YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 18:1-27

ထွက်မြောက်ရာ 18:1-27 Judson Bible (JBMLE)

ဘု​ရား​သ​ခင်​သည် မော​ရှေ​မှ​စ၍ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သော မော​ရှေ၏​ယော​က္ခ​မ ယေ​သ​ရော​ကြား​သည်​ရှိ​သော်၊ မော​ရှေ​လွှတ်​ခဲ့​သော​မ​ယား​နှင့် သူ၏​သား​နှစ်​ယောက်​ကို​ယူ၍​သွား​လေ၏။ သား​တစ်​ယောက်​ကား၊ ဂေ​ရ​ရှုံ​အ​မည်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ၌ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ရ​ပြီ​ဟု အ​ဘ​ဆို​သ​တည်း။ သား​တစ်​ယောက်​ကား၊ ဧ​လျေ​ဇာ​အ​မည်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ငါ့​ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​သည် ငါ့​ကို​မ​စ၍ ဖာ​ရော​ဘု​ရင်၏​ဓား​မှ ကယ်​လွှတ်​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။ မော​ရှေ၏​ယော​က္ခ​မ​ယေ​သ​ရော​သည် မော​ရှေ​မ​ယား​နှင့် သား​တို့​ကို​ယူ၍၊ တော၌ ဘု​ရား​သ​ခင်၏​တောင်​တော်​နား၊ မော​ရှေ​တပ်​ချ​ရာ​အ​ရပ်​သို့ ရောက်​လာ​လျှင်၊ ကိုယ်​တော်၏​ယော​က္ခ​မ​ယေ​သ​ရော​နှင့် ကိုယ်​တော်၏​မ​ယား၊ သား​နှစ်​ယောက်​တို့​သည် ကိုယ်​တော်​ထံ​သို့​ရောက်​လာ​ပါ​ပြီ​ဟု မော​ရှေ​အား​ကြား​ပြော​သော်၊ မော​ရှေ​သည်​ယော​က္ခ​မ​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​ထွက်​၍ ဦး​ချ​နမ်း​ရှုပ်​လျက်၊ ကျန်း​မာ​ကြောင်း​ကို တစ်​ယောက်​နှင့် တစ်​ယောက်​မေး​မြန်း​လျက် တဲ​သို့​ဝင်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​တွက် ဖာ​ရော​ဘု​ရင်​နှင့် အဲ​ဂု​တ္တု​လူ​တို့၌ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း၊ လမ်း​ခ​ရီး​တွင်​ခံ​ရ​သော ဆင်း​ရဲ​ဒု​က္ခ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ ထို​ဆင်း​ရဲ​ဒု​က္ခ​မှ ထာ​ဝ​ရ​ဘု​ရား ကယ်​လွှတ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ မော​ရှေ​သည် ယော​က္ခ​မ​အား​ကြား​ပြော​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​ကယ်​နုတ်၍၊ ပြု​တော်​မူ​သော​ကျေး​ဇူး​ကြောင့် ယေ​သ​ရော​သည်​ဝမ်း​မြောက်​လျက်၊ အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​လည်း​ကောင်း၊ ဖာ​ရော​ဘု​ရင်​လက်​မှ​လည်း​ကောင်း၊ သင့်​ကို​ကယ်​နုတ်​တော်​မူ​ထ​သော၊ လူ​များ​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ ကယ်​နုတ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ခြား​သော​ဘု​ရား​ရှိ​သ​မျှ​တို့​ထက် သာ၍​ကြီး​မြတ်​တော်​မူ​ကြောင်း​ကို ယ​ခု​ငါ​သိ​၏။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် မာ​န​ထောင်​လွှား​သော​အ​မှု​အ​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​နိုင်​တော်​မူ၏​ဟု​ဆို​ပြီး​မှ၊ မော​ရှေ၏​ယော​က္ခ​မ​ယေ​သ​ရော​သည်၊ မီး​ရှို့​စ​ရာ​ယဇ်​နှင့် ဘု​ရား​သ​ခင်​အ​ဖို့ ယဇ်​များ​ကို​ဆောင်​ခဲ့​၍၊ အာ​ရုန်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည်၊ မော​ရှေ၏​ယော​က္ခ​မ​နှင့်​အ​တူ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စာ​စား​ခြင်း​ငှာ လာ​ကြ၏။ နက်​ဖြန်​နေ့၌ မော​ရှေ​သည်၊ လူ​များ​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ထိုင်​လေ၏။ နံ​နက်​မှ​စ၍​ညဉ့်​ဦး​တိုင်​အောင်၊ လူ​များ​တို့​သည် မော​ရှေ​ရှေ့​မှာ​နေ​ကြ​၏။ မော​ရှေ​သည် လူ​များ​တို့​အား​ပြု​သ​မျှ​ကို ယော​က္ခ​မ​မြင်​လျှင်၊ ဤ​လူ​များ​တို့​အား ပြု​သော​အ​မှု​အ​ဘယ်​သို့​နည်း။ သင်​သည် တစ်​ယောက်​တည်း​ထိုင်​လျက်၊ လူ​အ​ပေါင်း​တို့​သည် နံ​နက်​မှ​စ၍​ညဉ့်​ဦး​တိုင်​အောင် သင့်​ရှေ့​မှာ အ​ဘယ်​ကြောင့် နေ​ရ​ကြ​သ​နည်း​ဟု​ဆို​၏။ မော​ရှေ​က​လည်း၊ ဤ​သူ​တို့​သည် ဘု​ရား​သ​ခင်၏​အ​ယူ​တော်​ကို​ခံ​လို၍ ကျွန်ုပ်​ထံ​သို့​လာ​သော​ကြောင့် ဤ​သို့​ဖြစ်​၏။ သူ​တို့​သည်​အ​မှု​ရှိ​လျှင် အ​ကျွန်ုပ်​ထံ​သို့​လာ၍ သူ​တို့၏​အ​မှု​ကို ကျွန်ုပ်​ဆုံး​ဖြတ်​ရ၏။ ဘု​ရား​သ​ခင်၏​ပ​ညတ်​တ​ရား​များ​ကို​သင်​ချ​ရ​၏​ဟု ယော​က္ခ​မ​အား ပြော​လျှင်၊ ယော​က္ခ​မ​က၊ သင်​ပြု​သော​အ​မှု​သည် မ​တော်​မ​သင့်​ဖြစ်​၏။ သင်​မှ​စ၍ သင်၌​ပါ​သော ဤ​လူ​များ​တို့​သည် အ​မှန်​အား​လျော့​ကြ​လိမ့်​မည်။ ဤ​အ​မှု​သည် သင်၌​အ​လွန်​လေး​၏။ တစ်​ယောက်​တည်း မ​တတ်​နိုင်​သော​အ​မှု​ဖြစ်​၏။ ငါ့​စ​ကား​ကို​နား​ထောင်​လော့။ ငါ​အ​ကြံ​ပေး​မည်။ ဘု​ရား​သ​ခင်​သည်​လည်း သင့်​ဘက်၌ ရှိ​တော်​မူ​လိမ့်​မည်။ သင်​သည် ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​မှု၌ လူ​များ​တို့၏​အ​မှု​ကို​စောင့်​လျက် ဘု​ရား​သ​ခင်​အ​ထံ​တော်​သို့​ဝင်၍ လျှောက်​ရ​မည်။ သူ​တို့​အား​လည်း ပ​ညတ်​တ​ရား​တော်​များ​ကို သင်​ချ​ရ​မည်။ သူ​တို့​သွား​ရာ​လမ်း၊ ပြု​ရ​သော​အ​မှု​ကို​လည်း​ပြ​ရ​မည်။ ထို​မှ​တစ်​ပါး ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​လျက်၊ သ​စ္စာ​နှင့်​ပြည့်​စုံ​လျက်၊ လော​ဘ​ကို​ရွံ​ရှာ​လျက်၊ တတ်​စွမ်း​နိုင်​သော​သူ​တို့​ကို လူ​အ​ပေါင်း​တို့​အ​ထဲ​က ရွေး​ကောက်​၍၊ တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​ရာ၌ ခန့်​ထား​ရ​မည်။ ထို​သူ​တို့​သည်​ခပ်​သိမ်း​သော​အ​ချိန်​၌ လူ​များ​တို့​ကို တ​ရား​စီ​ရင်​ကြ​စေ။ ကြီး​သော​အ​မှု၌ သင်၏​အ​ယူ​ကို​ခံ​ကြ​စေ။ ငယ်​သော​အ​မှု​ကို အ​လို​လို​စီ​ရင်​ကြ​စေ။ သို့​ဖြစ်​လျှင် သူ​တို့​သည်​ဝိုင်း​ညီ၍ အ​မှု​ထမ်း​သ​ဖြင့် သင်​သည်​သက်​သာ​လိမ့်​မည်။ ထို​သို့ ဘု​ရား​သ​ခင်​အ​ခွင့်​နှင့်​ပြု​လျှင် သင်​သည်​ခိုင်​ခံ့​လိမ့်​မည်။ ဤ​လူ​အ​ပေါင်း​တို့​သည် မိ​မိ​နေ​ရာ​ပြည်​သို့ ငြိမ်​ဝပ်​စွာ​သွား​ကြ​လိမ့်​မည်​ဟု ပြော​ဆို​၏။ မော​ရှေ​သည်​လည်း ယော​က္ခ​မ၏​စ​ကား​ကို​နား​ထောင်​၍ စ​ကား​ရှိ​သည်​အ​တိုင်း ပြု​လျက်၊ တတ်​စွမ်း​နိုင်​သော​သူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က​ရွေး​ကောက်၍ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​သီး​အ​သီး ခေါင်း​အ​ရာ၌​ခန့်​ထား​လေ​၏။ ထို​သူ​တို့​သည် ခပ်​သိမ်း​သော​အ​ချိန်၌ လူ​တို့​ကို​တ​ရား​စီ​ရင်​ကြ​၏။ ခက်​သော​အ​မှု၌ မော​ရှေ​၏​အ​ယူ​ကို​ခံ​ကြ​၏။ လွယ်​သော​အ​မှု​ကို အ​လို​လို​စီ​ရင်​ကြ​၏။ ထို​နောက် မော​ရှေ​သည် ယော​က္ခ​မ​သွား​ရ​သော​အ​ခွင့်​ကို​ပေး၍၊ သူ​သည် မိ​မိ​နေ​ရာ​သို့​သွား​လေ၏။

ထွက်မြောက်ရာ 18:1-27 Common Language Bible (BCL)

မိ​ဒျန်​ပြည်​မှ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သူ​မော​ရှေ ၏​ယောက္ခ​မ​ယေ​သ​ရော​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော်​မူ ခဲ့​စဉ်​က မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ထာ​ဝ​ရ​ဘု​ရား​မည်​ကဲ့​သို့​ကျေး​ဇူး ပြု​တော်​မူ​ကြောင်း​ကို​ကြား​သိ​ရ​၏။- သို့​ဖြစ်​၍​သူ​သည်​ယောက္ခ​မ​အိမ်​သို့​ဇ​နီး​ဇိ​ပေါ​ရ ကို​စေ​လွှတ်​ခဲ့​ရာ ယေ​သ​ရော​သည်​ဇိ​ပေါ​ရ​နှင့် သား​နှစ်​ယောက်​ဖြစ်​သော ဂေ​ရ​ရှုံ​နှင့်​ဧ​လျေ​ဇာ တို့​ကို​လက်​ခံ​၏။ (မော​ရှေ​က``ငါ​သည်​နိုင်​ငံ​ခြား ၌​ဧည့်​သည်​ဖြစ်​သည်'' ဟု​ဆို​၍​သား​တစ်​ယောက် ကို​ဂေ​ရ​ရှုံ​ဟု​နာ​မည်​ပေး​ခဲ့​၏။- တစ်​ဖန်``ငါ့​အ​ဖ​၏​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ ကို​အီ​ဂျစ်​ဘု​ရင်​၏​ဋ္ဌား​ဘေး​မှ​ကယ်​တင်​တော် မူ​၏'' ဟု​ဆို​၍​အ​ခြား​သော​သား​တစ်​ယောက် ကို​ဧ​လျေ​ဇာ​ဟု​နာ​မည်​ပေး​ခဲ့​၏။-) ယေ​သ​ရော​သည်​မော​ရှေ​၏​ဇ​နီး​နှင့်​သား များ​တို့​ကို တော​ကန္တာ​ရ​ရှိ​ထာ​ဝ​ရ​ဘု​ရား ၏​တောင်​တွင်​စ​ခန်း​ချ​လျက်​ရှိ​သော​မော​ရှေ ထံ​သို့​ခေါ်​ဆောင်​လာ​၏။- သူ​သည်​မော​ရှေ​၏​ဇ​နီး​နှင့်​သား​နှစ်​ယောက် တို့​နှင့်​အ​တူ လာ​ရောက်​မည်​ဖြစ်​ကြောင်း မော​ရှေ​ထံ​သ​တင်း​ပို့​ခဲ့​၏။- သို့​ဖြစ်​၍​မော​ရှေ​သည်​ထွက်​လာ​၍​ယောက္ခ​မ ကို​ဦး​ညွှတ်​လျက်​နမ်း​ရှုပ်​ကြို​ဆို​လေ​၏။ သူ တို့​အ​ချင်း​ချင်း​နှုတ်​ခွန်း​ဆက်​ကြ​ပြီး နောက်​မော​ရှေ​၏​တဲ​ထဲ​သို့​ဝင်​ကြ​၏။- မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​ကယ်​တင်​ရန်​အ​လို့​ငှါ အီ​ဂျစ်​ဘု​ရင်​နှင့်​အီ​ဂျစ်​အ​မျိုး​သား​တို့ အ​ပေါ်​ပြု​တော်​မူ​ပုံ​အ​ကြောင်း​အ​ရာ​အား​လုံး ကို ယေ​သ​ရော​အား​ပြော​ပြ​၏။ ထို့​အ​ပြင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရင်​ဆိုင်​ခဲ့​ရ သော​အ​ခက်​အ​ခဲ​များ​နှင့်​တ​ကွ ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​ကယ်​တင်​ခဲ့​ကြောင်း​ကို​ပြော​ပြ​၏။- ယေ​သ​ရော​သည်​အီ​ဂျစ်​အ​မျိုး​သား​များ လက်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ကယ်​တင်​တော်​မူ​ခဲ့​သည့် သ​တင်း​ကို​ကြား​ရ​လျှင် အ​လွန်​ဝမ်း​သာ အား​ရ​ဖြစ်​လေ​၏။- ယေ​သ​ရော​က``အီ​ဂျစ်​အ​မျိုး​သား​တို့​နှင့် အီ​ဂျစ်​ဘု​ရင်​၏​လက်​မှ သင်​တို့​ကို​ကယ်​တင် တော်​မူ​သော​ထာ​ဝ​ရဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ ကျွန်​ဘ​ဝ​မှ​မိ​မိ​လူ​မျိုး တော်​အား ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။- ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​ပေါ် မာ​န​ထောင်​လွှား​ခဲ့​သော အီ​ဂျစ်​အ​မျိုး​သား​တို့​အ​ပေါ်​ပြု​မူ​ပုံ ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရား​အ​ပေါင်း တို့​ထက်​ပို​၍​ဘုန်း​တန်​ခိုး​ကြီး​တော်​မူ ကြောင်း​ယ​ခု​ငါ​သိ​ပြီ'' ဟု​ဆို​၏။- ထို​နောက်​ယေ​သ​ရော​သည်​ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ရန် မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား​ပူ ဇော်​ရာ​ယဇ်​များ​ကို​ဆောင်​ခဲ့​၏။ အာ​ရုန်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အပေါင်း တို့​သည်​ယေ​သ​ရော​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​အ​စား​အ​စာ​သုံး​ဆောင်​ရန် လာ​ကြ​၏။ နောက်​တစ်​နေ့​တွင်​မော​ရှေ​သည်​လူ​တို့​၏ အ​မှု​အ​ခင်း​များ​ကို နံ​နက်​ချိန်​မှ​စ​၍ မိုး​ချုပ်​သည့်​တိုင်​အောင်​စီ​ရင်​ရ​သည်။- လူ​တို့​အ​တွက်​မော​ရှေ​ဆောင်​ရွက်​ရ​သ​မျှ​ကို ယေ​သ​ရော​မြင်​ရ​သော​အ​ခါ​မော​ရှေ​အား``သင် သည်​ဤ​လူ​တို့​အ​တွက်​မည်​သည့်​အ​မှု​ကိစ္စ​ကို ဆောင်​ရွက်​ပေး​နေ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် တစ်​ယောက်​တည်း​ဆောင်​ရွက်​နေ​ပါ​သ​နည်း။ လူ အ​ပေါင်း​တို့​သည်​သင့်​ထံ​၌​တစ်​နေ​ကုန်​ရပ် လျက်​စောင့်​နေ​ကြ​ပါ​သည်​တ​ကား'' ဟု​ဆို လေ​၏။ မော​ရှေ​က``သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ကို​သိ​လို​၍ ကျွန်ုပ်​ထံ​သို့​လာ ကြ​ပါ​၏။- လူ​နှစ်​ဦး​၌​အ​ငြင်း​အ​ခုံ​ဖြစ်​ပွား​လျှင် ကျွန်ုပ် ၏​အ​ဆုံး​အ​ဖြတ်​ကို​ခံ​ယူ​ရန်​ကျွန်ုပ်​ထံ​သို့ လာ​ကြ​ပါ​သည်။ ကျွန်ုပ်​သည်​သူ​တို့​အား​ဘု​ရား​သ​ခင်​၏​အ​မိန့်​နှင့်​ပ​ညတ်​တော်​များ​ကို​လိုက် နာ​ရန် ပြော​ပြ​ရ​ပါ​သည်'' ဟု​ဖြေ​ကြား​လေ ၏။ ထို​အ​ခါ​ယေ​သ​ရော​က​မော​ရှေ​အား``သင် ပြု​လုပ်​နေ​ပုံ​မှာ​မ​တော်​မ​သင့်​ပါ။- သင်​နှင့်​တ​ကွ​ဤ​သူ​အား​လုံး​တို့​သည်​ပင် ပန်း​နွမ်း​ရိ​ကြ​လိမ့်​မည်။ ဤ​တာ​ဝန်​သည်​သင့် အ​တွက်​ကြီး​လွန်း​လှ​၏။ သင်​တစ်​ဦး​တည်း ထမ်း​ဆောင်​နိုင်​မည်​မ​ဟုတ်။- ငါ​သည်​သင့်​အား​အ​ကြံ​ကောင်း​ပေး​ပါ​မည်။ ဘု​ရား​သ​ခင်​သည်​သင်​နှင့်​အ​တူ​ရှိ​ပါ​စေ သော။ သင်​၏​တာ​ဝန်​မှာ​လူ​တို့​၏​အ​ငြင်း​ပွား မှု​များ​ကို သူ​တို့​၏​ကိုယ်​စား​ဘု​ရား​သ​ခင် ထံ​တော်​သို့​တင်​လျှောက်​ပေး​ခြင်း​မှာ​ကောင်း ပေ​သည်။- သင်​သည်​သူ​တို့​အား​ဘု​ရား​သ​ခင်​၏​အ​မိန့် နှင့်​ပ​ညတ်​တော်​များ​ကို​သင်​ကြား​ပေး​၍ သူ တို့​မည်​ကဲ့​သို့​လိုက်​နာ​ကျင့်​သုံး​ရ​မည်​ကို ရှင်း​လင်း​ပေး​ခြင်း​မှာ​လည်း​ကောင်း​ပေ သည်။- သို့​ရာ​တွင်​သင်​သည်​လူ​တစ်​ထောင်​စု၊ တစ်​ရာ​စု၊ ငါး​ဆယ်​စု၊ တစ်​ဆယ်​စု​တို့​ကို​ခေါင်း​ဆောင်​နိုင် မည့်​အ​ရည်​အ​ချင်း​ရှိ​သူ​များ​ကို​ရွေး​ချယ် ခန့်​ထား​သင့်​ပါ​သည်။ ထို​သူ​တို့​သည်​ဘု​ရား ကို​ကြောက်​ရွံ့​၍​ရိုး​သား​ဖြောင့်​မတ်​လျက် အ​ဂ​တိ​မလိုက်​စား​တတ်​သူ​များ​ဖြစ်​ရ ကြ​မည်။- သူ​တို့​ကို​အ​မြဲ​တမ်း​တ​ရား​သူ​ကြီး​များ အ​ဖြစ် လူ​တို့​၏​အ​မှု​အ​ခင်း​များ​ကို​စီ​ရင် စေ​ရ​မည်။ သူ​တို့​သည်​ခက်​ခဲ​သော​အ​မှု​များ ကို​သင့်​ထံ​သို့​တင်​ပြ​၍ သေး​ငယ်​သော​အ​မှု များ​ကို​သူ​တို့​ကိုယ်​တိုင်​စီ​ရင်​ဆုံး​ဖြတ်​စေ ရ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည် သင်​၏ တာ​ဝန်​ကို​ခွဲ​ဝေ​ထမ်း​ဆောင်​ကြ​သော ကြောင့်​သင့်​အ​တွက်​သက်​သာ​လိမ့်​မည်။- ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​နှင့်​အ​ညီ ဤ​နည်း​အ​တိုင်း​ဆောင်​ရွက်​လျှင် သင်​သည်​ပင် ပန်း​နွမ်း​ရိ​လိမ့်​မည်​မ​ဟုတ်။ ဤ​လူ​အ​ပေါင်း တို့​သည်​လည်း​အ​မှု​အ​ခင်း​များ​ပြီး​ပြတ် လျက် မိ​မိ​တို့​နေ​အိမ်​သို့​ပြန်​နိုင်​ကြ​လိမ့် မည်'' ဟု​အကြံ​ပေး​သည်။ မော​ရှေ​သည်​ယေ​သ​ရော​အ​ကြံ​ပေး​သည့် အ​တိုင်း လိုက်​နာ​ဆောင်​ရွက်​လေ​၏။- သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အ​ထဲ​မှ အ​ရည်​အ​ချင်း​ပြည့်​စုံ​သူ​တို့​ကို ရွေး​၍​လူ​တစ်​ထောင်​စု၊ တစ်​ရာ​စု၊ ငါး​ဆယ်​စု၊ တစ်​ဆယ်​စု​တို့​တွင်​ခေါင်း​ဆောင်​များ​အ​ဖြစ် ခန့်​ထား​လေ​၏။- ထို​သူ​တို့​သည်​လူ​များ​ကို​တ​ရား​စီ​ရင်​ရန် အ​မြဲ​တမ်း​တ​ရား​သူ​ကြီး​များ​အ​ဖြစ် ဆောင်​ရွက်​ရ​သည်။ သူ​တို့​သည်​ခက်​ခဲ​သော အ​မှု​များ​ကို​မော​ရှေ​ထံ​သို့​တင်​ပြ​၍ သေး ငယ်​သော​အ​မှု​များ​ကို​ကိုယ်​တိုင်​ဆုံး​ဖြတ် ကြ​၏။ ထို​နောက်​ယေ​သ​ရော​သည် မော​ရှေ​အား​နှုတ် ခွန်း​ဆက်​သ​၍ မိ​မိ​၏​နေ​ရပ်​သို့​ပြန်​သွား လေ​သည်။

ထွက်မြောက်ရာ 18:1-27 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​က မောရှေ​နှင့် မိမိ​၏​လူမျိုး​တော်​အစ္စရေး​တို့​အား ပြု​ပေး​ခဲ့​သော​အရာ​အားလုံး​နှင့် ထာဝရဘုရား​က အစ္စရေး​လူမျိုး​တို့​အား အီဂျစ်​ပြည်​မှ မည်သို့​ထုတ်ဆောင်​လာ​ခဲ့​သည်​ကို မောရှေ​၏​ယောက္ခမ မိဒျန်​ယဇ်ပုရောဟိတ်​ယေသရော ကြားသိ​ရ​၏​။ မောရှေ​သည် မိမိ​မယား​ဇိပေါရ​ကို ပြန်လွှတ်​လိုက်​သည်​ဖြစ်၍ မောရှေ​၏​ယောက္ခမ​ယေသရော​သည် ဇိပေါရ​နှင့် သူ​၏​သား​နှစ်​ယောက်​ကို ခေါ်ထား​၏​။ မောရှေ​က “​ငါ​သည် တစ်ပါးအမျိုးသား​ပြည်​၌ ဧည့်သည်​ဖြစ်​ရ​ပြီ​”​ဟု ဆို​လျက် သား​တစ်​ယောက်​၏​အမည်​ကို ဂေရရှုံ ဟု မှည့်ခေါ်​ထား​၏​။ နောက်သား​တစ်​ယောက်​၏​အမည်​မှာ “​ငါ့​အဖ​၏​ဘုရားသခင်​သည် ငါ့​ကို​ကူညီမစ​သော​အရှင်​ဖြစ်၍ ငါ့​ကို ဖာရော​မင်းကြီး​၏​ဓားဘေး​မှ ကယ်နုတ်​တော်မူ​ပြီ​”​ဟု ဆို​လျက် ဧလျေဇာ ဟု​မှည့်ခေါ်​ထား​၏​။ မောရှေ​၏​ယောက္ခမ​ယေသရော​သည် မောရှေ​၏​မယား​နှင့်​သား​တို့​ကို ဘုရားသခင်​၏​တောင်​တော်​ရှိ မောရှေ​စခန်းချ​ရာ တောကန္တာရ​သို့ ခေါ်ဆောင်​လာ​ပြီး ယေသရော​က “​သင်​၏​ယောက္ခမ ငါ​ယေသရော​သည် သင့်​မယား​၊ သင့်​သား​နှစ်​ယောက်​တို့​နှင့်အတူ သင့်​ထံသို့​လာ​နေ​ပြီ​”​ဟု မောရှေ​ထံ ပြောကြား​စေ​၏​။ ထို့ကြောင့် မောရှေ​သည် မိမိ​ယောက္ခမ​ကို​ကြိုဆို​ရန်​ထွက်လာ​၍ သူ့​ရှေ့​၌​ပျပ်ဝပ်​ပြီး သူ့​အား​နမ်း​လေ​၏​။ သူ​တို့​သည် တစ်ဦး​နှင့်​တစ်ဦး သာကြောင်းမာကြောင်း​မေးမြန်း​ပြီးလျှင် တဲ​ထဲသို့​ဝင်​ကြ​၏​။ ထို့နောက် မောရှေ​က ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​အတွက် ဖာရော​မင်းကြီး​နှင့်​အီဂျစ်​လူမျိုး​တို့​အပေါ် ပြု​တော်မူ​ခဲ့​သမျှ​ကို​လည်းကောင်း​၊ လမ်းခရီး​၌ သူ​တို့​ကြုံတွေ့​ရ​သော​အခက်အခဲ​အလုံးစုံ​တို့​ကို​လည်းကောင်း​၊ သူ​တို့​အား ထာဝရဘုရား​ကယ်နုတ်​တော်မူ​ခဲ့​ကြောင်း​ကို​လည်းကောင်း မိမိ​ယောက္ခမ​အား ပြောပြ​လေ​၏​။ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​လူမျိုး​တို့​လက်​မှ ကယ်နုတ်​တော်မူ​၍ သူ​တို့​အတွက် ကိုယ်တော်​ပြု​တော်မူ​ခဲ့​သည့် ကောင်းမြတ်​သော​အရာ​ရှိသမျှ​တို့​ကြောင့် ယေသရော​သည် ဝမ်းသာအားရ​ဖြစ်​၏​။ ထို့ကြောင့် ယေသရော​က “​သင်​တို့​ကို အီဂျစ်​လူမျိုး​တို့​လက်​မှ​လည်းကောင်း​၊ ဖာရော​မင်းကြီး​၏​လက်​မှ​လည်းကောင်း ကယ်နုတ်​တော်မူ​သော​အရှင်​၊ အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​လူမျိုး​တို့​၏​လက်​အောက်​မှ ကယ်နုတ်​တော်မူ​သော​အရှင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။ သူ​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ဖိနှိပ်ညှဉ်းဆဲ​သော​အမှုအရာ​ကြောင့် ထာဝရဘုရား​သည် ဘုရား​ရှိသမျှ​တို့​ထက် ကြီးမြတ်​တော်မူ​ကြောင်း​ကို ယခု​ငါ​သိ​ပြီ​”​ဟု ဆို​၏​။ ထို့နောက် မောရှေ​၏​ယောက္ခမ​ယေသရော​သည် ဘုရားသခင်​ထံ မီးရှို့ရာယဇ်​နှင့် ယဇ်ကောင်​များ​ကို ယူဆောင်​လာ​၏​။ အာရုန်​နှင့်​အစ္စရေး​လူမျိုး​သက်ကြီးဝါကြီး​အပေါင်း​တို့​သည်​လည်း ဘုရားသခင်​ရှေ့​တော်​၌ မောရှေ​၏​ယောက္ခမ​နှင့်အတူ အစားအစာ​စားသောက်​ရန် လာ​ကြ​၏​။ နောက်တစ်နေ့​၌ မောရှေ​သည် လူ​တို့​ကို​တရားစီရင်​ရန် ထိုင်​၍ လူ​တို့​သည် နံနက်အချိန်​မှ နေဝင်ချိန်​တိုင်အောင် မောရှေ​ရှေ့​၌ ရပ်​နေ​ကြ​၏​။ လူ​တို့​အတွက် မောရှေ​ဆောင်ရွက်​ပေး​သမျှ​တို့​ကို သူ​၏​ယောက္ခမ​ယေသရော​တွေ့မြင်​လျှင် “​လူ​တို့​အတွက် သင်​မည်သို့ ဆောင်ရွက်​ပေး​နေ​သနည်း​။ အဘယ်ကြောင့် သင်​တစ်ယောက်တည်း​ထိုင်​၍ လူ​အပေါင်း​တို့​သည် နံနက်အချိန်​မှ နေဝင်ချိန်​တိုင်အောင် သင့်​ရှေ့​၌​ရပ်​နေ​ကြ​ရ​သနည်း​”​ဟု ဆို​၏​။ မောရှေ​က​လည်း သူ​၏​ယောက္ခမ​အား “​လူ​တို့​သည် အကျွန်ုပ်​ထံသို့​လာ​၍ ဘုရားသခင်​အား မေးလျှောက်​လို​ကြ​သောကြောင့်​ဖြစ်​ပါ​၏​။ သူ​တို့​၌ အမှုအခင်း​ရှိ​သောအခါ အကျွန်ုပ်​ထံသို့​လာ​ကြ​ပါ​၏​။ အကျွန်ုပ်​သည်​လည်း သူ​တို့​တစ်ဦး​နှင့်​တစ်ဦး​ကြား တရားစီရင်​ပေး​၍ ဘုရားသခင်​၏​ပြဋ္ဌာန်းချက်​များ​နှင့်​တရား​များ​ကို​လည်း သူ​တို့​အား သွန်သင်​ပေး​ရ​ပါ​၏​”​ဟု ပြန်ပြော​လေ​၏​။ ထိုအခါ မောရှေ​၏​ယောက္ခမ​က “​သင် ဤသို့​ပြု​ခြင်း​သည် အဆင်​မ​ပြေ​ပေ​။ သင်​နှင့်တကွ ဤ​လူ​တို့​သည် အမှန်တကယ်​ပင်ပန်း​ကြ​လိမ့်မည်​။ သင့်​အတွက် ဤ​အမှု​သည် ကြီးလေး​သောကြောင့် သင်​တစ်ယောက်တည်း မ​ဆောင်ရွက်​နိုင်​။ ယခု ငါ့​စကား​ကို နားထောင်​လော့​။ သင့်​ကို ငါ​အကြံပေး​မည်​။ ဘုရားသခင်​သည် သင်​နှင့်အတူ​ရှိ​တော်မူ​ပါစေသော​။ သင်​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ လူ​တို့​၏​ကိုယ်စား​ဖြစ်​၍ ဘုရားသခင်​ထံသို့​အမှုအခင်း​များ​ကို တင်သွင်း​ရ​မည်​။ ပြဋ္ဌာန်းချက်​များ​၊ ဥပဒေသ​များ​နှင့်​ပတ်သက်၍ သူ​တို့​အား သတိပေး​ရ​မည်​။ သူ​တို့​သွား​ရ​မည့်​လမ်း​၊ လုပ်ဆောင်​ရ​မည့်​အလုပ်​ကို သူ​တို့​အား​သိ​စေ​ရ​မည်​။ လူ​အပေါင်း​တို့​ထဲမှ အရည်အချင်း​ရှိ​သော​သူ​၊ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​၊ သစ္စာရှိ​သော​သူ​၊ မတရား​သော​အကျိုးစီးပွား​ကို​မုန်း​သော​သူ​တို့​ကို ရွေးချယ်​၍ သူ​တို့​ကို လူ​တစ်ထောင်​အုပ်​၊ တစ်ရာ​အုပ်​၊ ငါးဆယ်​အုပ်​၊ တစ်ဆယ်​အုပ်​အဖြစ် ခန့်ထား​ရ​မည်​။ သူ​တို့​သည် လူ​တို့​ကို အချိန်မရွေး စီရင်​ပေး​ကြ​စေ​။ ကြီး​သော​အမှု​ရှိသမျှ​ကို သင့်​ထံသို့​တင်သွင်း​၍ သေးငယ်​သော​အမှု​ရှိသမျှ​ကို သူ​တို့​ကိုယ်တိုင်​စီရင်​ပေး​ကြ​စေ​။ ဤသို့ သူ​တို့​သည် သင့်​ဝန်​ကို ကူထမ်း​ပေး​သဖြင့် သင့်​အတွက် ဝန်ပေါ့​လိမ့်မည်​။ သင်​သည် ဤသို့​ပြု​မည်​၊ ဘုရားသခင်​သည်​လည်း ဤသို့ ခွင့်ပြု​မည်​ဆိုလျှင် သင်​သက်သာ​လိမ့်မည်​။ ဤ​လူ​အပေါင်း​တို့​သည်​လည်း မိမိ​တို့​နေအိမ်​သို့ ငြိမ်းချမ်း​စွာ​ပြန်သွား​ရ​လိမ့်မည်​”​ဟု ဆို​လေ​၏​။ မောရှေ​သည်​လည်း မိမိ​ယောက္ခမ​၏​စကား​ကို​နားထောင်​၍ ပြော​သမျှ​အတိုင်း​ပြု​လေ​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​ထဲမှ အရည်အချင်း​ရှိ​သော​သူ​များ​ကို​ရွေးချယ်​၍ သူ​တို့​ကို လူ​တို့​၏​အကြီးအမှူး​များ​အဖြစ် လူ​တစ်ထောင်​အုပ်​၊ တစ်ရာ​အုပ်​၊ ငါးဆယ်​အုပ်​၊ တစ်ဆယ်​အုပ် စသည်ဖြင့် ခန့်အပ်​ထား​လေ​၏​။ ထို​သူ​တို့​သည်​လည်း လူ​တို့​အား အချိန်မရွေး စီရင်​ပေး​ကြ​၏​။ ခက်ခဲ​သော​အမှု​ကို မောရှေ​ထံသို့​တင်သွင်း​၍ သေးငယ်​သော​အမှု​ရှိသမျှ​ကို သူ​တို့​ကိုယ်တိုင် စီရင်​ကြ​၏​။ ထို့နောက် မောရှေ​သည် သူ​၏​ယောက္ခမ​အား ပြန်ခွင့်ပြု​၍ သူ​သည် နေရင်းပြည်​သို့​ပြန်သွား​လေ​၏​။