YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 9:1-3

တရားဟောရာ 9:1-3 Judson Bible (JBMLE)

အို ဣ​သ​ရေ​လ​အ​မျိုး၊ နား​ထောင်​လော့။ သင့်​ထက်​အား​ကြီး၍ များ​ပြား​သော​လူ​မျိုး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ကို​ထိ​သော​မြို့​ရိုး​နှင့် ပြည့်​စုံ​သော မြို့​ကြီး​တို့​ကို​လည်း​ကောင်း၊ အာ​န​က​အ​မျိုး​သား​ရှေ့​မှာ အ​ဘယ်​သူ​ရပ်​နိုင်​သ​နည်း​ဟူ​သော​စ​ကား​ကို သင်​ကြား၍၊ သင်​သိ​သော အာ​န​က​အ​မျိုး​သား​တည်း​ဟူ​သော အ​လွန်​ကြီး​မြင့်​သော​လူ​မျိုး​ကို​လည်း​ကောင်း တိုက်​ယူ​ခြင်း​ငှာ၊ ယ​ခု ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​လု​ပြီ။ သို့​ဖြစ်၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ကြွ​သ​ဖြင့်၊ လောင်​သော​မီး​ကဲ့​သို့​ဖြစ်​လျက် သူ​တို့​ကို​ဖျက်​ဆီး၍၊ သင့်​မျက်​မှောက်၌ နှိမ့်​ချ​တော်​မူ​မည်​အ​ကြောင်း​ကို ယ​ခု​သ​ဘော​ကျ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ သင်​သည် သူ​တို့​ကို​နှင်​ထုတ်၍ အ​လျင်​အ​မြန် ဖျက်​ဆီး​ရ​လိမ့်​မည်။

တရားဟောရာ 9:1-3 Common Language Bible (BCL)

``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နား​ထောင်​ကြ လော့။ သင်​တို့​သည်​ယ​နေ့​ယော်​ဒန်​မြစ်​တစ်​ဘက် သို့​ကူး​ပြီး​လျှင် သင်​တို့​ထက်​များ​ပြား​၍​အင် အား​ကြီး​သော​လူ​မျိုး​များ​၏​ပြည်​ကို​သိမ်း ယူ​ရ​တော့​မည်။ သူ​တို့​၏​မြို့​တို့​သည်​ကြီး​၍ မိုး​ထိ​မြင့်​သော​မြို့​ရိုး​ဖြင့်​ကာ​ကွယ်​ထား​၏။- လူ​တို့​သည်​အ​ရပ်​မြင့်​၍​ခွန်​အား​ဗ​လ​ကောင်း ၏။ သူ​တို့​သည်​အ​လွန်​ထွား​ကြိုင်း​သ​ဖြင့် မည် သူ​မျှ​သူ​တို့​ကို​မ​ယှဉ်​ပြိုင်​နိုင်​ကြောင်း​သင် တို့​ကြား​ဖူး​ခဲ့​ကြ​ပြီ။- သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ရှေ့​က​အ​ရှိန်​ပြင်း​သော လောင်​မီး​ကဲ့​သို့​ကြွ​သွား​တော်​မူ​သည်​ကို သင် တို့​ကိုယ်​တိုင်​ယ​ခု​မြင်​ရ​မည်။ သင်​တို့​ချီ​တက် နေ​စဉ်​ကိုယ်​တော်​သည်​သူ​တို့​ကို​နှိမ်​နင်း​သ​ဖြင့် က​တိ​တော်​နှင့်​အ​ညီ​သင်​တို့​သည်​ထို​သူ​တို့ ကို​နှင်​ထုတ်​၍​လျင်​မြန်​စွာ​ပယ်​ရှင်း​နိုင်​လိမ့် မည်။''

တရားဟောရာ 9:1-3 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို အစ္စရေး​လူမျိုး​၊ နားထောင်​လော့​။ ယနေ့ သင်​သည် သင့်​ထက်​ကြီးမြတ်​သော​လူမျိုး​၊ အင်အားကြီး​သော​လူမျိုး​တို့​ကို​သွား​၍​နှင်ထုတ်​ရန် ဂျော်ဒန်​မြစ်​ကို​ကူးသွား​ရ​တော့​မည်​။ မြို့​များ​သည် ကြီးမား​၍ မြို့ရိုး​တို့​သည် မိုး​ထိ​မြင့်​၏​။ ‘​အာနက​လူမျိုး​၏​သားမြေး​တို့​ရှေ့​၌ မည်သူ​ခံရပ်​နိုင်​မည်နည်း​’​ဟု သင်​ကြား​သိ​ထား​သော​၊ ကိုယ်ခန္ဓာ​ကြီးမား​၍​အရပ်​မြင့်​သော အာနက​လူမျိုး​တို့​၏​သားမြေး​များ​လည်း​ရှိ​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် လောင်ကျွမ်း​သော​မီး​ကဲ့သို့ သင်​၏​ရှေ့​မှ​ကူးသွား​မည်​ဖြစ်ကြောင်း ယနေ့ သင်​သိမြင်​ရ​မည်​။ ကိုယ်တော်​သည် ထို​သူ​တို့​ကို သုတ်သင်ပယ်ရှင်း​ပြီး သင့်​ရှေ့မှောက်​၌ ရှုံးနိမ့်​စေ​တော်မူ​မည်​ဖြစ်၍ သင့်​အား ထာဝရဘုရား မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း သင်​သည် သူ​တို့​ကို နှင်ထုတ်​၍ အလျင်အမြန်​ဖျက်ဆီး​နိုင်​လိမ့်မည်​။