YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 9:1-19

ဧသတာ 9:1-19 Judson Bible (JBMLE)

ရှင်​ဘု​ရင်​အ​မိန့်​တော်​အ​တိုင်း စီ​ရင်​ရ​သော​အ​ချိန်​နီး၍၊ ယု​ဒ​အ​မျိုး၏ ရန်​သူ​တို့​က၊ ငါ​တို့​နိုင်​မည်​ဟု မျှော်​လင့်​သော​နေ့၊ အ​မှု​ပြောင်း​လဲ၍ ယု​ဒ​လူ​တို့​သည် မ​နာ​လို​သော​သူ​တို့​ကို နိုင်​သော နေ့​ရက်​တည်း​ဟူ​သော အာ​ဒါ​မည်​သော ဒွါ​ဒ​သ​မ​လ တစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ ရှင်​ဘု​ရင်​အာ​ရွှေ​ရု၏ နိုင်​ငံ​တော် အ​ပြည်​ပြည် အ​မြို့​မြို့၌​နေ​သော ယု​ဒ​လူ​တို့​သည်၊ ညှဉ်း​ဆဲ​လို​သော သူ​တို့​ကို ဆီး​တား​ခြင်း​ငှာ စု​ဝေး​ကြ၏။ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​သော​ကြောင့်၊ အ​ဘယ်​သူ​မျှ ရန်​မ​ပြု​ဝံ့​ဘဲ နေ​ကြ၏။ အ​ပြည်​ပြည်​ကို အုပ်​စိုး​သော​မင်း၊ ကိုယ်​စား​တော်​မင်း၊ မြို့​ဝန်​မင်း၊ အ​မှု​တော်​စောင့် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် မော်​ဒ​ကဲ​ကို ကြောက်​ရွံ့​သော​ကြောင့်၊ ယု​ဒ​လူ​တို့​ကို မ​စ​ကြ၏။ အ​ကြောင်း​မူ​ကား၊ မော်​ဒ​ကဲ​သည် နန်း​တော်​တွင် ဘုန်း​ကြီး​လျက်၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ သ​တင်း​နှံ့​ပြား၍၊ တစ်​နေ့​ထက်​တစ်​နေ့ ကြီး​မြင့်​ရာ​သို့ ရောက်​သ​တည်း။ ထို​နေ့​တွင် ယု​ဒ​လူ​တို့​သည် ရန်​သူ​အ​ပေါင်း​တို့​ကို ဓား​နှင့်​လုပ်​ကြံ​သတ်​ဖြတ် ဖျက်​ဆီး၍၊ မ​နာ​လို​သော​သူ​တို့၌ ပြု​ချင်​သ​မျှ​ပြု​ကြ၏။ ရှု​ရှန်​မြို့​တော်၌ လူ​ငါး​ရာ​တို့​ကို လုပ်​ကြံ​သတ်​ဖြတ်​ကြ၏။ ယု​ဒ​အ​မျိုး၏​ရန်​သူ ဟ​မ္မေ​ဒါ​သ​သား​ဖြစ်​သော ဟာ​မန်၏​သား တစ်​ကျိပ်​တည်း​ဟူ​သော ပါ​ရှ​န္ဒာ​သ၊ ဒါ​လ​ဖုန်၊ အာ​သ​ပါ​သ၊ ပေါ​ရ​သ၊ အာ​ဒ​လိ၊ အာ​ရိ​ဒါ​သ၊ ပါ​မ​ရှာ​တ၊ အ​ရိ​သဲ၊ အ​ရိ​ဒဲ၊ ဝါ​ဇေ​ဇာ​သ​တို့​ကို​လည်း သတ်​ကြ၏။ သို့​ရာ​တွင် သူ​တို့​ဥ​စ္စာ​ကို မ​သိမ်း​မ​ယူ​ဘဲ​နေ​ကြ၏။ ထို​နေ့၌ ရှု​ရှန်​မြို့​တော်​တွင် သေ​သော​သူ​စာ​ရင်း​ကို ရှင်​ဘု​ရင်​ရှေ့​တော်​မှာ ပြ​ကြ၏။ ရှင်​ဘု​ရင်​သည် မိ​ဖု​ရား​ဧ​သ​တာ​ကို ခေါ်၍၊ ယု​ဒ​လူ​တို့​သည် ရှု​ရှန်​မြို့​တော်၌ ဟာ​မန်​သား​တစ်​ကျိပ်​နှင့်​တ​ကွ လူ​ငါး​ရာ​တို့​ကို လုပ်​ကြံ​သတ်​ဖြတ် ကြ​ပြီ။ နိုင်​ငံ​တော်​တွင် အ​ခြား​သော အ​ပြည်​ပြည်​တို့၌ အ​ဘယ်​သို့ ပြု​ကြ​ပြီ​နည်း။ သင်​သည် အ​ဘယ်​အ​လို ရှိ​သေး​သ​နည်း။ အ​လို​ရှိ​သည်​အ​တိုင်း ငါ​ပြု​မည်။ အ​ဘယ်​ဆု​ကို တောင်း​ချင်​သေး​သ​နည်း။ တောင်း​သ​မျှ​ကို ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊ ဧ​သ​တာ​က၊ အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ​လျှင်၊ ရှု​ရှန်​မြို့၌​ရှိ​သော ယု​ဒ​လူ​တို့​သည် ယ​နေ့ အ​မိန့်​တော်​အ​တိုင်း နက်​ဖြန်​နေ့၌​လည်း ပြု​ရ​မည်​အ​ကြောင်း၊ ဟာ​မန်​သား​တစ်​ကျိပ်​ကို​လည်း လည်​ဆွဲ​ချ​တိုင်၌ ဆွဲ​ထား​ရ​မည် အ​ကြောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​မိန့်​တော်​မူ၍ ရှု​ရှန်​နန်း​တော်၌ အ​မိန့်​တော်​ကို ထုတ်​ပြီး​မှ၊ ဟာ​မန်​သား​တစ်​ကျိပ်​ကို ဆွဲ​ထား​ကြ၏။ ရှု​ရှန်​မြို့၌​ရှိ​သော ယု​ဒ​လူ​တို့​သည်​လည်း၊ အာ​ဒါ​လ​တစ်​ဆယ်​လေး​ရက်​နေ့​တွင် စု​ဝေး၍၊ ရှု​ရှန်​မြို့​သား သုံး​ရာ​တို့​ကို သတ်​ကြ၏။ သို့​ရာ​တွင် သူ​တို့​ဥ​စ္စာ​ကို မ​သိမ်း မ​ယူ​ဘဲ​နေ​ကြ၏။ နိုင်​ငံ​တော်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်၌​ရှိ​သော ယု​ဒ​လူ​အ​ခြား​တို့​သည် အာ​ဒါ​လ တစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ မိ​မိ​တို့​အ​သက်​ကို စောင့်​လျက်၊ ရန်​သူ​လက်​သို့​မ​ရောက်​ဘဲ ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ စု​ဝေး၍ ရန်​သူ ခု​နစ်​သောင်း​ငါး​ထောင်​တို့​ကို သတ်​ကြ၏။ သို့​ရာ​တွင် သူ​တို့​ဥ​စ္စာ​ကို မ​သိမ်း​မ​ယူ​ဘဲ နေ​ကြ၏။ ထို​လ တစ်​ဆယ်​လေး​ရက်​နေ့​တွင် ငြိမ်​ဝပ်​စွာ​နေ၍ ပွဲ​ခံ​ရာ​နေ့၊ ပျော်​မွေ့​ရာ​နေ့​ဖြစ်​စေ​ခြင်း​ငှာ စောင့်​ရှောက်​ကြ၏။ ရှု​ရှန်​မြို့၌​ရှိ​သော ယု​ဒ​လူ​များ​မူ​ကား၊ တစ်​ဆယ်​သုံး​ရက်​နေ့​နှင့် တစ်​ဆယ်​လေး​ရက်​နေ့​တွင်း စု​ဝေး​ကြ၏။ တစ်​ဆယ်​ငါး​ရက် မြောက်​သော​အ​ခါ ငြိမ်​ဝပ်​စွာ​နေ၍ ပွဲ​ခံ​ရာ​နေ့၊ ပျော်​မွေ့​ရာ​နေ့​ဖြစ်​စေ​ခြင်း​ငှာ စောင့်​ရှောက်​ကြ၏။ မြို့​ရိုး​မ​ရှိ​သော​ရွာ​တို့၌​နေ​သော ယု​ဒ​လူ​တို့​သည်​လည်း၊ အာ​ဒါ​လ တစ်​ဆယ်​လေး​ရက်​နေ့​ကို ပျော်​မွေ့​စွာ ပွဲ​ခံ​ရာ​နေ့၊ မင်္ဂ​လာ​နေ့၊ တစ်​ယောက်​ကို​တစ်​ယောက် လက်​ဆောင်​ပေး​လိုက်​ရာ​နေ့ ဖြစ်​စေ​ကြ၏။

ဧသတာ 9:1-19 Common Language Bible (BCL)

အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နေ့​ကျ​ရောက်​လာ​၏။ ထို​နေ့​ရက်​သည်​ဘု​ရင့်​ကြေ​ညာ​ချက်​စ​တင် အ​တည်​ဖြစ်​သည့်​နေ့၊ မိ​မိ​တို့​လက်​တွင်း​သို့ ယု​ဒ​အ​မျိုး​သား​များ​ရောက်​ရှိ​လာ​ရန်​အ တွက်​ရန်​သူ​တို့​စောင့်​မျှော်​နေ​သော​နေ့​ဖြစ်​၏။ သို့​ရာ​တွင်​သူ​တို့​မျှော်​လင့်​သည့်​အ​တိုင်း မ​ဖြစ်​ဘဲ​ယု​ဒ​အ​မျိုး​သား​တို့​က​သူ တို့​အား​အ​နိုင်​ရ​ကြ​လေ​သည်။- အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​မြို့​တိုင်း​၌ ယု​ဒ​အ​မျိုး​သား​များ​သည် ဘေး​အန္တ​ရာယ် ပြု​မည့်​သူ​တို့​ကို​တိုက်​ခိုက်​ရန်​မိ​မိ​တို့​ရပ် ကွက်​များ​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။ အ​ရပ် ရပ်​ရှိ​လူ​တို့​သည်​သူ​တို့​အား​ကြောက်​လန့် ကြ​၏။ အ​ဘယ်​သူ​မျှ​သူ​တို့​ကို​ခု​ခံ တိုက်​ခိုက်​နိုင်​စွမ်း​မ​ရှိ​ချေ။- အ​မှန်​အား​ဖြင့်​ဆို​သော်​အုပ်​ချုပ်​ရေး​မှူး များ၊ ဘု​ရင်​ခံ​များ​နှင့်​ဘု​ရင့်​အ​မှု​တော် ထမ်း​များ​ဖြစ်​သည့်​ပြည်​နယ်​အ​ရာ​ရှိ အ​ပေါင်း​တို့​သည် မော်​ဒ​ကဲ​ကို​ကြောက်​လန့် သ​ဖြင့်​ယု​ဒ​အ​မျိုး​သား​တို့​အား​ကူ​ညီ ကြ​လေ​သည်။- ယ​ခု​အ​ခါ​မော်​ဒ​ကဲ​သည်​နန်း​တော်​တွင် တန်​ခိုး​ကြီး​သူ​တစ်​ဦး​ဖြစ်​ကြောင်း၊ သူ ၏​တန်​ခိုး​အာ​ဏာ​သည်​တစ်​နေ့​တစ်​ခြား တိုး​တက်​လာ​ကြောင်း​အင်​ပါ​ယာ​နိုင်​ငံ တော်​တွင်​ကျော်​ကြား​လျက်​ရှိ​သ​ဖြင့်၊- ယု​ဒ​အ​မျိုး​သား​များ​သည်​ရန်​သူ​များ​ကို ပြု​လို​သ​မျှ​ပြု​နိုင်​ကြ​၏။ ထို့​ကြောင့်​သူ​တို့ သည်​ရန်​သူ​များ​ကို​ဋ္ဌား​ဖြင့်​သတ်​ဖြတ်​ကြ​၏။ မြို့​တော်​ရှု​ရှန်​၌​ပင်​လျှင်​ယု​ဒ​အ​မျိုး​သား တို့​သည် လူ​ပေါင်း​ငါး​ရာ​ကို​သတ်​လိုက်​ကြ လေ​သည်။- ထို​သူ​တို့​အ​ထဲ​တွင်​ယု​ဒ​အ​မျိုး​သား​တို့ ၏​ရန်​သူ၊ ဟမ္မေ​ဒါ​သ​၏​သား​ဟာ​မန်​၏​သား တစ်​ကျိပ်​ဖြစ်​ကြ​သော​ပါ​ရှန္ဒာ​သ၊ ဒါ​လ​ဖုန်၊ အာ​သ​ပါ​သ၊ ပေါ​ရ​သ၊ အာ​ဒ​လိ၊ အာ​ရိ ဒါ​သ၊ ပါ​မ​ရှာ​တ၊ အ​ရိ​သဲ၊ အ​ရိ​ဒဲ၊ ဝါ​အီ ဇာ​သ​တို့​လည်း​ပါ​ကြ​၏။ သို့​ရာ​တွင်​သူ တို့​သည်​လု​ယက်​မှု​ကို​မ​ပြု​ကြ။ ထို​နေ့​၌​ရှု​ရှန်​မြို့​တွင်​အ​သတ်​ခံ​ရ​သည့် လူ​ဦး​ရေ​ကို မင်း​ကြီး​အား​သံ​တော်​ဦး တင်​ကြ​၏။- ထို​အ​ခါ​မင်း​ကြီး​သည်​မိ​ဖု​ရား​ဧ​သ​တာ အား``ရှု​ရှန်​တစ်​မြို့​တည်း​၌​ပင်​ယု​ဒ​အ​မျိုး သား​တို့​သည် ဟာ​မန်​၏​သား​တစ်​ကျိပ်​အ​ပါ အ​ဝင်​လူ​ပေါင်း​ငါး​ရာ​ကို​သတ်​ဖြတ်​လိုက် ကြ​လေ​ပြီ။ သူ​တို့​သည်​ပြည်​နယ်​များ​တွင် အ​ဘယ်​မျှ​သတ်​ဖြတ်​ကြ​ဦး​မည်​နည်း။ ယ​ခု​သင်​သည်​အ​ဘယ်​အ​ရာ​ကို​အ​လို ရှိ​ပါ​သ​နည်း။ ငါ​ပေး​မည်။ အ​ဘယ်​ဆု​ကို တောင်း​လို​ပါ​သေး​သ​နည်း။ ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။ ဧ​သ​တာ​က``အ​ရှင်​မင်း​ကြီး​သ​ဘော​တူ တော်​မူ​ပါ​လျှင်​ယ​နေ့​ရှု​ရှန်​မြို့​တွင်​ယု​ဒ အ​မျိုး​သား​များ​ပြု​ခဲ့​သည့်​အ​တိုင်း​နက် ဖြန်​ခါ​၌​လည်း​ပြု​ခွင့်​ပေး​တော်​မူ​ပါ။ ထို နောက်​ဟာ​မန်​၏​သား​တစ်​ကျိပ်​၏​အ​လောင်း များ​ကို​လည်​ဆွဲ​တိုင်​တွင်​ဆွဲ​ထား​စေ​တော် မူ​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။- မင်း​ကြီး​သည်​ဧ​သ​တာ​လျှောက်​ထား​သည့် အ​တိုင်း ရှု​ရှန်​မြို့​တွင်​ကြေ​ညာ​ချက်​ထုတ် ပြန်​ကာ ဟာ​မန်​၏​သား​တစ်​ကျိပ်​၏​အ​လောင်း များ​ကို​လည်​ဆွဲ​တိုင်​တွင်​ဆွဲ​ထား​စေ​တော် မူ​၏။- အာ​ဒါ​လ​တစ်​ဆယ့်​လေး​ရက်​နေ့​၌​ရှု​ရှန် မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​များ​သည်​စု​ရုံး​၍ လူ​ပေါင်း​သုံး​ရာ​ကို​ထပ်​မံ​သတ်​ဖြတ်​ကြ လေ​သည်။ သို့​ရာ​တွင်​ဤ​တစ်​ကြိမ်​၌​လည်း သူ​တို့​သည်​လု​ယက်​မှု​ကို​မ​ပြု​ကြ။ ပြည်​နယ်​များ​တွင်​နေ​ထိုင်​သော​ယု​ဒ​အ​မျိုး သား​တို့​သည်​လည်း မိ​မိ​တို့​ကိုယ်​ကို​အ​သက် ဘေး​မှ​ကာ​ကွယ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ အား​မုန်း​ထား​သူ​လူ​ပေါင်း​ခု​နစ်​ထောင့်​ငါး ရာ​ကို​သတ်​ဖြတ်​ခြင်း​အား​ဖြင့် ရန်​သူ​များ ကို​သုတ်​သင်​ပယ်​ရှင်း​ကြ​လေ​သည်။ သို့​ရာ တွင်​လု​ယက်​မှု​ကို​မူ​မ​ပြု​ကြ။- ထို​နေ့​ကား​အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နေ့ ဖြစ်​သ​တည်း။ ဆယ့်​လေး​ရက်​နေ့​၌​သူ​တို့ သည်​သတ်​ဖြတ်​မှု​ကို​မ​ပြု​ကြ​တော့​ဘဲ ရွှင်​လန်း​သော​စား​သောက်​ပွဲ​ကို​ကျင်း​ပ ကြ​ကုန်​၏။- ရှု​ရှန်​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​မူ​ကား ဆယ့်​သုံး​ရက်​နှင့်​ဆယ့်​လေး​ရက်​တွင်​ရန်​သူ များ​ကို​သတ်​ဖြတ်​၍ ဆယ့်​ငါး​ရက်​နေ့​တွင် ရပ်​နား​ကာ​ထို​နေ့​၌​ရွှင်​လန်း​သော​စား သောက်​ပွဲ​ကို​ကျင်း​ပ​ကြ​လေ​သည်။- တံ​တိုင်း​မ​ရှိ​သည့်​မြို့​ငယ်​များ​တွင်​နေ​ထိုင် ကြ​သည့်​ယု​ဒ​အ​မျိုး​သား​တို့​သည် အာ​ဒါ လ​ဆယ့်​လေး​ရက်​နေ့​ကို​ပျော်​ရွှင်​ရာ​မင်္ဂ​လာ နေ့၊ အ​ချင်း​ချင်း​အ​စား​အ​စာ​လက်​ဆောင် များ​ပေး​ကမ်း​ရာ​နေ့​အ​ဖြစ်​ကျင်း​ပ​ကြ သ​တည်း။

ဧသတာ 9:1-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤသို့ဖြင့် ဘုရင့်​စာ​နှင့် ဘုရင့်​အမိန့်​အတိုင်း​လုပ်ဆောင်​ရန် အာဒါ​လ​ဟု​ခေါ်​သော တစ်ဆယ့်​နှစ်​လ​၊ တစ်ဆယ့်​သုံး​ရက်​နေ့​ရောက်လာ​၏​။ ထို​နေ့​တွင် ရန်သူ​တို့​က ဂျူး​လူမျိုး​တို့​ကို အနိုင်ယူ​စိုးမိုး​တော့​မည်​ဟု ထင်​ထား​သော်လည်း မ​ထင်မှတ်​ဘဲ အခြေအနေ​မှာ​ပြောင်းပြန်​ဖြစ်​သွား​၍ ဂျူး​လူမျိုး​တို့​သည် သူ​တို့​ကို​မုန်း​သော​ရန်သူ​တို့​အား အနိုင်ယူ​စိုးမိုး​သွား​လေ​၏​။ အာရွှေရု​မင်းကြီး​၏​နယ်မြေဒေသ​အသီးသီး​ရှိ ဂျူး​လူမျိုး​တို့​သည် မိမိ​တို့​အား လုပ်ကြံ​သတ်ဖြတ်​မည့်​သူ​တို့​ကို ပြန်လည်​တိုက်ခိုက်​ရန် မိမိ​တို့​၏​မြို့ရွာ​တို့​တွင် စုရုံး​ကြ​၏​။ လူ​အပေါင်း​တို့​သည် ဂျူး​လူမျိုး​တို့​ကို​ကြောက်ရွံ့​ကြ​သဖြင့် မည်သူ​မျှ သူ​တို့​ကို မ​တိုက်ခိုက်​ဝံ့​ကြ​ပေ​။ နယ်မြေဒေသ​အသီးသီး​ရှိ အကြီးအကဲ​များ​၊ အုပ်ချုပ်ရေး​အရာရှိ​များ​၊ ဘုရင်ခံ​များ​နှင့် ဘုရင့်​အမှုထမ်း​အပေါင်း​တို့​သည် မော်ဒကဲ​ကို​ကြောက်ရွံ့​ကြ​သဖြင့် ဂျူး​လူမျိုး​တို့​ကို ကူညီ​ကြ​၏​။ အကြောင်းမူကား မော်ဒကဲ​သည် ဘုရင့်​နန်းတော်​တွင် တန်ခိုးဩဇာ​ကြီးမား​၍ သူ​၏​ဂုဏ်​သတင်း​သည်​လည်း နယ်မြေဒေသ​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​သဖြင့် မော်ဒကဲ​၏​တန်ခိုးဩဇာ​သည်​လည်း ပို၍​ပို၍​ကြီးလာ​လေ​၏​။ ဂျူး​လူမျိုး​တို့​သည် သူ​တို့​၏​ရန်သူ​အားလုံး​ကို​ဓား​ဖြင့် တိုက်ခိုက်​သတ်ဖြတ်​ဖျက်ဆီး​ပစ်​၏​။ သူ​တို့​ကို​မုန်း​သော​သူ​တို့​အား စိတ်တိုင်းကျ​ပြု​ကြ​၏​။ ဂျူး​လူမျိုး​တို့​သည် ရှုရှန်​နန်းတော်​တွင် လူ​ငါး​ရာ​ကို သတ်ဖြတ်​ဖျက်ဆီး​ပစ်​ကြ​၏​။ ထို့ပြင် ပါရှန်ဒါသ​၊ ဒါလဖုန်​၊ အာသပါသ​၊ ပေါရသ​၊ အာဒလိ​၊ အာရိဒါသ​၊ ပါမရှာတ​၊ အရိသဲ​၊ အရိဒဲ​နှင့် ဝါယေဇာသ စသော ဂျူး​လူမျိုး​တို့​၏​ရန်သူ​၊ ဟမ္မေဒါသ​၏​သား​ဖြစ်​သော ဟာမန်​၏​သား​ဆယ်​ယောက်​တို့​ကို​လည်း သတ်ပစ်​ကြ​၏​။ သို့သော် သူ​တို့​၏​ဥစ္စာပစ္စည်း​ကို မ​သိမ်းယူ​ကြ​ပေ​။ ထို​နေ့​၌ ရှုရှန်​နန်းတော်​တွင် အသတ်​ခံရ​သော​သူ​များ​၏​စာရင်း​ကို ရှင်ဘုရင်​ထံ​တင်ပြ​ကြ​၏​။ ထိုအခါ ရှင်ဘုရင်​က မိဖုရား​ဧသတာ​အား “​ဂျူး​လူမျိုး​တို့​သည် ရှုရှန်​နန်းတော်​တွင် လူ​ငါး​ရာ​နှင့် ဟာမန်​၏​သား​ဆယ်​ယောက်​တို့​ကို သတ်ဖြတ်​ဖျက်ဆီး​ကြ​ပြီ​။ ကျန်​ဘုရင့်​နယ်မြေ​များ​တွင်​လည်း မည်သို့​ပြု​ကြ​ပြီ​နည်း​။ ယခု သင်​မည်သည်​ကို​အလိုရှိ​သေး​သနည်း​။ သင့်​အား ငါ​ပေး​မည်​။ သင်​မည်သည့်​အရာ​တောင်းဆို​လို​သေး​သနည်း​။ သင်​တောင်းဆို​သည်​ကို ငါ​ပေး​မည်​”​ဟု မိန့်ဆို​၏​။ ဧသတာ​က​လည်း “​အရှင်မင်းကြီး​စိတ်​တော်​နှင့်​တွေ့​လျှင် ယနေ့​အမိန့်စာ​အတိုင်း ရှုရှန်​မြို့​ရှိ​ဂျူး​လူမျိုး​တို့ ပြု​သကဲ့သို့ နက်ဖြန်​နေ့​၌​လည်း ပြု​ခွင့်​ပေး​တော်မူ​ပါ​။ ဟာမန်​၏​သား​ဆယ်​ယောက်​တို့​ကို​လည်း သစ်တိုင်​၌ ဆွဲထား​ခွင့်​ပြု​တော်မူ​ပါ​”​ဟု လျှောက်တင်​၏​။ ရှင်ဘုရင်​သည်​လည်း ထိုသို့​ပြု​ရန်​အမိန့်ပေး​လိုက်​၏​။ ထို​အမိန့်​ကို ရှုရှန်​မြို့​၌​ထုတ်ပြန်​ကြေညာ​ပြီး ဟာမန်​၏​သား​ဆယ်​ယောက်​တို့​ကို သစ်တိုင်​၌ ဆွဲထား​ကြ​၏​။ အာဒါ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​တွင် ရှုရှန်​မြို့​ရှိ​ဂျူး​လူမျိုး​တို့ စုရုံး​ပြီး ရှုရှန်​မြို့သား​သုံး​ရာ​ကို သုတ်သင်​ပစ်​၏​။ သို့သော် သူ​တို့​၏​ဥစ္စာပစ္စည်း​ကို မ​သိမ်းယူ​ကြ​ပေ​။ ဘုရင့်​နယ်မြေ​အတွင်း​ရှိ ကျန်​ဂျူး​လူမျိုး​တို့​သည် ကိုယ့်ကိုယ်ကိုယ်​ကာကွယ်​ရန် စုရုံး​ကြ​၍ သူ​တို့​ကို မုန်း​သော​သူ​ခုနစ်သောင်း​ငါးထောင်​ကို သုတ်သင်​ပစ်​ပြီး ရန်သူ့​လက်​မှ​လွတ်မြောက်​ခွင့်​ရ​ကြ​၏​။ သို့သော် ရန်သူ​တို့​၏​ဥစ္စာပစ္စည်း​ကို မ​သိမ်းယူ​ကြ​ပေ​။ ထို​နေ့​သည် အာဒါ​လ​၊ တစ်ဆယ့်​သုံး​ရက်​နေ့ ဖြစ်​၏​။ တစ်ဆယ့်​လေး​ရက်​နေ့​တွင် အနားယူ​ကြ​၏​။ ထို​နေ့​ကို ပျော်ရွှင်​စွာ​ပွဲခံရာ​နေ့​အဖြစ် သတ်မှတ်​လေ​၏​။ ရှုရှန်​မြို့​ရှိ​ဂျူး​လူမျိုး​တို့​မူကား တစ်ဆယ့်​သုံး​ရက်​၊ တစ်ဆယ့်​လေး​ရက်​တို့​တွင် စုရုံး​ကြ​ပြီး တစ်ဆယ့်​ငါး​ရက်​နေ့​တွင် အနားယူ​ကြ​၏​။ ထို​နေ့​ကို ပျော်ရွှင်​စွာ​ပွဲခံရာ​နေ့​အဖြစ် သတ်မှတ်​လေ​၏​။ ကျေးလက်တောရွာ​များ​တွင် နေထိုင်​သော​ဂျူး​လူမျိုး​တောသူတောင်သား​တို့​မူကား အာဒါ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​တွင် စားသောက်ပွဲ​ကို ပျော်ရွှင်​စွာ​ကျင်းပ​ကာ ထို​နေ့​ကို နေ့ထူးနေ့မြတ်​အဖြစ် သတ်မှတ်​၍ အိမ်နီးချင်း​တစ်ဦး​နှင့်​တစ်ဦး​စားသောက်ဖွယ်​ရာ​များ​ကို ပေးကမ်း​ဝေငှ​ကြ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။