YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 19:1-7

ထွက်မြောက်ရာ 19:1-7 Judson Bible (JBMLE)

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော​နောက်၊ တ​တိ​ယ​လ တစ်​ရက်​နေ့၌ သိ​နာ​တော​သို့​ရောက်​ကြ​၏။ ရေ​ဖိ​ဒိမ်​အ​ရပ်​က​ထွက်​သွား​ပြီး​မှ သိ​နာ​တော​သို့​ရောက်၍၊ ထို​တော၌ တောင်​ရှေ့​မှာ တပ်​ချ​ကြ​၏။ မော​ရှေ​သည် ဘု​ရား​သ​ခင့်​ထံ​တော်​သို့​တက်​သွား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​က​ခေါ်​တော်​မူ၍၊ သင်​သည် ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​သား​တို့​အား ပြန်​ပြော​ရ​သော​အ​မိန့်​တော်​ဟူ​မူ​ကား၊ ငါ​သည် အဲ​ဂု​တ္တု​လူ​တို့၌​ပြု​သော​အ​ကြောင်း၊ သင်​တို့​ကို ရွှေ​လင်း​တ​အ​တောင်​ဖြင့် ထမ်း၍ ကိုယ်​ဖို့​သိမ်း​ယူ​သော​အ​ကြောင်း​ကို သင်​တို့​သည် သိ​မြင်​ရ​ကြ​ပြီ။ ထို​ကြောင့် ယ​ခု​တွင် သင်​တို့​သည်​ငါ့​စ​ကား​ကို အ​မှန်​နား​ထောင်၍ ငါ့​ပ​ဋိ​ညာဉ်​ကို စောင့်​ရှောက်​လျှင် အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​ထက် သင်​တို့​သည် ငါ​ပိုင်​ထိုက်​သော ဘ​ဏ္ဍာ​တော်​ဖြစ်​ရ​ကြ​လိမ့်​မည်။ မြေ​ကြီး​ရှိ​သ​မျှ​သည် ငါ​၏​ဥ​စ္စာ​ဖြစ်​၏။ သင်​တို့​သည်​လည်း မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး ဖြစ်​ရ​ကြ​လိမ့်​မည်​ဟူ​သော အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ၏။ မော​ရှေ​သည်​ပြန်​လာ၍ လူ​တို့​တွင် အ​သက်​ကြီး​သူ​တို့​ကို​ခေါ်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော စ​ကား​အ​လုံး​စုံ​တို့​ကို ပြန်​ပြော​လေ​၏။

ထွက်မြောက်ရာ 19:1-7 Common Language Bible (BCL)

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ်​ပြည် မှ​ထွက်​ခွာ​လာ​ပြီး​နောက် တ​တိ​ယ​လ၊ တစ်​ရက် နေ့​တွင်​သိ​နာ​ဟု​ခေါ်​သော​တော​ကန္တာ​ရ​သို့ ရောက်​ရှိ​လာ​ကြ​၏။- သူ​တို့​သည်​ရေ​ဒိမ်​အ​ရပ်​မှ​ထွက်​ခွာ​လာ​ပြီး နောက် သိ​နာ​တော​ကန္တာ​ရ​သို့​ဝင်​ရောက်​ကြ ပြီး​တောင်​ခြေ​ရင်း​တွင်​စ​ခန်း​ချ​ကြ​သည်။- မော​ရှေ​သည်​ဘု​ရား​သ​ခင်​ကို​ဖူး​တွေ့​ရန် တောင်​ပေါ်​သို့​တက်​လေ​၏။ တောင်​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ ကို​ခေါ်​၍၊ ယာ​ကုပ်​၏​အ​ဆက်​အ​နွယ်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ခိုင်း သည်​ကား၊- ``ငါ​သည်​အီဂျစ်​အ​မျိုး​သား​တို့​အား​မည်​ကဲ့​သို့ ဒဏ်​ခတ်​ခဲ့​ပုံ​ကို​လည်း​ကောင်း၊ လင်း​ယုန်​ငှက်​၏ အ​တောင်​များ​ဖြင့်​သယ်​ဆောင်​သ​ကဲ့​သို့၊ ငါ​သည် သင်​တို့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​သယ်​ဆောင်​ခဲ့​ပုံ ကို​လည်း​ကောင်း​သင်​တို့​မြင်​ရ​ကြ​ပြီ။- သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​၍၊ ငါ ၏​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​လျှင်​ငါ​ပိုင်​သော လူ​မျိုး​ဖြစ်​ကြ​လိမ့်​မည်။ ဤ​ကမ္ဘာ​မြေ​ကြီး အ​လုံး​စုံ​ကို​ငါ​ပိုင်​တော်​မူ​သည်။ သို့​သော် သင်​တို့​သည်​ငါ​ရွေး​ကောက်​တော်​မူ​သော သူ​များ​ဖြစ်​ရ​ကြ​မည်။- သင်​တို့​သည်​ငါ့​အ​တွက်​သီး​သန့်​ထား​သော လူ​မျိုး၊ ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သော ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြော​လော့'' ဟု​မိန့်​တော်​မူ​၏။- သို့​ဖြစ်​၍​မော​ရှေ​သည်​တောင်​ပေါ်​က​ဆင်း​လာ ခဲ့​ပြီး​လျှင် ခေါင်း​ဆောင်​များ​ကို​ဆင့်​ခေါ်​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို ပြော​ကြား​လေ​၏။

ထွက်မြောက်ရာ 19:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အစ္စရေး​အမျိုးသား​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် သုံး​လ​မြောက်​သော​နေ့​၌ သိနာ​တောကန္တာရ​သို့​ရောက်လာ​ကြ​၏​။ ထိုသို့ ရေဖိဒိမ်​အရပ်​မှ ထွက်ခွာ​လာ​၍ သိနာ​တောကန္တာရ​သို့​ရောက်လာ​သော​အစ္စရေး​လူမျိုး​တို့​သည် ထို​တောကန္တာရ​ရှိ သိနာ​တောင်​ရှေ့​၌ စခန်းချ​ကြ​၏​။ မောရှေ​သည် ဘုရားသခင်​ထံသို့​တက်သွား​ရာ ထာဝရဘုရား​သည် သူ့​အား တောင်​ပေါ်မှ ခေါ်​တော်မူ​လျက် “​သင်​သည် ယာကုပ်​အမျိုးအနွယ်​၊ အစ္စရေး​အမျိုးသား​တို့​အား ‘​ငါ​သည် အီဂျစ်​လူမျိုး​တို့​ကို စီရင်​ခဲ့​ပုံ​၊ သင်​တို့​ကို လင်းယုန်​၏​တောင်ပံ​များ​ပေါ်​တင်​၍ ငါ့​ထံသို့ ခေါ်ဆောင်​လာ​ခဲ့​ပုံ​တို့​ကို သင်​တို့​ကိုယ်တိုင်​သိမြင်​ခဲ့​ကြ​၏​။ ယခု သင်​တို့​သည် ငါ့​စကား​ကို​သေချာ​စွာ​နားထောင်​၍ ငါ​၏​ပဋိညာဉ်​ကို​စောင့်ထိန်း​လျှင် လူမျိုး​တကာ​တို့​တွင် သင်​တို့​သည် ငါ​ပိုင်​တော်မူ​ရာ​ဘဏ္ဍာ​တော်​ဖြစ်​ကြ​လိမ့်မည်​။ အကယ်စင်စစ် ကမ္ဘာမြေ​တစ်ခွင်လုံး​ကို ငါ​ပိုင်​၏​။ သင်​တို့​သည် ငါ့​အဖို့ နိုင်ငံ​တော်​၏​ယဇ်ပုရောဟိတ်​များ​၊ သန့်ရှင်း​သော​လူမျိုး​တော်​ဖြစ်​ကြ​မည်​’​ဟု ဆင့်ဆို​ရ​မည်​။ ဤသည်ကား အစ္စရေး​အမျိုးသား​တို့​အား သင်​ပြောဆို​ရ​မည့်​စကား​များ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏​။ မောရှေ​သည် ပြန်လာ​၍ လူ​တို့​ထဲမှ သက်ကြီးဝါကြီး​တို့​ကို ခေါ်​ပြီးလျှင် မိမိ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သော ထို​စကား​အလုံးစုံ​တို့​ကို သူ​တို့​ရှေ့မှောက်​၌ ပြန်ပြော​၏​။