ဒေသနာ 3:1-5
ဒေသနာ 3:1-5 Judson Bible (JBMLE)
ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှ အသီးအသီးတို့ကို ပြုရသောအချိန်ရှိ၏။ ဖွားချိန်နှင့် သေချိန်လည်းရှိ၏။ စိုက်ပျိုးရသောအချိန်နှင့် စိုက်ပျိုးရသောအရာကို နုတ်ရသောအချိန်လည်း ရှိ၏။ သတ်ရသောအချိန်နှင့် အနာပျောက်စေရသော အချိန်လည်းရှိ၏။ ဖြိုဖျက်ရသောအချိန်နှင့် တည်ဆောက်ရသော အချိန်လည်းရှိ၏။ ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။ ညည်းတွားရသောအချိန်နှင့် ကခုန်ရသောအချိန်လည်း ရှိ၏။ ကျောက်တို့ကို ဖြန့်ကြဲရသောအချိန်နှင့် စုသိမ်းရသော အချိန်လည်းရှိ၏။ ဖက်ယမ်းရသောအချိန်နှင့်၊ မဖက်ယမ်းဘဲ ခွဲခွာ၍ နေရသောအချိန်လည်းရှိ၏။
ဒေသနာ 3:1-5 Common Language Bible (BCL)
ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ မိုဃ်းကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီး ကို့ကို ပြုရသောအချိန်ရှိ၏။ ဘွားချိန်နှင့်သေချိန်လည်းရှိ၏။ စိုက်ပျိုးရသော အချိန်နှင့် စိုက်ပျိုးရသောအရာကို နှုတ်ရသေအချိန် လည်း ရှိ၏။ သတ်ရသောအချိန်နှင့် အနာပျောက်စေရသော အချိန်လည်း ရှိ၏။ ဖြိုဖျက်ရသော အချိန်နှင့် တည် ဆောက်ရသော အချိန်လည်း ရှိ၏။ ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။ ညည်းတွားရသောအချိန်နှင့် ကခုန်ရသော အချိန်လည်း ရှိ၏။ ကျောက်တို့ကို ဖြန့်ကြဲရသောအချိန်နှင့် စုသိမ်းရ သော အချိန်လည်း ရှိ၏။ ဘက်ယမ်းရသောအချိန်နှင့်၊ မဘက်ယမ်းဘဲ ခွဲခွါ၍ နေရသောအချိန်လည်း ရှိ၏။
ဒေသနာ 3:1-5 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ခပ်သိမ်းသောအရာအတွက် သတ်မှတ်ထားသောအချိန်အခါရှိ၍ ကောင်းကင်အောက်ရှိ ခပ်သိမ်းသောအကြောင်းကိစ္စအတွက် သူ့အချိန်ရှိ၏။ မွေးဖွားရသောအချိန်နှင့် သေဆုံးရသောအချိန်ရှိ၏။ စိုက်ပျိုးရသောအချိန်နှင့် စိုက်ပျိုးထားသောအရာကို မြေလှန်ဖျက်ဆီးရသောအချိန်ရှိ၏။ သတ်ရသောအချိန်နှင့် ကျန်းမာစေရသောအချိန်ရှိ၏။ ဖြိုဖျက်ရသောအချိန်နှင့် တည်ဆောက်ရသောအချိန်ရှိ၏။ ငိုကြွေးရသောအချိန်နှင့် ရယ်မောရသောအချိန်ရှိ၏။ မြည်တမ်းရသောအချိန်နှင့် ကခုန်ရသောအချိန်ရှိ၏။ ကျောက်များကိုလွှင့်ပစ်ရသောအချိန်နှင့် ကျောက်များကိုစုရသောအချိန်ရှိ၏။ ပွေ့ဖက်ရသောအချိန်နှင့် ပွေ့ဖက်ခြင်းကိုရှောင်ကြဉ်ရသောအချိန်ရှိ၏။