သို့ဖြစ်၍ဘုရားသခင်၏လက်နက်စုံကိုကိုင် ဆောင်ကြလော့။ သို့မှသာလျှင်ခဲယဉ်းဆိုး ယုတ်ရာကာလကျရောက်လာချိန်၌ သင်တို့ သည်ရန်သူ၏တိုက်စစ်ကိုခုခံကာကွယ် နိုင်လိမ့်မည်။ အဆုံးတိုင်အောင်တိုက်ခိုက် ပြီးသောအခါ၌သင်တို့သည်ရပ်တည် နိုင်ကြလိမ့်မည်။ သို့ဖြစ်၍အသင့်ရှိနေကြလော့။ သစ္စာတရား တည်းဟူသောခါးပန်းကြိုးကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းတည်းဟူသောရင်အုပ်တန် ဆာကိုလည်းကောင်း၊- ငြိမ်းချမ်းရေးသတင်းကောင်းကိုကြေညာရန် အသင့်ရှိခြင်းတည်းဟူသောဖိနပ်ကိုလည်း ကောင်းဝတ်ဆင်ကြလော့။- ယုံကြည်ခြင်းတည်းဟူသောဒိုင်းလွှားကို အမြဲဆွဲကိုင်ထားကြလော့။ သင်တို့သည် ထိုဒိုင်းလွှားအားဖြင့်မာရ်နတ်ပစ်ခတ်သော မီးမြားလက်နက်ဟူသမျှကိုငြိမ်းသတ် နိုင်လိမ့်မည်။- ကယ်တင်ခြင်းတည်းဟူသောသံခမောက်ကို လည်းကောင်း၊ ဝိညာဉ်တော်ကပေးသောဘုရား သခင်၏နှုတ်ကပတ်တော်တည်းဟူသော ဋ္ဌားကိုလည်းကောင်းယူဆောင်ကြလော့။- သင်တို့အားကူညီစောင်မတော်မူရန်ဘုရား သခင်အားအစဉ်အမြဲဆုတောင်းကြလော့။ ဝိညာဉ်တော်ညွှန်ကြားတော်မူသည့်အတိုင်း အခါခပ်သိမ်းဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားနေကြလော့။ ဇွဲသတ္တိရှိကြ လော့။ အခါမလပ်ဘုရားသခင်၏လူစု တော်အတွက်ဆုတောင်းကြလော့။- ငါဟောပြောချိန်၌ဘုရားသခင်သည်ငါ့အား နှုတ်သတ္တိကိုပေးသနားတော်မူရန်လည်းကောင်း၊ သတင်းကောင်း၏နက်နဲသောအရာကိုရဲရင့် စွာဖွင့်ပြနိုင်ရန်လည်းကောင်း ငါ့အတွက်လည်း ဆုတောင်းကြလော့။- ငါသည်အကျဉ်းခံနေရသူဖြစ်သော်လည်းထို သတင်းကောင်းအတွက်သံတမန်ဖြစ်ပါ၏။ ထို သတင်းကောင်းကိုဟောပြောအပ်သည်နှင့်အညီ ငါသည်ရဲရင့်စွာဟောပြောနိုင်ရန်ဆုတောင်း ကြလော့။ ငါနှင့်ပတ်သက်သောအကြောင်းအရာကိုသင် တို့သိစေခြင်းငှာ သတင်းအလုံးစုံကိုသင် တို့အားတုခိတ်ကပြောပြလိမ့်မည်။ သခင် ဘုရား၏အမှုတော်ကိုဆောင်ရာတွင်သူ သည်ငါတို့အားသစ္စာရှိစွာကူညီသူ၊ ငါ တို့၏ချစ်လှစွာသောညီဖြစ်ပေသည်။- ထို့ကြောင့်ငါတို့နှင့်ဆိုင်သောသတင်းအလုံး စုံကိုပြောပြရန်နှင့် သင်တို့ကိုအားပေးကူ ညီရန်သူ့အားသင်တို့ထံသို့ငါစေလွှတ် လိုက်ပါသည်။ အဖဘုရားသခင်နှင့်သခင်ယေရှုခရစ်သည် ညီအစ်ကိုအပေါင်းတို့အားငြိမ်သက်ခြင်း၊ ချစ် ခြင်း၊ ယုံကြည်ခြင်းကိုချပေးတော်မူပါစေ သော။
ဧဖက် 6 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဧဖက် 6:13-23
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ