YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 18

18
ယေ​သ​ရော​လာ​ရောက်​ခြင်း
1ဘု​ရား​သ​ခင်​သည် မော​ရှေ​မှ​စ၍ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သော မော​ရှေ၏​ယော​က္ခ​မ ယေ​သ​ရော​ကြား​သည်​ရှိ​သော်၊ 2မော​ရှေ​လွှတ်​ခဲ့​သော​မ​ယား​နှင့် 3သူ၏​သား​နှစ်​ယောက်​ကို​ယူ၍​သွား​လေ၏။ သား​တစ်​ယောက်​ကား၊ ဂေ​ရ​ရှုံ​အ​မည်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ၌ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ရ​ပြီ​ဟု အ​ဘ​ဆို​သ​တည်း။#တ၊ ၇:၂၉။ ထွ၊ ၂:၂၁-၂၂ 4သား​တစ်​ယောက်​ကား၊ ဧ​လျေ​ဇာ​အ​မည်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ငါ့​ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​သည် ငါ့​ကို​မ​စ၍ ဖာ​ရော​ဘု​ရင်၏​ဓား​မှ ကယ်​လွှတ်​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။ 5မော​ရှေ၏​ယော​က္ခ​မ​ယေ​သ​ရော​သည် မော​ရှေ​မ​ယား​နှင့် သား​တို့​ကို​ယူ၍၊ တော၌ ဘု​ရား​သ​ခင်၏​တောင်​တော်​နား၊ မော​ရှေ​တပ်​ချ​ရာ​အ​ရပ်​သို့ ရောက်​လာ​လျှင်၊ 6ကိုယ်​တော်၏​ယော​က္ခ​မ​ယေ​သ​ရော​နှင့် ကိုယ်​တော်၏​မ​ယား၊ သား​နှစ်​ယောက်​တို့​သည် ကိုယ်​တော်​ထံ​သို့​ရောက်​လာ​ပါ​ပြီ​ဟု မော​ရှေ​အား​ကြား​ပြော​သော်၊ 7မော​ရှေ​သည်​ယော​က္ခ​မ​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​ထွက်​၍ ဦး​ချ​နမ်း​ရှုပ်​လျက်၊ ကျန်း​မာ​ကြောင်း​ကို တစ်​ယောက်​နှင့် တစ်​ယောက်​မေး​မြန်း​လျက် တဲ​သို့​ဝင်​ကြ​၏။ 8ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​တွက် ဖာ​ရော​ဘု​ရင်​နှင့် အဲ​ဂု​တ္တု​လူ​တို့၌ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း၊ လမ်း​ခ​ရီး​တွင်​ခံ​ရ​သော ဆင်း​ရဲ​ဒု​က္ခ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ ထို​ဆင်း​ရဲ​ဒု​က္ခ​မှ ထာ​ဝ​ရ​ဘု​ရား ကယ်​လွှတ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ မော​ရှေ​သည် ယော​က္ခ​မ​အား​ကြား​ပြော​လေ၏။ 9ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​ကယ်​နုတ်၍၊ ပြု​တော်​မူ​သော​ကျေး​ဇူး​ကြောင့် ယေ​သ​ရော​သည်​ဝမ်း​မြောက်​လျက်၊ 10အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​လည်း​ကောင်း၊ ဖာ​ရော​ဘု​ရင်​လက်​မှ​လည်း​ကောင်း၊ သင့်​ကို​ကယ်​နုတ်​တော်​မူ​ထ​သော၊ လူ​များ​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ ကယ်​နုတ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ 11ထာ​ဝ​ရ​ဘု​ရား​သည် အ​ခြား​သော​ဘု​ရား​ရှိ​သ​မျှ​တို့​ထက် သာ၍​ကြီး​မြတ်​တော်​မူ​ကြောင်း​ကို ယ​ခု​ငါ​သိ​၏။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် မာ​န​ထောင်​လွှား​သော​အ​မှု​အ​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​နိုင်​တော်​မူ၏​ဟု​ဆို​ပြီး​မှ၊ 12မော​ရှေ၏​ယော​က္ခ​မ​ယေ​သ​ရော​သည်၊ မီး​ရှို့​စ​ရာ​ယဇ်​နှင့် ဘု​ရား​သ​ခင်​အ​ဖို့ ယဇ်​များ​ကို​ဆောင်​ခဲ့​၍၊ အာ​ရုန်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည်၊ မော​ရှေ၏​ယော​က္ခ​မ​နှင့်​အ​တူ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စာ​စား​ခြင်း​ငှာ လာ​ကြ၏။
တ​ရား​သူ​ကြီး​များ​ကို​ခန့်​ထား​ခြင်း
(တ​ရား၊ ၁:၉-၁၈)
13နက်​ဖြန်​နေ့၌ မော​ရှေ​သည်၊ လူ​များ​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ထိုင်​လေ၏။ နံ​နက်​မှ​စ၍​ညဉ့်​ဦး​တိုင်​အောင်၊ လူ​များ​တို့​သည် မော​ရှေ​ရှေ့​မှာ​နေ​ကြ​၏။ 14မော​ရှေ​သည် လူ​များ​တို့​အား​ပြု​သ​မျှ​ကို ယော​က္ခ​မ​မြင်​လျှင်၊ ဤ​လူ​များ​တို့​အား ပြု​သော​အ​မှု​အ​ဘယ်​သို့​နည်း။ သင်​သည် တစ်​ယောက်​တည်း​ထိုင်​လျက်၊ လူ​အ​ပေါင်း​တို့​သည် နံ​နက်​မှ​စ၍​ညဉ့်​ဦး​တိုင်​အောင် သင့်​ရှေ့​မှာ အ​ဘယ်​ကြောင့် နေ​ရ​ကြ​သ​နည်း​ဟု​ဆို​၏။ 15မော​ရှေ​က​လည်း၊ ဤ​သူ​တို့​သည် ဘု​ရား​သ​ခင်၏​အ​ယူ​တော်​ကို​ခံ​လို၍ ကျွန်ုပ်​ထံ​သို့​လာ​သော​ကြောင့် ဤ​သို့​ဖြစ်​၏။ 16သူ​တို့​သည်​အ​မှု​ရှိ​လျှင် အ​ကျွန်ုပ်​ထံ​သို့​လာ၍ သူ​တို့၏​အ​မှု​ကို ကျွန်ုပ်​ဆုံး​ဖြတ်​ရ၏။ ဘု​ရား​သ​ခင်၏​ပ​ညတ်​တ​ရား​များ​ကို​သင်​ချ​ရ​၏​ဟု ယော​က္ခ​မ​အား ပြော​လျှင်၊ 17ယော​က္ခ​မ​က၊ သင်​ပြု​သော​အ​မှု​သည် မ​တော်​မ​သင့်​ဖြစ်​၏။ 18သင်​မှ​စ၍ သင်၌​ပါ​သော ဤ​လူ​များ​တို့​သည် အ​မှန်​အား​လျော့​ကြ​လိမ့်​မည်။ ဤ​အ​မှု​သည် သင်၌​အ​လွန်​လေး​၏။ တစ်​ယောက်​တည်း မ​တတ်​နိုင်​သော​အ​မှု​ဖြစ်​၏။ 19ငါ့​စ​ကား​ကို​နား​ထောင်​လော့။ ငါ​အ​ကြံ​ပေး​မည်။ ဘု​ရား​သ​ခင်​သည်​လည်း သင့်​ဘက်၌ ရှိ​တော်​မူ​လိမ့်​မည်။ သင်​သည် ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​မှု၌ လူ​များ​တို့၏​အ​မှု​ကို​စောင့်​လျက် ဘု​ရား​သ​ခင်​အ​ထံ​တော်​သို့​ဝင်၍ လျှောက်​ရ​မည်။ 20သူ​တို့​အား​လည်း ပ​ညတ်​တ​ရား​တော်​များ​ကို သင်​ချ​ရ​မည်။ သူ​တို့​သွား​ရာ​လမ်း၊ ပြု​ရ​သော​အ​မှု​ကို​လည်း​ပြ​ရ​မည်။ 21ထို​မှ​တစ်​ပါး ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​လျက်၊ သ​စ္စာ​နှင့်​ပြည့်​စုံ​လျက်၊ လော​ဘ​ကို​ရွံ​ရှာ​လျက်၊ တတ်​စွမ်း​နိုင်​သော​သူ​တို့​ကို လူ​အ​ပေါင်း​တို့​အ​ထဲ​က ရွေး​ကောက်​၍၊ တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​ရာ၌ ခန့်​ထား​ရ​မည်။ 22ထို​သူ​တို့​သည်​ခပ်​သိမ်း​သော​အ​ချိန်​၌ လူ​များ​တို့​ကို တ​ရား​စီ​ရင်​ကြ​စေ။ ကြီး​သော​အ​မှု၌ သင်၏​အ​ယူ​ကို​ခံ​ကြ​စေ။ ငယ်​သော​အ​မှု​ကို အ​လို​လို​စီ​ရင်​ကြ​စေ။ သို့​ဖြစ်​လျှင် သူ​တို့​သည်​ဝိုင်း​ညီ၍ အ​မှု​ထမ်း​သ​ဖြင့် သင်​သည်​သက်​သာ​လိမ့်​မည်။ 23ထို​သို့ ဘု​ရား​သ​ခင်​အ​ခွင့်​နှင့်​ပြု​လျှင် သင်​သည်​ခိုင်​ခံ့​လိမ့်​မည်။ ဤ​လူ​အ​ပေါင်း​တို့​သည် မိ​မိ​နေ​ရာ​ပြည်​သို့ ငြိမ်​ဝပ်​စွာ​သွား​ကြ​လိမ့်​မည်​ဟု ပြော​ဆို​၏။ 24မော​ရှေ​သည်​လည်း ယော​က္ခ​မ၏​စ​ကား​ကို​နား​ထောင်​၍ စ​ကား​ရှိ​သည်​အ​တိုင်း ပြု​လျက်၊ 25တတ်​စွမ်း​နိုင်​သော​သူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က​ရွေး​ကောက်၍ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​သီး​အ​သီး ခေါင်း​အ​ရာ၌​ခန့်​ထား​လေ​၏။ 26ထို​သူ​တို့​သည် ခပ်​သိမ်း​သော​အ​ချိန်၌ လူ​တို့​ကို​တ​ရား​စီ​ရင်​ကြ​၏။ ခက်​သော​အ​မှု၌ မော​ရှေ​၏​အ​ယူ​ကို​ခံ​ကြ​၏။ လွယ်​သော​အ​မှု​ကို အ​လို​လို​စီ​ရင်​ကြ​၏။ 27ထို​နောက် မော​ရှေ​သည် ယော​က္ခ​မ​သွား​ရ​သော​အ​ခွင့်​ကို​ပေး၍၊ သူ​သည် မိ​မိ​နေ​ရာ​သို့​သွား​လေ၏။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 18: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။