အာဒါလဆယ့်သုံးရက်နေ့ကျရောက်လာ၏။ ထိုနေ့ရက်သည်ဘုရင့်ကြေညာချက်စတင် အတည်ဖြစ်သည့်နေ့၊ မိမိတို့လက်တွင်းသို့ ယုဒအမျိုးသားများရောက်ရှိလာရန်အ တွက်ရန်သူတို့စောင့်မျှော်နေသောနေ့ဖြစ်၏။ သို့ရာတွင်သူတို့မျှော်လင့်သည့်အတိုင်း မဖြစ်ဘဲယုဒအမျိုးသားတို့ကသူ တို့အားအနိုင်ရကြလေသည်။- အင်ပါယာနိုင်ငံတော်အတွင်းမြို့တိုင်း၌ ယုဒအမျိုးသားများသည် ဘေးအန္တရာယ် ပြုမည့်သူတို့ကိုတိုက်ခိုက်ရန်မိမိတို့ရပ် ကွက်များတွင်စုရုံးလျက်နေကြ၏။ အရပ် ရပ်ရှိလူတို့သည်သူတို့အားကြောက်လန့် ကြ၏။ အဘယ်သူမျှသူတို့ကိုခုခံ တိုက်ခိုက်နိုင်စွမ်းမရှိချေ။- အမှန်အားဖြင့်ဆိုသော်အုပ်ချုပ်ရေးမှူး များ၊ ဘုရင်ခံများနှင့်ဘုရင့်အမှုတော် ထမ်းများဖြစ်သည့်ပြည်နယ်အရာရှိ အပေါင်းတို့သည် မော်ဒကဲကိုကြောက်လန့် သဖြင့်ယုဒအမျိုးသားတို့အားကူညီ ကြလေသည်။- ယခုအခါမော်ဒကဲသည်နန်းတော်တွင် တန်ခိုးကြီးသူတစ်ဦးဖြစ်ကြောင်း၊ သူ ၏တန်ခိုးအာဏာသည်တစ်နေ့တစ်ခြား တိုးတက်လာကြောင်းအင်ပါယာနိုင်ငံ တော်တွင်ကျော်ကြားလျက်ရှိသဖြင့်၊- ယုဒအမျိုးသားများသည်ရန်သူများကို ပြုလိုသမျှပြုနိုင်ကြ၏။ ထို့ကြောင့်သူတို့ သည်ရန်သူများကိုဋ္ဌားဖြင့်သတ်ဖြတ်ကြ၏။ မြို့တော်ရှုရှန်၌ပင်လျှင်ယုဒအမျိုးသား တို့သည် လူပေါင်းငါးရာကိုသတ်လိုက်ကြ လေသည်။- ထိုသူတို့အထဲတွင်ယုဒအမျိုးသားတို့ ၏ရန်သူ၊ ဟမ္မေဒါသ၏သားဟာမန်၏သား တစ်ကျိပ်ဖြစ်ကြသောပါရှန္ဒာသ၊ ဒါလဖုန်၊ အာသပါသ၊ ပေါရသ၊ အာဒလိ၊ အာရိ ဒါသ၊ ပါမရှာတ၊ အရိသဲ၊ အရိဒဲ၊ ဝါအီ ဇာသတို့လည်းပါကြ၏။ သို့ရာတွင်သူ တို့သည်လုယက်မှုကိုမပြုကြ။ ထိုနေ့၌ရှုရှန်မြို့တွင်အသတ်ခံရသည့် လူဦးရေကို မင်းကြီးအားသံတော်ဦး တင်ကြ၏။- ထိုအခါမင်းကြီးသည်မိဖုရားဧသတာ အား``ရှုရှန်တစ်မြို့တည်း၌ပင်ယုဒအမျိုး သားတို့သည် ဟာမန်၏သားတစ်ကျိပ်အပါ အဝင်လူပေါင်းငါးရာကိုသတ်ဖြတ်လိုက် ကြလေပြီ။ သူတို့သည်ပြည်နယ်များတွင် အဘယ်မျှသတ်ဖြတ်ကြဦးမည်နည်း။ ယခုသင်သည်အဘယ်အရာကိုအလို ရှိပါသနည်း။ ငါပေးမည်။ အဘယ်ဆုကို တောင်းလိုပါသေးသနည်း။ ငါပေးမည်'' ဟုမိန့်တော်မူ၏။ ဧသတာက``အရှင်မင်းကြီးသဘောတူ တော်မူပါလျှင်ယနေ့ရှုရှန်မြို့တွင်ယုဒ အမျိုးသားများပြုခဲ့သည့်အတိုင်းနက် ဖြန်ခါ၌လည်းပြုခွင့်ပေးတော်မူပါ။ ထို နောက်ဟာမန်၏သားတစ်ကျိပ်၏အလောင်း များကိုလည်ဆွဲတိုင်တွင်ဆွဲထားစေတော် မူပါ'' ဟုပြန်လည်လျှောက်ထား၏။- မင်းကြီးသည်ဧသတာလျှောက်ထားသည့် အတိုင်း ရှုရှန်မြို့တွင်ကြေညာချက်ထုတ် ပြန်ကာ ဟာမန်၏သားတစ်ကျိပ်၏အလောင်း များကိုလည်ဆွဲတိုင်တွင်ဆွဲထားစေတော် မူ၏။- အာဒါလတစ်ဆယ့်လေးရက်နေ့၌ရှုရှန် မြို့ရှိယုဒအမျိုးသားများသည်စုရုံး၍ လူပေါင်းသုံးရာကိုထပ်မံသတ်ဖြတ်ကြ လေသည်။ သို့ရာတွင်ဤတစ်ကြိမ်၌လည်း သူတို့သည်လုယက်မှုကိုမပြုကြ။ ပြည်နယ်များတွင်နေထိုင်သောယုဒအမျိုး သားတို့သည်လည်း မိမိတို့ကိုယ်ကိုအသက် ဘေးမှကာကွယ်ကြ၏။ သူတို့သည်မိမိတို့ အားမုန်းထားသူလူပေါင်းခုနစ်ထောင့်ငါး ရာကိုသတ်ဖြတ်ခြင်းအားဖြင့် ရန်သူများ ကိုသုတ်သင်ပယ်ရှင်းကြလေသည်။ သို့ရာ တွင်လုယက်မှုကိုမူမပြုကြ။- ထိုနေ့ကားအာဒါလဆယ့်သုံးရက်နေ့ ဖြစ်သတည်း။ ဆယ့်လေးရက်နေ့၌သူတို့ သည်သတ်ဖြတ်မှုကိုမပြုကြတော့ဘဲ ရွှင်လန်းသောစားသောက်ပွဲကိုကျင်းပ ကြကုန်၏။- ရှုရှန်မြို့ရှိယုဒအမျိုးသားတို့မူကား ဆယ့်သုံးရက်နှင့်ဆယ့်လေးရက်တွင်ရန်သူ များကိုသတ်ဖြတ်၍ ဆယ့်ငါးရက်နေ့တွင် ရပ်နားကာထိုနေ့၌ရွှင်လန်းသောစား သောက်ပွဲကိုကျင်းပကြလေသည်။- တံတိုင်းမရှိသည့်မြို့ငယ်များတွင်နေထိုင် ကြသည့်ယုဒအမျိုးသားတို့သည် အာဒါ လဆယ့်လေးရက်နေ့ကိုပျော်ရွှင်ရာမင်္ဂလာ နေ့၊ အချင်းချင်းအစားအစာလက်ဆောင် များပေးကမ်းရာနေ့အဖြစ်ကျင်းပကြ သတည်း။
ဧသတာ 9 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဧသတာ 9:1-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ