YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာကျမ်း 3:1-5

ဒေသနာကျမ်း 3:1-5 MSBU

ခပ်သိမ်း​သော​အရာ​အတွက် သတ်မှတ်​ထား​သော​အချိန်အခါ​ရှိ​၍ ကောင်းကင်​အောက်​ရှိ ခပ်သိမ်း​သော​အကြောင်းကိစ္စ​အတွက် သူ့​အချိန်​ရှိ​၏​။ မွေးဖွား​ရ​သော​အချိန်​နှင့် သေဆုံး​ရ​သော​အချိန်​ရှိ​၏​။ စိုက်ပျိုး​ရ​သော​အချိန်​နှင့် စိုက်ပျိုး​ထား​သော​အရာ​ကို မြေလှန်​ဖျက်ဆီး​ရ​သော​အချိန်​ရှိ​၏​။ သတ်​ရ​သော​အချိန်​နှင့် ကျန်းမာ​စေ​ရ​သော​အချိန်​ရှိ​၏​။ ဖြိုဖျက်​ရ​သော​အချိန်​နှင့် တည်ဆောက်​ရ​သော​အချိန်​ရှိ​၏​။ ငိုကြွေး​ရ​သော​အချိန်​နှင့် ရယ်မော​ရ​သော​အချိန်​ရှိ​၏​။ မြည်တမ်း​ရ​သော​အချိန်​နှင့် ကခုန်​ရ​သော​အချိန်​ရှိ​၏​။ ကျောက်​များ​ကို​လွှင့်ပစ်​ရ​သော​အချိန်​နှင့် ကျောက်​များ​ကို​စု​ရ​သော​အချိန်​ရှိ​၏​။ ပွေ့ဖက်​ရ​သော​အချိန်​နှင့် ပွေ့ဖက်​ခြင်း​ကို​ရှောင်ကြဉ်​ရ​သော​အချိန်​ရှိ​၏​။