YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 13:1-16

ထွက်မြောက်ရာ 13:1-16 JBMLE

မော​ရှေ​ကို​ခေါ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် အ​ဦး​ဖွား​သော​သူ၊ လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ သား​ဦး​အ​ပေါင်း​တို့​ကို ငါ့​အ​ဖို့​သန့်​ရှင်း​စေ​လော့။ ငါ့​ဥ​စ္စာ​ဖြစ်​ကြ​သည်​ဟု မိန့်​တော်​မူ၏။ မော​ရှေ​က​လည်း၊ သင်​တို့​သည်​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော ဤ​နေ့​ရက်​ကို​အောက်​မေ့​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို ထို​ပြည်​မှ​နုတ်​ဆောင်​တော်​မူ​ပြီ။ တ​ဆေး​ပါ​သော​မုန့်​ကို​မ​စား​ရ။ အ​ဗိ​ဗ​လ၊ ယ​နေ့၌​ပင်​သင်​တို့​သည် ထွက်​လာ​ကြ​ပြီ။ သင်​တို့​အား​ပေး​ခြင်း​ငှာ ဘိုး​ဘေး​များ၌ ထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​တော်​မူ​သော​ပြည်၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ​တည်း​ဟူ​သော နို့​နှင့် ပျား​ရည်​စီး​သော​ပြည်​သို့​ပို့​ဆောင်​တော်​မူ​ပြီး​မှ၊ ယ​ခု​လ​တွင် သင်​တို့​သည် ဤ​ဝတ်​ကို​ပြု​ရ​ကြ​မည်။ ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မ​ပါ​သော​မုန့်​ကို​စား​ပြီး​မှ၊ ခု​နစ်​ရက်​မြောက်​သော​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ပွဲ​ခံ​ရ​ကြ​မည်။ တ​ဆေး​မ​ပါ​သော​မုန့်​ကို​စား​ရ​သော​ခု​နစ်​ရက်​ပတ်​လုံး သင်​တို့​၌ တ​ဆေး​ကို မ​တွေ့​မ​မြင်​ရ။ သင်​တို့​နေ​သော​အ​ရပ်​ရပ်​တို့၌​လည်း မ​တွေ့​မ​မြင်​ရ။ ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သော​ကာ​လ၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​ကြောင့်​ဤ​သို့​ပြု​ရ၏​ဟု ထို​နေ့​၌​သား​မြေး​တို့​အား ကြား​ပြော​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​သည်၊ သင်၏​နှုတ်၌​တည်​မည်​အ​ကြောင်း၊ ဤ​အ​ရာ​သည် သင်၏​လက်​၌​လ​က္ခ​ဏာ​သက်​သေ၊ သင်၏​မျက်​စိ​ကြား​မှာ အောက်​မေ့​ဖို့​ရာ​ဖြစ်​ရ​မည်။ အား​ကြီး​သော​လက်​တော်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​ပြီ။ ထို​ကြောင့်​စီ​ရင်​တော်​မူ​သော ဤ​ထုံး​စံ​ကို၊ မိ​မိ​အ​ချိန်၌ နှစ်​စဉ်​အ​တိုင်း စောင့်​ရ​ကြ​မည်။ သင်​တို့၌​လည်း​ကောင်း၊ ဘိုး​ဘေး၌​လည်း​ကောင်း၊ ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ပို့​ဆောင်​၍၊ ထို​ပြည်​ကို​ပေး​သ​နား​တော်​မူ​သော​အ​ခါ၊ သင်​တို့၌ အ​ဦး​ဖွား​သော​သား​အ​ပေါင်း​တို့​နှင့် သင်​တို့၌​ရှိ​သော​တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​အ​ပေါင်း​တို့​ကို၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အ​သီး​အ​ခြား​ခွဲ​ထား​ရ​ကြ​မည်။ အ​ထီး​ရှိ​သ​မျှ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​စ္စာ​ဖြစ်​ရ​ကြ​မည်။ မြည်း​မ၌ အ​ဦး​ဖွား​သော​မြည်း​သ​ငယ်​ကို၊ သိုး​သ​ငယ်​နှင့် ရွေး​ရ​မည်။ မ​ရွေး​လို​လျှင်၊ မြည်း​သ​ငယ်​လည်​ပင်း​ကို ချိုး​ရ​မည်။ လူ​သား​တို့​တွင် သား​ဦး​အ​ပေါင်း​ကို ရွေး​ရ​မည်။ နောင်​ကာ​လ၌​သင်၏​သား​က​လည်း၊ အ​ဘယ်​သို့​နည်း​ဟု​မေး​မြန်း​လျှင်၊ သင်​က​လည်း​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော လက်​တော်​ဖြင့် ငါ​တို့​ကို​နုတ်​ဆောင်​တော်​မူ၏။ ဖာ​ရော​ဘု​ရင်​သည်၊ ငါ​တို့​ကို အ​လွယ်​တ​ကူ​မ​လွှတ်​ဘဲ​နေ​သော​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်၌​လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ သား​ဦး​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား ကွပ်​မျက်​တော်​မူ၏။ ထို​ကြောင့် အ​ဦး​ဖွား​သော တိ​ရ​စ္ဆာန်​အ​ထီး​ရှိ​သ​မျှ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရ​မည်။ ကိုယ်​သား​တို့​တွင် သား​ဦး​ကို​ရွေး​ရ​မည်​ဟု ပြန်​ဆို​ရ​မည်။ ဤ​အ​ရာ​သည်​လည်း၊ သင်၏​လ​က္ခ​ဏာ​သက်​သေ၊ သင်၏​မျက်​စိ​ကြား​မှာ သင်း​ကျစ်​ဖြစ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​လက်​တော်​ဖြင့် ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​ပြီ​ဟု လူ​များ​တို့​အား​ပြော​ဆို​လေ၏။