YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 18:19-23

ထွက်မြောက်ရာ 18:19-23 Judson Bible (JBMLE)

ငါ့​စ​ကား​ကို​နား​ထောင်​လော့။ ငါ​အ​ကြံ​ပေး​မည်။ ဘု​ရား​သ​ခင်​သည်​လည်း သင့်​ဘက်၌ ရှိ​တော်​မူ​လိမ့်​မည်။ သင်​သည် ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​မှု၌ လူ​များ​တို့၏​အ​မှု​ကို​စောင့်​လျက် ဘု​ရား​သ​ခင်​အ​ထံ​တော်​သို့​ဝင်၍ လျှောက်​ရ​မည်။ သူ​တို့​အား​လည်း ပ​ညတ်​တ​ရား​တော်​များ​ကို သင်​ချ​ရ​မည်။ သူ​တို့​သွား​ရာ​လမ်း၊ ပြု​ရ​သော​အ​မှု​ကို​လည်း​ပြ​ရ​မည်။ ထို​မှ​တစ်​ပါး ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​လျက်၊ သ​စ္စာ​နှင့်​ပြည့်​စုံ​လျက်၊ လော​ဘ​ကို​ရွံ​ရှာ​လျက်၊ တတ်​စွမ်း​နိုင်​သော​သူ​တို့​ကို လူ​အ​ပေါင်း​တို့​အ​ထဲ​က ရွေး​ကောက်​၍၊ တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​ရာ၌ ခန့်​ထား​ရ​မည်။ ထို​သူ​တို့​သည်​ခပ်​သိမ်း​သော​အ​ချိန်​၌ လူ​များ​တို့​ကို တ​ရား​စီ​ရင်​ကြ​စေ။ ကြီး​သော​အ​မှု၌ သင်၏​အ​ယူ​ကို​ခံ​ကြ​စေ။ ငယ်​သော​အ​မှု​ကို အ​လို​လို​စီ​ရင်​ကြ​စေ။ သို့​ဖြစ်​လျှင် သူ​တို့​သည်​ဝိုင်း​ညီ၍ အ​မှု​ထမ်း​သ​ဖြင့် သင်​သည်​သက်​သာ​လိမ့်​မည်။ ထို​သို့ ဘု​ရား​သ​ခင်​အ​ခွင့်​နှင့်​ပြု​လျှင် သင်​သည်​ခိုင်​ခံ့​လိမ့်​မည်။ ဤ​လူ​အ​ပေါင်း​တို့​သည် မိ​မိ​နေ​ရာ​ပြည်​သို့ ငြိမ်​ဝပ်​စွာ​သွား​ကြ​လိမ့်​မည်​ဟု ပြော​ဆို​၏။

ထွက်မြောက်ရာ 18:19-23 Common Language Bible (BCL)

ငါ​သည်​သင့်​အား​အ​ကြံ​ကောင်း​ပေး​ပါ​မည်။ ဘု​ရား​သ​ခင်​သည်​သင်​နှင့်​အ​တူ​ရှိ​ပါ​စေ သော။ သင်​၏​တာ​ဝန်​မှာ​လူ​တို့​၏​အ​ငြင်း​ပွား မှု​များ​ကို သူ​တို့​၏​ကိုယ်​စား​ဘု​ရား​သ​ခင် ထံ​တော်​သို့​တင်​လျှောက်​ပေး​ခြင်း​မှာ​ကောင်း ပေ​သည်။- သင်​သည်​သူ​တို့​အား​ဘု​ရား​သ​ခင်​၏​အ​မိန့် နှင့်​ပ​ညတ်​တော်​များ​ကို​သင်​ကြား​ပေး​၍ သူ တို့​မည်​ကဲ့​သို့​လိုက်​နာ​ကျင့်​သုံး​ရ​မည်​ကို ရှင်း​လင်း​ပေး​ခြင်း​မှာ​လည်း​ကောင်း​ပေ သည်။- သို့​ရာ​တွင်​သင်​သည်​လူ​တစ်​ထောင်​စု၊ တစ်​ရာ​စု၊ ငါး​ဆယ်​စု၊ တစ်​ဆယ်​စု​တို့​ကို​ခေါင်း​ဆောင်​နိုင် မည့်​အ​ရည်​အ​ချင်း​ရှိ​သူ​များ​ကို​ရွေး​ချယ် ခန့်​ထား​သင့်​ပါ​သည်။ ထို​သူ​တို့​သည်​ဘု​ရား ကို​ကြောက်​ရွံ့​၍​ရိုး​သား​ဖြောင့်​မတ်​လျက် အ​ဂ​တိ​မလိုက်​စား​တတ်​သူ​များ​ဖြစ်​ရ ကြ​မည်။- သူ​တို့​ကို​အ​မြဲ​တမ်း​တ​ရား​သူ​ကြီး​များ အ​ဖြစ် လူ​တို့​၏​အ​မှု​အ​ခင်း​များ​ကို​စီ​ရင် စေ​ရ​မည်။ သူ​တို့​သည်​ခက်​ခဲ​သော​အ​မှု​များ ကို​သင့်​ထံ​သို့​တင်​ပြ​၍ သေး​ငယ်​သော​အ​မှု များ​ကို​သူ​တို့​ကိုယ်​တိုင်​စီ​ရင်​ဆုံး​ဖြတ်​စေ ရ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည် သင်​၏ တာ​ဝန်​ကို​ခွဲ​ဝေ​ထမ်း​ဆောင်​ကြ​သော ကြောင့်​သင့်​အ​တွက်​သက်​သာ​လိမ့်​မည်။- ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​နှင့်​အ​ညီ ဤ​နည်း​အ​တိုင်း​ဆောင်​ရွက်​လျှင် သင်​သည်​ပင် ပန်း​နွမ်း​ရိ​လိမ့်​မည်​မ​ဟုတ်။ ဤ​လူ​အ​ပေါင်း တို့​သည်​လည်း​အ​မှု​အ​ခင်း​များ​ပြီး​ပြတ် လျက် မိ​မိ​တို့​နေ​အိမ်​သို့​ပြန်​နိုင်​ကြ​လိမ့် မည်'' ဟု​အကြံ​ပေး​သည်။

ထွက်မြောက်ရာ 18:19-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယခု ငါ့​စကား​ကို နားထောင်​လော့​။ သင့်​ကို ငါ​အကြံပေး​မည်​။ ဘုရားသခင်​သည် သင်​နှင့်အတူ​ရှိ​တော်မူ​ပါစေသော​။ သင်​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ လူ​တို့​၏​ကိုယ်စား​ဖြစ်​၍ ဘုရားသခင်​ထံသို့​အမှုအခင်း​များ​ကို တင်သွင်း​ရ​မည်​။ ပြဋ္ဌာန်းချက်​များ​၊ ဥပဒေသ​များ​နှင့်​ပတ်သက်၍ သူ​တို့​အား သတိပေး​ရ​မည်​။ သူ​တို့​သွား​ရ​မည့်​လမ်း​၊ လုပ်ဆောင်​ရ​မည့်​အလုပ်​ကို သူ​တို့​အား​သိ​စေ​ရ​မည်​။ လူ​အပေါင်း​တို့​ထဲမှ အရည်အချင်း​ရှိ​သော​သူ​၊ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​၊ သစ္စာရှိ​သော​သူ​၊ မတရား​သော​အကျိုးစီးပွား​ကို​မုန်း​သော​သူ​တို့​ကို ရွေးချယ်​၍ သူ​တို့​ကို လူ​တစ်ထောင်​အုပ်​၊ တစ်ရာ​အုပ်​၊ ငါးဆယ်​အုပ်​၊ တစ်ဆယ်​အုပ်​အဖြစ် ခန့်ထား​ရ​မည်​။ သူ​တို့​သည် လူ​တို့​ကို အချိန်မရွေး စီရင်​ပေး​ကြ​စေ​။ ကြီး​သော​အမှု​ရှိသမျှ​ကို သင့်​ထံသို့​တင်သွင်း​၍ သေးငယ်​သော​အမှု​ရှိသမျှ​ကို သူ​တို့​ကိုယ်တိုင်​စီရင်​ပေး​ကြ​စေ​။ ဤသို့ သူ​တို့​သည် သင့်​ဝန်​ကို ကူထမ်း​ပေး​သဖြင့် သင့်​အတွက် ဝန်ပေါ့​လိမ့်မည်​။ သင်​သည် ဤသို့​ပြု​မည်​၊ ဘုရားသခင်​သည်​လည်း ဤသို့ ခွင့်ပြု​မည်​ဆိုလျှင် သင်​သက်သာ​လိမ့်မည်​။ ဤ​လူ​အပေါင်း​တို့​သည်​လည်း မိမိ​တို့​နေအိမ်​သို့ ငြိမ်းချမ်း​စွာ​ပြန်သွား​ရ​လိမ့်မည်​”​ဟု ဆို​လေ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။