YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်​မြောက် 19:1-7

ထွက်​မြောက် 19:1-7 BCL

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ်​ပြည် မှ​ထွက်​ခွာ​လာ​ပြီး​နောက် တ​တိ​ယ​လ၊ တစ်​ရက် နေ့​တွင်​သိ​နာ​ဟု​ခေါ်​သော​တော​ကန္တာ​ရ​သို့ ရောက်​ရှိ​လာ​ကြ​၏။- သူ​တို့​သည်​ရေ​ဒိမ်​အ​ရပ်​မှ​ထွက်​ခွာ​လာ​ပြီး နောက် သိ​နာ​တော​ကန္တာ​ရ​သို့​ဝင်​ရောက်​ကြ ပြီး​တောင်​ခြေ​ရင်း​တွင်​စ​ခန်း​ချ​ကြ​သည်။- မော​ရှေ​သည်​ဘု​ရား​သ​ခင်​ကို​ဖူး​တွေ့​ရန် တောင်​ပေါ်​သို့​တက်​လေ​၏။ တောင်​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ ကို​ခေါ်​၍၊ ယာ​ကုပ်​၏​အ​ဆက်​အ​နွယ်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ခိုင်း သည်​ကား၊- ``ငါ​သည်​အီဂျစ်​အ​မျိုး​သား​တို့​အား​မည်​ကဲ့​သို့ ဒဏ်​ခတ်​ခဲ့​ပုံ​ကို​လည်း​ကောင်း၊ လင်း​ယုန်​ငှက်​၏ အ​တောင်​များ​ဖြင့်​သယ်​ဆောင်​သ​ကဲ့​သို့၊ ငါ​သည် သင်​တို့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​သယ်​ဆောင်​ခဲ့​ပုံ ကို​လည်း​ကောင်း​သင်​တို့​မြင်​ရ​ကြ​ပြီ။- သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​၍၊ ငါ ၏​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​လျှင်​ငါ​ပိုင်​သော လူ​မျိုး​ဖြစ်​ကြ​လိမ့်​မည်။ ဤ​ကမ္ဘာ​မြေ​ကြီး အ​လုံး​စုံ​ကို​ငါ​ပိုင်​တော်​မူ​သည်။ သို့​သော် သင်​တို့​သည်​ငါ​ရွေး​ကောက်​တော်​မူ​သော သူ​များ​ဖြစ်​ရ​ကြ​မည်။- သင်​တို့​သည်​ငါ့​အ​တွက်​သီး​သန့်​ထား​သော လူ​မျိုး၊ ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သော ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြော​လော့'' ဟု​မိန့်​တော်​မူ​၏။- သို့​ဖြစ်​၍​မော​ရှေ​သည်​တောင်​ပေါ်​က​ဆင်း​လာ ခဲ့​ပြီး​လျှင် ခေါင်း​ဆောင်​များ​ကို​ဆင့်​ခေါ်​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို ပြော​ကြား​လေ​၏။