YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 12:31-42

ထွက်မြောက်ရာ 12:31-42 Judson Bible (JBMLE)

ထို​ည​ချင်း​တွင် မော​ရှေ​နှင့် အာ​ရုန်​ကို​ခေါ်​တော်​မူ​လျှင်၊ သင်​တို့​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထ၍ ငါ့​လူ​စု​ထဲ​က​ထွက်​သွား​ကြ​လော့။ သင်​တို့​တောင်း​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​အား​သွား၍ ဝတ်​ပြု​ကြ​လော့။ သင်​တို့​တောင်း​သည်​အ​တိုင်း သိုး​နွား​များ​ကို​ယူ၍​သွား​ကြ​လော့။ ငါ့​ကို​လည်း ကောင်း​ချီး​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။ အဲ​ဂု​တ္တု​လူ​တို့​က​လည်း၊ ငါ​တို့​ရှိ​သ​မျှ​သည် အ​သေ​ကောင်​ဖြစ်​ကြ​ပြီ​ဟု​ဆို​လျက်၊ ဣ​သ​ရေ​လ​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​ထဲ​က အ​လျင်​အ​မြန်​လွှတ်​ခြင်း​ငှာ ကျပ်​ကျပ်​နှိုး​ဆော်​ကြ​၏။ ထို​လူ​တို့​သည် တ​ဆေး​မ​ရော​သေး​သော​မုန့်​စိမ်း​ကို​ယူ၍ မုန့်​နယ်​သော​ခွက်​တို့​ကို​လည်း အ​ဝတ်​နှင့်​တ​ကွ​ထုပ်၍​ထမ်း​ကြ​၏။ မော​ရှေ​စီ​ရင်​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငွေ​တန်​ဆာ၊ ရွှေ​တန်​ဆာ၊ အ​ဝတ်​တန်​ဆာ​များ​ကို အဲ​ဂု​တ္တု​လူ​တို့၌​တောင်း​ကြ၏။ တောင်း​သည်​အ​တိုင်း​လည်း၊ ပေး​ချင်​သော​စေ​တ​နာ​စိတ်​ကို အဲ​ဂု​တ္တု​လူ​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သ​ဖြင့်၊ အဲ​ဂု​တ္တု​လူ​တို့၏ ဥ​စ္စာ​များ​ကို​လု​ယူ​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​မိန်း​မ​နှင့် သူ​ငယ်​ကို​မ​ဆို​ဘဲ၊ ယောက်ျား​အ​ရေ​အ​တွက်​အား​ဖြင့် ခြောက်​သိန်း​ခန့်​မျှ​ရှိ​သော​သူ​တို့​သည်၊ ရာ​မ​သက်​မြို့​မှ​ထွက်၍ သု​ကုတ်​အ​ရပ်​သို့ ခ​ရီး​သွား​ကြ​၏။ အ​မျိုး​မျိုး​သော​လူ​အ​များ​တို့​သည်​လည်း၊ သိုး​နွား​အ​စ​ရှိ​သော များ​စွာ​သော​တိ​ရ​စ္ဆာန်​တို့​နှင့်​တ​ကွ လိုက်​ကြ​၏။ တ​ဆေး​မ​ရော​ဘဲ အဲ​ဂု​တ္တု​ပြည်​မှ​ဆောင်​ခဲ့​သော မုန့်​စိမ်း​ကို​ယူ၍၊ တ​ဆေး​မ​ပါ​သော​မုန့်​ကို​ဖုတ်​ရ​ကြ​၏။ အ​ကြောင်း​မူ​ကား၊ အဲ​ဂု​တ္တု​ပြည်၌ မ​နွှဲ​မ​ဖင့် အ​နှင်​ခံ​ရ​သော​ကြောင့်၊ ကိုယ်​စား​စ​ရာ​ကို​မ​ပြင်​မီ​ကြ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်၌​ဧည့်​သည်​ဖြစ်၍၊ တည်​နေ​ကြ​သော​ကာ​လ နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ် ဖြစ်​သ​တည်း။ အ​နှစ်​လေး​ရာ​သုံး​ဆယ်​စေ့​သော​နေ့​ချင်း​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိုလ်​ခြေ​အ​ပေါင်း​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​ကြ​၏။ အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သော​အ​တွက်​ကြောင့်၊ ထို​နေ့​ည​ကို အ​ထူး​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား၌​စောင့်​စ​ရာ​ကောင်း၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်​မ​ပြတ် စောင့်​ရ​သော ထာ​ဝ​ရ​ဘု​ရား၏​ည​ကား၊ ဤ​သည်​ည​ပေ​တည်း။

ထွက်မြောက်ရာ 12:31-42 Common Language Bible (BCL)

ထို​ည​ချင်း​တွင်​ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​ခေါ်​၍``သင်​တို့​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ငါ​၏​ပြည်​မှ​ထွက်​သွား​ကြ လော့။ သင်​တို့​တောင်း​ဆို​သည့်​အ​တိုင်း​သွား​၍ ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ လော့။- သင်​တို့​၏ သိုး၊ ဆိတ်၊ နွား​တို့​ကို​လည်း​ယူ​ဆောင် သွား​ကြ​လော့။ ငါ​သည်​ကောင်း​ချီး​ခံ​စား​ရ​စေ ရန်​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​ပေး​ပါ​လော့'' ဟု​ဆို​လေ​၏။- အီ​ဂျစ်​အ​မျိုး​သား​တို့​က``သင်​တို့​သည်​ဤ ပြည်​မှ​မ​ထွက်​လျှင် ငါ​တို့​အား​လုံး​သေ​ရ ပါ​လိမ့်​မည်'' ဟု​ဆို​လျက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ အ​လျင်​အ​မြန် ထွက်​သွား​ရန်​တိုက်​တွန်း​ကြ​လေ​သည်။- သို့​ဖြစ်​၍​သူ​တို့​သည်​တ​ဆေး​မ​ရော​သေး သော​မုန့်​စိမ်း​ကို​မုန့်​နယ်​ခွက်​များ​တွင်​ထည့်​၍ အ​ဝတ်​နှင့်​ထုတ်​ပြီး​လျှင်​ပ​ခုံး​ပေါ်​၌​ထမ်း ယူ​ကြ​၏။- မော​ရှေ​မှာ​ကြား​ထား​သည့်​အ​တိုင်း​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည် သား​တို့​ထံ​မှ​ရွှေ​ထည်၊ ငွေ​ထည်၊ အ​ဝတ် အ​ထည်​များ​ကို​တောင်း​ယူ​ကြ​၏။- အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ရို​သေ​လေး​စား​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သ​ဖြင့်​သူ​တို့ တောင်း​သ​မျှ​ကို​ပေး​ကြ​၏။ ဤ​နည်း​အား ဖြင့်​သူ​တို့​သည် အီ​ဂျစ်​အ​မျိုး​သား​တို့​၏ ပစ္စည်း​ဥစ္စာ​များ​ကို​ယူ​ဆောင်​သွား​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရာ​မ​သက် မြို့​မှ သု​ကုတ်​မြို့​သို့​ခြေ​လျင်​ခ​ရီး​ဖြင့်​ထွက်​ခွာ လာ​ခဲ့​ကြ​၏။ အ​ရေ​အ​တွက်​အား​ဖြင့်​အ​မျိုး သ​မီး​နှင့်​က​လေး​များ​မ​ပါ​ဘဲ စု​စု​ပေါင်း လူ​ခြောက်​သိန်း​မျှ​ရှိ​လေ​သည်။- သူ​တို့​နှင့်​အ​တူ​ဣ​သ​ရေ​လ​အ​မျိုး​သား မ​ဟုတ်​သော​သူ​မြောက်​မြား​စွာ​တို့​နှင့် သိုး၊ ဆိတ်၊ နွား​များ​စွာ​တို့​လည်း​လိုက်​ပါ​သွား​ကြ​လေ သည်။- သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ယူ​ဆောင်​ခဲ့​သော တ​ဆေး​မ​ရော​သည့်​မုန့်​စိမ်း​ဖြင့်​မုန့်​ဖုတ်​ကြ ၏။ အီ​ဂျစ်​ပြည်​မှ​သူ​တို့​အား​ရုတ်​တ​ရက် နှင်​ထုတ်​လိုက်​ကြ​သည်​ဖြစ်​ခြင်း​ကြောင့် မုန့် စိမ်း​၌​တ​ဆေး​ရော​ရန်​အ​ချိန်​မ​ရ​ခဲ့ ကြ​ချေ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​တွင် နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ်​နေ​ထိုင် ခဲ့​ကြ​၏။- နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ်​စေ့​သော​နေ့​၌ ပင်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ခဲ့​ကြ​၏။- ထို​နေ့​ည​သည်​ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့ ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ရန်​စောင့်​ကြပ် ကြည့်​ရှု​သော​ည​ဖြစ်​၏။ သို့​ဖြစ်​၍​ဣ​သ​ရေ​လ အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည် ထို​ည​ကို ထာ​ဝ​ရ​ဘု​ရား​ထုတ်​ဆောင်​တော်​မူ​ရာ​ည အ​ထိမ်း​အ​မှတ်​ပွဲ​တော်​အ​ဖြစ်​နှစ်​စဉ် ကျင်း​ပ​ကြ​လေ​သည်။

ထွက်မြောက်ရာ 12:31-42 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​တို့​ကို ညတွင်းချင်း​ဆင့်ခေါ်​၍ “​သင်​တို့​မှစ၍ အစ္စရေး​အမျိုးသား​တို့​ပါ ထ​၍ ငါ​၏​လူမျိုး​ထဲ​မှ ထွက်သွား​ကြ​လော့​။ သင်​တို့​လျှောက်ထား​သည့်​အတိုင်း ထာဝရဘုရား​အား သွား​၍​ဝတ်ပြု​ကြ​လော့​။ သင်​တို့​လျှောက်ထား​သည့်​အတိုင်း သင်​တို့​၏​သိုးဆိတ်​များ​၊ နွား​များ​ကို ယူ​၍​သွား​ကြ​လော့​။ ငါ့​ကို​လည်း ကောင်းချီးပေး​ကြ​လော့​”​ဟု ဆို​လေ​၏​။ အီဂျစ်​လူမျိုး​တို့​က “​ငါ​တို့​အားလုံး​သေ​ကုန်​လိမ့်မည်​”​ဟု ဆို​လျက် အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​ပြည်​ထဲမှ အလျင်အမြန်​ထွက်သွား​ကြ​စေရန် နှိုးဆော်​ကြ​၏​။ ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​သည် တဆေး​မ​ဖောက်​ရ​သေး​သော​မုန့်နှစ်​ကို​ယူ​၍ မုန့်နယ်ခွက်​နှင့်အတူ အဝတ်​ဖြင့်​ထုပ်​၍ မိမိ​တို့​၏​ပခုံး​ပေါ်​ထမ်းသွား​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​၏​စကား​အတိုင်း​ပြု​ကြ​၏​။ အီဂျစ်​လူမျိုး​တို့​ထံမှ ရွှေ​ထည်​ငွေ​ထည်​များ​နှင့် အဝတ်အစား​များ​ကို တောင်း​ကြ​၏​။ ထာဝရဘုရား​သည်​လည်း အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​လူမျိုး​တို့​ရှေ့မှောက်​၌ မျက်နှာရ​စေ​တော်မူ​သဖြင့် သူ​တို့​တောင်း​သော​အရာ​များ​ကို​ပေး​ကြ​၏​။ ဤသို့ဖြင့် သူ​တို့​သည် အီဂျစ်​လူမျိုး​တို့​ထံမှ သိမ်းယူ​ကြ​လေ​၏​။ ကလေး​များ​အပြင် အစ္စရေး​အမျိုးသား ယောက်ျား​ခြောက်သိန်း​ခန့်​တို့​သည် ရာမသက်​အရပ်​မှ သုကုတ်​အရပ်​တိုင်အောင် ခြေကျင်​ခရီးပြု​ကြ​၏​။ အခြား​လူမျိုး​များစွာ​တို့​နှင့် သိုးဆိတ်​များ​၊ နွား​များ စသည့် အလွန်​များ​သော​တိရစ္ဆာန်​တို့​သည်​လည်း သူ​တို့​နှင့်အတူ​ထွက်သွား​ကြ​၏​။ အီဂျစ်​ပြည်​မှ​နှင်ထုတ်​ခံရ​စဉ်က သူ​တို့​သည်​အချိန်​မ​ရ​သဖြင့် မိမိ​တို့​အတွက်​စားနပ်ရိက္ခာ​ကို​ပင် မ​ပြင်ဆင်​နိုင်​ကြ​။ ထို့ကြောင့် အီဂျစ်​ပြည်​မှ​ယူဆောင်​လာ​သည့် တဆေး​မ​ဖောက်​ထား​သော မုန့်နှစ်​ဖြင့် တဆေးမဲ့​မုန့်ပြား​ကို​သာ ဖုတ်စား​ကြ​ရ​၏​။ အီဂျစ်​ပြည်​၌ အစ္စရေး​အမျိုးသား​တို့ နေထိုင်​ခဲ့​ကြ​သော​အချိန်​ကာလ​မှာ နှစ်ပေါင်း လေး​ရာ့​သုံးဆယ်​ဖြစ်​၏​။ နှစ်ပေါင်း​လေး​ရာ့​သုံးဆယ်​ပြည့်​သော​နေ့​၌​ပင် ထာဝရဘုရား​၏​လူစု​အပေါင်း​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​ခဲ့​ကြ​၏​။ ထို​ည​သည် အီဂျစ်​ပြည်​မှ သူ​တို့​ကို​ထုတ်ဆောင်​ရန် ထာဝရဘုရား​စောင့်စား​ခဲ့​သော​ည​ဖြစ်​၏​။ ထို​ည​သည် အစ္စရေး​အမျိုးသား​အပေါင်း​တို့ မျိုးဆက်​အစဉ်အဆက်​ထာဝရဘုရား​အဖို့ စောင့်ထိန်း​ရ​သော​ည​ဖြစ်​၏​။