YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 13:1-16

ထွက်မြောက်ရာ 13:1-16 Judson Bible (JBMLE)

မော​ရှေ​ကို​ခေါ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် အ​ဦး​ဖွား​သော​သူ၊ လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ သား​ဦး​အ​ပေါင်း​တို့​ကို ငါ့​အ​ဖို့​သန့်​ရှင်း​စေ​လော့။ ငါ့​ဥ​စ္စာ​ဖြစ်​ကြ​သည်​ဟု မိန့်​တော်​မူ၏။ မော​ရှေ​က​လည်း၊ သင်​တို့​သည်​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော ဤ​နေ့​ရက်​ကို​အောက်​မေ့​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို ထို​ပြည်​မှ​နုတ်​ဆောင်​တော်​မူ​ပြီ။ တ​ဆေး​ပါ​သော​မုန့်​ကို​မ​စား​ရ။ အ​ဗိ​ဗ​လ၊ ယ​နေ့၌​ပင်​သင်​တို့​သည် ထွက်​လာ​ကြ​ပြီ။ သင်​တို့​အား​ပေး​ခြင်း​ငှာ ဘိုး​ဘေး​များ၌ ထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​တော်​မူ​သော​ပြည်၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ​တည်း​ဟူ​သော နို့​နှင့် ပျား​ရည်​စီး​သော​ပြည်​သို့​ပို့​ဆောင်​တော်​မူ​ပြီး​မှ၊ ယ​ခု​လ​တွင် သင်​တို့​သည် ဤ​ဝတ်​ကို​ပြု​ရ​ကြ​မည်။ ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မ​ပါ​သော​မုန့်​ကို​စား​ပြီး​မှ၊ ခု​နစ်​ရက်​မြောက်​သော​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ပွဲ​ခံ​ရ​ကြ​မည်။ တ​ဆေး​မ​ပါ​သော​မုန့်​ကို​စား​ရ​သော​ခု​နစ်​ရက်​ပတ်​လုံး သင်​တို့​၌ တ​ဆေး​ကို မ​တွေ့​မ​မြင်​ရ။ သင်​တို့​နေ​သော​အ​ရပ်​ရပ်​တို့၌​လည်း မ​တွေ့​မ​မြင်​ရ။ ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သော​ကာ​လ၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​ကြောင့်​ဤ​သို့​ပြု​ရ၏​ဟု ထို​နေ့​၌​သား​မြေး​တို့​အား ကြား​ပြော​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​သည်၊ သင်၏​နှုတ်၌​တည်​မည်​အ​ကြောင်း၊ ဤ​အ​ရာ​သည် သင်၏​လက်​၌​လ​က္ခ​ဏာ​သက်​သေ၊ သင်၏​မျက်​စိ​ကြား​မှာ အောက်​မေ့​ဖို့​ရာ​ဖြစ်​ရ​မည်။ အား​ကြီး​သော​လက်​တော်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​ပြီ။ ထို​ကြောင့်​စီ​ရင်​တော်​မူ​သော ဤ​ထုံး​စံ​ကို၊ မိ​မိ​အ​ချိန်၌ နှစ်​စဉ်​အ​တိုင်း စောင့်​ရ​ကြ​မည်။ သင်​တို့၌​လည်း​ကောင်း၊ ဘိုး​ဘေး၌​လည်း​ကောင်း၊ ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ပို့​ဆောင်​၍၊ ထို​ပြည်​ကို​ပေး​သ​နား​တော်​မူ​သော​အ​ခါ၊ သင်​တို့၌ အ​ဦး​ဖွား​သော​သား​အ​ပေါင်း​တို့​နှင့် သင်​တို့၌​ရှိ​သော​တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​အ​ပေါင်း​တို့​ကို၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အ​သီး​အ​ခြား​ခွဲ​ထား​ရ​ကြ​မည်။ အ​ထီး​ရှိ​သ​မျှ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​စ္စာ​ဖြစ်​ရ​ကြ​မည်။ မြည်း​မ၌ အ​ဦး​ဖွား​သော​မြည်း​သ​ငယ်​ကို၊ သိုး​သ​ငယ်​နှင့် ရွေး​ရ​မည်။ မ​ရွေး​လို​လျှင်၊ မြည်း​သ​ငယ်​လည်​ပင်း​ကို ချိုး​ရ​မည်။ လူ​သား​တို့​တွင် သား​ဦး​အ​ပေါင်း​ကို ရွေး​ရ​မည်။ နောင်​ကာ​လ၌​သင်၏​သား​က​လည်း၊ အ​ဘယ်​သို့​နည်း​ဟု​မေး​မြန်း​လျှင်၊ သင်​က​လည်း​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော လက်​တော်​ဖြင့် ငါ​တို့​ကို​နုတ်​ဆောင်​တော်​မူ၏။ ဖာ​ရော​ဘု​ရင်​သည်၊ ငါ​တို့​ကို အ​လွယ်​တ​ကူ​မ​လွှတ်​ဘဲ​နေ​သော​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်၌​လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ သား​ဦး​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား ကွပ်​မျက်​တော်​မူ၏။ ထို​ကြောင့် အ​ဦး​ဖွား​သော တိ​ရ​စ္ဆာန်​အ​ထီး​ရှိ​သ​မျှ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရ​မည်။ ကိုယ်​သား​တို့​တွင် သား​ဦး​ကို​ရွေး​ရ​မည်​ဟု ပြန်​ဆို​ရ​မည်။ ဤ​အ​ရာ​သည်​လည်း၊ သင်၏​လ​က္ခ​ဏာ​သက်​သေ၊ သင်၏​မျက်​စိ​ကြား​မှာ သင်း​ကျစ်​ဖြစ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​လက်​တော်​ဖြင့် ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​ပြီ​ဟု လူ​များ​တို့​အား​ပြော​ဆို​လေ၏။

ထွက်မြောက်ရာ 13:1-16 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သား​ဦး ယောကျာ်း​မှန်​သ​မျှ​တို့​ကို​ငါ့​အား​ဆက်​ကပ် ကြ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် သား​ဦး​ယောကျာ်း၊ တိ​ရစ္ဆာန်​တို့​တွင်​သား​ဦး ပေါက်​ဟူ​သ​မျှ​ကို​ငါ​ပိုင်​၏'' ဟု​မိန့်​တော် မူ​၏။ ထို​နောက်​မော​ရှေ​က ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး တော်​ဖြင့် သင်​တို့​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ သင်​တို့​ကို​ထုတ်​ဆောင်​ခဲ့​သော​နေ့​ရက်​ကို သ​တိ​ရ​ကြ​လော့။ ဤ​နေ့​ရက်​တွင်​တ​ဆေး ပါ​သော​မုန့်​ကို​မ​စား​ရ။- သင်​တို့​သည်​အ​ဗိ​ဗ​လ​ခေါ်​သော​ပ​ထ​မ​လ အ​တွင်း ဤ​နေ့​ရက်​တွင်​အီ​ဂျစ်​ပြည်​မှ​ထွက် ခွာ​လာ​ရ​ကြ​၏။- ထာ​ဝ​ရ​ဘု​ရား​သည်​ခါ​နန်​အ​မျိုး​သား၊ ဟိတ္တိ အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဟိ​ဝိ အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့​နေ​ထိုင် ရာ​ပြည်​ကို သင်​တို့​အား​ပေး​မည်​ဟု​သင်​တို့​၏ ဘိုး​ဘေး​တို့​ကို​ခိုင်​မြဲ​သော​သစ္စာ​က​တိ​ထား တော်​မူ​ခဲ့​၏။ ကိုယ်​တော်​ပို့​ဆောင်​၍​သင်​တို့​သည် အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍​မြေ​သြ​ဇာ​ထက် သန်​သော​ပြည်​သို့​ရောက်​ရှိ​သော​အ​ခါ နှစ်​စဉ် ပ​ထ​မ​လ​တွင်​ဤ​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။- ခု​နစ်​ရက်​ပတ်​လုံး​တ​ဆေး​မဲ့​မုန့်​ကို​စား​ပြီး လျှင် သတ္တ​မ​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​ပွဲ​တော် ကို​ကျင်း​ပ​ရ​မည်။- ခု​နစ်​ရက်​ပတ်​လုံး​တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ။ ထို​ရက်​အ​တွင်း​သင်​တို့​နေ​ထိုင်​ရာ ပြည်​တစ်​လျှောက်​လုံး​တွင်​တ​ဆေး​ပါ​သော မုန့်​ဖြစ်​စေ၊ တ​ဆေး​ဖြစ်​စေ​မ​ရှိ​စေ​ရ။- ထို​ပွဲ​တော်​စ​တင်​ကျင်း​ပ​သော​နေ့​တွင်​သင် ၏​သား​တို့​အား`အီ​ဂျစ်​ပြည်​မှ​ငါ​တို့​ထွက် ခွာ​လာ​စဉ်​က ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ သော​ကျေး​ဇူး​တော်​ကို​အောက်​မေ့​သည့်​အ​ထိမ်း အ​မှတ်​ပွဲ​တော်​ဖြစ်​သည်' ဟု​ရှင်း​ပြ​ရ​မည်။- ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် သင်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ သော​ကြောင့် သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တော်​ကို​အ​မြဲ​ရွတ်​ဆို​လေ့​လာ​နေ​စေ ရန် ပွဲ​တော်​သည်​သင်​တို့​၏​လက်​သို့​မ​ဟုတ်​သင် တို့​၏​န​ဖူး​ပေါ်​တွင်​ချည်​ထား​သော​အ​မှတ်​လက္ခ ဏာ​သ​ဖွယ် သင်​တို့​အား​သ​တိ​ရ​စေ​လိမ့်​မည်။- နှစ်​စဉ်​သတ်​မှတ်​သော​အ​ချိန်​၌​ဤ​ပွဲ​တော်​ကို ကျင်း​ပ​ရ​မည်။ ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့်​သင်​တို့​၏​ဘိုး ဘေး​တို့​အား​ပေး​မည်​ဟု ခိုင်​မြဲ​သော​က​တိ​သစ္စာ ထား​သော​ခါ​နာန်​ပြည်​သို့​သင်​တို့​ကို​ပို့​ဆောင် လိမ့်​မည်။ ထို​ပြည်​သို့​ရောက်​သော​အ​ခါ၊- သင်​တို့​၌​ဖွား​မြင်​သော​သား​ဦး​မှန်​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​မည်။ သင်​တို့ ၏​တိ​ရစ္ဆာန်​များ​မှ သား​ဦး​ပေါက်​အ​ထီး​မှန် သ​မျှ​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော် မူ​၏။- သို့​ရာ​တွင်​သား​ဦး​ပေါက်​မြည်း​အ​ထီး​ကို​သိုး က​လေး​နှင့်​လဲ​၍​ရွေး​ယူ​ရ​မည်။ ထို​သို့​လဲ​၍ မ​ရွေး​ယူ​လို​လျှင် မြည်း​က​လေး​၏​လည်​ပင်း ကို​ချိုး​ရ​မည်။ သင်​တို့​၏​သား​ဦး​ယောကျာ်း​မှန် သ​မျှ​ကို​ပြန်​၍​ရွေး​ယူ​ကြ​ရ​မည်။- နောင်​အ​ခါ​၌​သင်​၏​သား​က`အ​ဘယ်​ကြောင့်​ဤ သို့​ပြု​လုပ်​ရ​ပါ​သ​နည်း' ဟု​မေး​လျှင်`ထာ​ဝ​ရ ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ငါ​တို့​ကို ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​တော် မူ​၏။- အီ​ဂျစ်​ဘု​ရင်​သည်​ခေါင်း​မာ​၍​ငါ​တို့​အား သွား​ခွင့်​မ​ပေး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား သည်​အီ​ဂျစ်​ပြည်​၌​ရှိ​သော​လူ​နှင့်​တိ​ရစ္ဆာန် တို့​၏​သား​ဦး​ပေါက်​မှန်​သ​မျှ​တို့​ကို​သေ ဒဏ်​စီ​ရင်​တော်​မူ​၏။ ထို​အ​ကြောင်း​ကြောင့် ငါ​တို့​သည်​တိ​ရစ္ဆာန်​သား​ဦး​ပေါက်​မှန်​သ​မျှ ကို ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရ​၏။ သို့​သော်​လည်း​ငါ​တို့​၏​သား​ဦး​များ​ကို ပြန်​၍​ရွေး​ယူ​ကြ​သည်။- ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော် ဖြင့် ငါ​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့ ခြင်း​ကြောင့် ဤ​ပွဲ​တော်​သည်​သင်​၏​လက်​သို့ မ​ဟုတ်​သင်​၏​န​ဖူး​ပေါ်​တွင်​ချည်​ထား​သော အ​မှတ်​လက္ခ​ဏာ​သ​ဖွယ် သင်​တို့​အား​သ​တိ ရ​စေ​လိမ့်​မည်' ဟု​ပြန်​ပြော​ရ​မည်'' ဟူ​၍ ပြော​ဆို​လေ​၏။

ထွက်မြောက်ရာ 13:1-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​အစ္စရေး​အမျိုးသား​တို့​တွင် လူ​ဖြစ်စေ​၊ တိရစ္ဆာန်​ဖြစ်စေ သားအိမ်​တိုင်း​မှ​အဦးဆုံး​ထွက်လာ​သော​သားဦး​တိုင်း​ကို ငါ​ပိုင်​၏​။ ငါ့​အတွက် သန့်ရှင်း​စေ​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။ ထို့နောက် မောရှေ​က အစ္စရေး​လူမျိုး​တို့​အား “​ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ သင်​တို့​ထွက်လာ​သော ဤ​နေ့ရက်​ကို အောက်မေ့​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို ဤ​အရပ်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။ တဆေးပါသောမုန့်​ကို​မ​စား​ရ​။ အဗိဗ​လ​၊ ဤ​နေ့ရက်​၌ သင်​တို့​ထွက်လာ​ကြ​၏​။ ထာဝရဘုရား​သည် သင်​တို့​ကို​ပေး​မည်​ဟု သင်​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည့် နို့​နှင့်​ပျားရည်​စီး​သော​ပြည်​တည်းဟူသော ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​၏​ပြည်​သို့ သင်​တို့​ကို​ပို့ဆောင်​တော်မူ​သောအခါ သင်​တို့​သည် ဤ​လ​၌ ဤ​ပွဲ​ကို ကျင်းပ​ရ​မည်​။ ခုနစ်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​စား​၍ သတ္တမ​နေ့​၌ ထာဝရဘုရား​အဖို့ ပွဲတော်​ကျင်းပ​ရ​မည်​။ ခုနစ်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​သာ​စား​ရ​မည်​။ သင်​တို့​၌ တဆေးပါသောမုန့်​ကို​မ​တွေ့​ရ​စေ​နှင့်​။ သင်​တို့​၏​နယ်မြေ​တစ်ခွင်လုံး​တွင် တဆေး​ကို​လည်း မ​တွေ့​ရ​စေ​နှင့်​။ သင်​တို့​သည် ထို​နေ့​၌ သင်​တို့​၏​သားမြေး​များ​အား ‘​အီဂျစ်​ပြည်​မှ ငါ​တို့​ထွက်လာ​သောအခါ ငါ​တို့​အတွက် ထာဝရဘုရား​ပြု​တော်မူ​ခဲ့​သော​အမှု​ကြောင့် ဤသို့​ပြု​ခြင်း​ဖြစ်​၏​’​ဟူ၍ ကြားပြော​ရ​မည်​။ ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​သောကြောင့် ထာဝရဘုရား​၏​တရားတော်​သည် သင်​တို့​၏​နှုတ်​၌​တည်​မည့်​အကြောင်း သင်​တို့​အတွက် ဤ​အမှု​သည် သင်​တို့​၏​လက်​၌ အမှတ်လက္ခဏာ​၊ သင်​တို့​၏​မျက်မှောင်​၌ အမှတ်ရစရာ​အဖြစ် ရှိ​ရ​မည်​။ သို့ဖြစ်၍ နှစ်စဉ်နှစ်တိုင်း ဤ​ပြဋ္ဌာန်းချက်​ကို သတ်မှတ်​ထား​သော​အချိန်​၌ သင်​တို့​စောင့်ထိန်း​ရ​မည်​။ ထာဝရဘုရား​သည် သင်​တို့​နှင့်​သင်​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း သင်​တို့​ကို ခါနာန်​လူမျိုး​တို့​၏​ပြည်​သို့ ပို့ဆောင်​၍ ထို​ပြည်​ကို သင်​တို့​အား​ပေး​တော်မူ​သောအခါ သားအိမ်​မှ​အဦးဆုံး​ထွက်လာ​သော​သူ​ရှိသမျှ​နှင့် သင်​တို့​၏​တိရစ္ဆာန်​များ​မှ အဦးဆုံး​ပေါက်​သော​သားပေါက်​ရှိသမျှ​တို့​ကို ထာဝရဘုရား​အား ဆက်ကပ်​ရ​မည်​။ အထီး​ဟူသမျှ ထာဝရဘုရား​ပိုင်​တော်မူ​၏​။ မြည်း​မှ​အဦးဆုံး​ပေါက်​သော​အကောင်​ရှိသမျှ​ကို သိုးသငယ်​ဖြင့်​ရွေး​ရ​မည်​။ အကယ်၍ မ​ရွေး​လို​လျှင် မြည်းသားပေါက်​၏​လည်ပင်း​ကို​ချိုး​ရ​မည်​။ သင်​တို့​၏​သား​များ​ထဲမှ သားဦး​တိုင်း​ကို​ပြန်ရွေး​ရ​မည်​။ နောင်ကာလ​၌ သင်​တို့​၏​သား​များ​က ‘​ဤ​အမှု​ကား မည်သို့​ဆိုလို​သနည်း​’​ဟု သင်​တို့​အား မေးမြန်း​ကြ​သောအခါ သင်​တို့​က​လည်း ‘​ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် ငါ​တို့​ကို ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။ ဖာရော​မင်းကြီး​သည် ငါ​တို့​ကို လွှတ်ပေး​ရန် ငြင်းဆန်​သောအခါ ထာဝရဘုရား​သည် လူ​တို့​၏​သားဦး​မှစ၍ တိရစ္ဆာန်​တို့​၏​သားဦး​တိုင်အောင် အီဂျစ်​ပြည်​၌​ရှိ​သော​သားဦး​အားလုံး​ကို ကွပ်မျက်​တော်မူ​၏​။ ထို့ကြောင့် သားအိမ်​မှ​အဦးဆုံး​ထွက်လာ​သော​အထီး​ရှိသမျှ​တို့​ကို ငါ​တို့​သည် ထာဝရဘုရား​အား​ယဇ်ပူဇော်​ရ​၏​။ ငါ​တို့​၏​သားယောက်ျား​များ​ထဲမှ သားဦး​ရှိသမျှ​တို့​ကို ပြန်ရွေး​ရ​၏​’​ဟု သူ​တို့​အား ပြန်ပြော​ရ​မည်​။ ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် ငါ​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​သောကြောင့် ဤ​အမှု​သည် သင်​တို့​၏​လက်​၌ အမှတ်လက္ခဏာ​၊ သင်​တို့​၏​မျက်မှောင်​၌ အမှတ်သင်္ကေတ​အဖြစ် ရှိ​ရ​မည်​”​ဟု ပြောကြား​လေ​၏​။