွတ်​ထား​ရ​မည်​။ သို့ပြုလျှင် သင့်​အမျိုးသား​ထဲမှ နွမ်းပါး​သူ​တို့ စား​ရ​ကြ​လိမ့်မည်​။ အကြွင်းအကျန်​တို့​ကို​လည်း တောရိုင်းတိရစ္ဆာန်​တို့ စား​ရ​ကြ​လိမ့်မည်​။ သင်​၏​စပျစ်ခြံ​၊ သံလွင်ခြံ​တို့​ကို​လည်း ထို့အတူ​ပြု​ရ​မည်​။ ခြောက်​ရက်​ပတ်လုံး သင်​၏​အလုပ်​တို့​ကို​လုပ်​၍ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​ရ​မည်​။ သို့ပြုလျှင် သင်​၏​နွား​၊ မြည်း​တို့​သည် နား​ရ​၍ သင့်​ကျွန်မ​၏​သား​နှင့်​တိုင်းတစ်ပါးသား​တို့​သည်​လည်း အနားယူခွင့်​ရ​ကြ​လိမ့်မည်​။ သင်​တို့​အား ငါ​မိန့်ဆို​ထား​သော​အရာ​ရှိသမျှ​တို့​ကို အလေးထား​ရ​မည်​။ အခြား​ဘုရား​များ​၏​နာမ​ကို မ​မြွက်ဆို​ရ​။ သင့်​နှုတ်​မှ​မြွက်ဆို​သည်​ကို မ​ကြား​ရ​စေ​နှင့်​။ သင်​သည် တစ်​နှစ်​လျှင်​သုံး​ကြိမ် ငါ့​အဖို့ ပွဲတော်​ကျင်းပ​ရ​မည်​။ တဆေးမဲ့မုန့်​ပွဲတော်​ကို စောင့်ထိန်း​ရ​မည်​။ အဗိဗ​လ​၌ အီဂျစ်​ပြည်​မှ သင်​ထွက်လာ​သည်​ဖြစ်၍ သင့်​အား​ငါ​မိန့်မှာ​ထား​သည့်​အတိုင်း သတ်မှတ်​ထား​သော​အချိန်​၊ အဗိဗ​လ​၌ ခုနစ်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​စား​ရ​မည်​။ ငါ့​ရှေ့မှောက်​သို့ မည်သူ​မျှ လက်ချည်းသက်သက်​မ​လာ​ရ​။ လယ်ယာ​၌ သင်​မျိုးကြဲ​၍ ထွက်ရှိ​သော​အဦးဆုံးသီးနှံ​ရိတ်သိမ်း​ရာ​ပွဲ​ကို​လည်းကောင်း​၊ နှစ်​ကုန်​ချိန်​၌ လယ်ယာ​မှ​သီးနှံ​စုသိမ်း​သောအခါ စုသိမ်း​ရာ​ပွဲ​ကို​လည်းကောင်း ကျင်းပ​ရ​မည်​။ ယောက်ျား​အပေါင်း​တို့​သည် ထာဝရဘုရား​သခင်​ရှေ့​တော်​၌ တစ်​နှစ်​လျှင်​သုံး​ကြိမ် မျက်နှာလာပြ​ရ​မည်​။ သင်​သည် ယဇ်ကောင်​၏​သွေး​ကို တဆေးပါသောမုန့်​နှင့်အတူ ငါ့​အား မ​ပူဇော်​ရ​။ ငါ့​အား​ပူဇော်​သော​အဆီ​ကို ညတာ​လွန်​၍ နံနက်​တိုင်အောင် မ​ကြွင်းကျန်​စေ​ရ​။ သင့်​မြေ​မှ​ထွက်​သော​အဦးဆုံးသီးနှံ​ထဲမှ​အကောင်းဆုံး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​သို့ ယူဆောင်​လာ​ရ​မည်​။ ဆိတ်သငယ်​ကို မိခင်​၏​နို့ရည်​ဖြင့် မ​ပြုတ်​ရ​။