YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 6:13-23

ဧဖက် 6:13-23 Judson Bible (JBMLE)

ထို​ကြောင့်၊ ခဲ​ယဉ်း​ဆိုး​ယုတ်​သော နေ့​ရက်​ကာ​လ၌ ဆီး​တား​နိုင်​သ​ဖြင့်၊ ကိ​စ္စ​အ​လုံး​စုံ​တို့​ကို ပြီး​စီး၍ ခံ​ရပ်​နိုင်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင် ပြင်​ဆင်​တော်​မူ​သော လက်​နက်​စုံ​ကို ယူ​ဆောင်​ကြ​လော့။- သ​စ္စာ​တည်း​ဟူ​သော ခါး​ပန်း​ကို​စည်း​လျက်၊ ဖြောင့်​မတ်​ခြင်း ပါ​ရ​မီ​တည်း​ဟူ​သော ရင်​အုပ်​တန်​ဆာ​ကို ဝတ်​ဆင်​လျက်၊- ငြိမ်​သက်​ခြင်း​နှင့်​ယှဉ်​သော ဧ​ဝံ​ဂ​လိ​တ​ရား​ကို ဟော​ပြော​အံ့​သော​ငှာ ပြင်​ဆင်​သော အ​ဖြစ်​တည်း​ဟူ​သော ခြေ​စွပ်​ကို​စွပ်​လျက် ခံ​ရပ်​ကြ​လော့။- မာရ်​နတ်​ပစ်​ခတ်​သော မီး​စက်​လက်​နက်​ကို ကာ​သတ်​နိုင်​သော ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော လွှား​ကို​လည်း ခပ်​သိမ်း​သော လက်​နက်​တို့​အ​ပေါ်​မှာ ထပ်​ဆင့်၍ ယူ​ဆောင်​ကြ​လော့။- ကယ်​တင်​ခြင်း​တည်း​ဟူ​သော သံ​ခ​မောက်​လုံး​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တည်း​ဟူ​သော ဝိ​ညာဉ်​တော်၏ ဓား​ကို​လည်း​ကောင်း ယူ​ကြ​လော့။- ကာ​လ​အ​စဉ် စိတ်​နှ​လုံး​ပါ​လျက် ဆု​တောင်း ပ​တ္ထ​နာ​ပြု​ခြင်း​အ​မျိုး​မျိုး​တို့​ဖြင့် ဆု​တောင်း​ကြ​လော့။ ထို​သို့ ဆု​တောင်း​ခြင်း​ငှာ အား​မ​လျော့​ဘဲ​လျက်၊ ငါ​မှ​စ၍ သန့်​ရှင်း​သူ အ​ပေါင်း​တို့​အ​ဖို့ ဆု​တောင်း​လျက် စောင့်​ရှောက်​ကြ​လော့။- ငါ​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့် သံ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို​ခံ​လျက်၊ သံ​တ​မန်​အ​မှု​ကို ပြု​ရ​သည်​ဖြစ်၍၊ ထို​တ​ရား၏ နက်​နဲ​သော​အ​ရာ​ကို ဖော်​ပြ​ခြင်း​ငှာ ငါ​သည်​နှုတ်​ကို ရဲ​ရင့်​စွာ ဖွင့်​လှစ်​ခြင်း​အ​ခွင့် ရှိ​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​တ​ရား​ကို ဟော​ပြော​အပ်​သည်​နှင့်​အ​ညီ၊ ရဲ​ရင့်​စွာ​ဟော ပြော​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ့​အ​ဖို့​လည်း ဆု​တောင်း​ကြ​လော့။ သင်​တို့​သည် ငါ၌​ဖြစ်​သော အ​ကြောင်း​အ​ရာ​များ​ကို သိ​စေ​ခြင်း​ငှာ၊ သ​ခင်​ဘု​ရား​ထံ၌ သ​စ္စာ​ရှိ​သော ဆ​ရာ​တည်း​ဟူ​သော ငါ​ချစ်​သော​ညီ တု​ခိတ်​သည် အ​လုံး​စုံ​တို့​ကို သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။- သင်​တို့​သည် ငါ​တို့၏​အ​ကြောင်း​အ​ရာ​များ​ကို သိ​မည်​အ​ကြောင်း​နှင့်၊ ထို​သူ​သည် သင်​တို့​စိတ်​နှ​လုံး​ကို သက်​သာ​စေ​မည်​အ​ကြောင်း၊ ထို​သူ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်၏။- ညီ​အစ်​ကို​တို့၌ ငြိမ်​သက်​ခြင်း ရှိ​ပါ​စေ​သော။ ခ​မည်း​တော်​ဘု​ရား​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ် ပေး​တော်​မူ​သော ယုံ​ကြည်​ခြင်း​နှင့် ချစ်​ခြင်း​မေ​တ္တာ​ရှိ​ပါ​စေ​သော။

ဧဖက် 6:13-23 Common Language Bible (BCL)

သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​လက်​နက်​စုံ​ကို​ကိုင် ဆောင်​ကြ​လော့။ သို့​မှ​သာ​လျှင်​ခဲ​ယဉ်း​ဆိုး ယုတ်​ရာ​ကာ​လ​ကျ​ရောက်​လာ​ချိန်​၌ သင်​တို့ သည်​ရန်​သူ​၏​တိုက်​စစ်​ကို​ခု​ခံ​ကာ​ကွယ် နိုင်​လိမ့်​မည်။ အ​ဆုံး​တိုင်​အောင်​တိုက်​ခိုက် ပြီး​သော​အ​ခါ​၌​သင်​တို့​သည်​ရပ်​တည် နိုင်​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​အ​သင့်​ရှိ​နေ​ကြ​လော့။ သစ္စာ​တ​ရား တည်း​ဟူ​သော​ခါး​ပန်း​ကြိုး​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တည်း​ဟူ​သော​ရင်​အုပ်​တန် ဆာ​ကို​လည်း​ကောင်း၊- ငြိမ်း​ချမ်း​ရေး​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် အ​သင့်​ရှိ​ခြင်း​တည်း​ဟူ​သော​ဖိ​နပ်​ကို​လည်း ကောင်း​ဝတ်​ဆင်​ကြ​လော့။- ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော​ဒိုင်း​လွှား​ကို အ​မြဲ​ဆွဲ​ကိုင်​ထား​ကြ​လော့။ သင်​တို့​သည် ထို​ဒိုင်း​လွှား​အား​ဖြင့်​မာရ်​နတ်​ပစ်​ခတ်​သော မီး​မြား​လက်​နက်​ဟူ​သ​မျှ​ကို​ငြိမ်း​သတ် နိုင်​လိမ့်​မည်။- ကယ်​တင်​ခြင်း​တည်း​ဟူ​သော​သံ​ခ​မောက်​ကို လည်း​ကောင်း၊ ဝိ​ညာဉ်​တော်​က​ပေး​သော​ဘု​ရား သ​ခင်​၏​နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော ဋ္ဌား​ကို​လည်း​ကောင်း​ယူ​ဆောင်​ကြ​လော့။- သင်​တို့​အား​ကူ​ညီ​စောင်​မ​တော်​မူ​ရန်​ဘု​ရား သ​ခင်​အား​အ​စဉ်​အ​မြဲ​ဆု​တောင်း​ကြ​လော့။ ဝိ​ညာဉ်​တော်​ညွှန်​ကြား​တော်​မူ​သည့်​အ​တိုင်း အ​ခါ​ခပ်​သိမ်း​ဆု​တောင်း​ကြ​လော့။ ထို့​ကြောင့် နိုး​နိုး​ကြား​ကြား​နေ​ကြ​လော့။ ဇွဲ​သတ္တိ​ရှိ​ကြ လော့။ အ​ခါ​မ​လပ်​ဘု​ရား​သ​ခင်​၏​လူ​စု တော်​အ​တွက်​ဆု​တောင်း​ကြ​လော့။- ငါ​ဟော​ပြော​ချိန်​၌​ဘုရား​သခင်​သည်​ငါ့​အား နှုတ်​သတ္တိ​ကို​ပေး​သ​နား​တော်​မူ​ရန်​လည်း​ကောင်း၊ သ​တင်း​ကောင်း​၏​နက်​နဲ​သော​အ​ရာ​ကို​ရဲ​ရင့် စွာ​ဖွင့်​ပြ​နိုင်​ရန်​လည်း​ကောင်း ငါ့​အ​တွက်​လည်း ဆု​တောင်း​ကြ​လော့။- ငါ​သည်​အ​ကျဉ်း​ခံ​နေ​ရ​သူ​ဖြစ်​သော်​လည်း​ထို သ​တင်း​ကောင်း​အ​တွက်​သံ​တ​မန်​ဖြစ်​ပါ​၏။ ထို သ​တင်း​ကောင်း​ကို​ဟော​ပြော​အပ်​သည်​နှင့်​အ​ညီ ငါ​သည်​ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ရန်​ဆု​တောင်း ကြ​လော့။ ငါ​နှင့်​ပတ်​သက်​သော​အ​ကြောင်း​အ​ရာ​ကို​သင် တို့​သိ​စေ​ခြင်း​ငှာ သ​တင်း​အ​လုံး​စုံ​ကို​သင် တို့​အား​တု​ခိတ်​က​ပြော​ပြ​လိမ့်​မည်။ သ​ခင် ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရာ​တွင်​သူ သည်​ငါ​တို့​အား​သစ္စာ​ရှိ​စွာ​ကူ​ညီ​သူ၊ ငါ တို့​၏​ချစ်​လှ​စွာ​သော​ညီ​ဖြစ်​ပေ​သည်။- ထို့​ကြောင့်​ငါ​တို့​နှင့်​ဆိုင်​သော​သ​တင်း​အ​လုံး စုံ​ကို​ပြော​ပြ​ရန်​နှင့် သင်​တို့​ကို​အား​ပေး​ကူ ညီ​ရန်​သူ့​အား​သင်​တို့​ထံ​သို့​ငါ​စေ​လွှတ် လိုက်​ပါ​သည်။ အ​ဖ​ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ညီ​အစ်​ကို​အ​ပေါင်း​တို့​အား​ငြိမ်​သက်​ခြင်း၊ ချစ် ခြင်း၊ ယုံ​ကြည်​ခြင်း​ကို​ချ​ပေး​တော်​မူ​ပါ​စေ သော။

ဧဖက် 6:13-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ဆိုးညစ်​သော​နေ့ရက်​ကာလ​၌ ကြံ့ကြံ့​ခံ​၍ အလုံးစုံ​တို့​ကို​ပြီးမြောက်​စေ​လျက် ရပ်တည်​နိုင်​ရန် ဘုရားသခင်​၏​လက်နက်​စုံ​ကို ဆောင်ယူ​ကြ​လော့။ သို့ဖြစ်၍ သမ္မာတရား​ဖြင့် သင်​တို့​ခါး​ကို​စည်း​လျက် ဖြောင့်မတ်​ခြင်း​ရင်အုပ်​တန်ဆာ​ကို ဝတ်ဆင်​ကာ ခြေ​၌ ငြိမ်သက်​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​အတွက် အသင့်​ဖြစ်​ခြင်း​ကို​စီး​၍ ရပ်တည်​ကြ​လော့။ ထို​အရာ​အားလုံး​တို့​အပြင် ယုံကြည်​ခြင်း​ဒိုင်းလွှား​ကို ထပ်ဆင့်​၍​ဆောင်ယူ​ကြ​လော့။ ထို​ဒိုင်းလွှား​အားဖြင့် မာရ်နတ်​၏​တောက်လောင်​နေ​သော​မြား​ရှိသမျှ​တို့​ကို သင်​တို့​ငြှိမ်းသတ်​နိုင်​ကြ​လိမ့်မည်။ ကယ်တင်​ခြင်း​သံခမောက်​နှင့် ဘုရားသခင်​၏​နှုတ်ကပတ်တော်​တည်းဟူသော ဝိညာဉ်​တော်​ဓား​ကို​လည်း ယူ​ကြ​လော့။ အမျိုးမျိုး​သော ဆုတောင်း​ခြင်း​နှင့်​အသနားခံ​ခြင်း​တို့​ဖြင့် အချိန်​ရှိ​သရွေ့ ဝိညာဉ်​တော်​၌​ဆုတောင်း​ကြ​လော့။ ထိုသို့​ပြု​နိုင်​ရန် နိုးနိုးကြားကြား​ရှိ​လျက် ဇွဲ​လုံ့လ​အပြည့်အဝ​ဖြင့် သန့်ရှင်း​သူ​အပေါင်း​တို့​အတွက် အသနားခံ​ကြ​လော့။ ငါ​သည် နှုတ်​ကို​ဖွင့်​သောအခါ ပြော​ရ​မည့်​စကား​ကို ငါ့​အား​ပေး​တော်မူ​၍ ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ရဲရင့်​စွာ​ပြောပြ​နိုင်​ရန် ငါ့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။ ငါ​သည် ဤ​ကောင်းမြတ်​သော​သတင်း​အတွက် သံကြိုး​ဖြင့်​ချည်နှောင်​ထား​ခြင်း​ခံရ​သော သံတမန်​ဖြစ်​၏။ ဤ​သို့​ချည်နှောင်​ထား​ခြင်း​ခံရ​သော်လည်း ငါ​သည် ဟောပြော​သင့်​သည့်​အတိုင်း ရဲရင့်​စွာ​ဟောပြော​နိုင်​ရန် ဆုတောင်း​ပေး​ကြ​လော့။ ငါ​၌​ဖြစ်​နေ​သော​အရာ​များ​နှင့် ငါ​ပြု​နေ​သည့်​အမှု​ကို သင်​တို့​လည်း​သိရှိ​နိုင်​ရန် သခင်​ဘုရား​၌​သစ္စာရှိ​သော​အမှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ တုခိတ်​သည် အလုံးစုံ​တို့​ကို သင်​တို့​အား ပြောပြ​လိမ့်မည်။ သူ့​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​ခြင်း​မှာ ငါ​တို့​နှင့်​ပတ်သက်​သော​အရာ​များ​ကို သင်​တို့​သိရှိ​နိုင်​ရန်​နှင့် သူ​သည် သင်​တို့​၏​စိတ်နှလုံး​ကို အားပေး​နိုင်​ရန်​ဖြစ်​၏။ အဖ​ဘုရားသခင်​နှင့်​သခင်​ယေရှု​ခရစ်တော်​ထံမှ ငြိမ်သက်​ခြင်း၊ ယုံကြည်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ​တို့​သည် ညီအစ်ကို​တို့​၌ တည်ရှိ​ပါစေသော။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။