YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 9

9
အ​မိ​န့်​တော်​ကို​မ​နာ​ခံ​ခြင်း
1အို ဣ​သ​ရေ​လ​အ​မျိုး၊ နား​ထောင်​လော့။ သင့်​ထက်​အား​ကြီး၍ များ​ပြား​သော​လူ​မျိုး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ကို​ထိ​သော​မြို့​ရိုး​နှင့် ပြည့်​စုံ​သော မြို့​ကြီး​တို့​ကို​လည်း​ကောင်း၊ 2အာ​န​က​အ​မျိုး​သား​ရှေ့​မှာ အ​ဘယ်​သူ​ရပ်​နိုင်​သ​နည်း​ဟူ​သော​စ​ကား​ကို သင်​ကြား၍၊ သင်​သိ​သော အာ​န​က​အ​မျိုး​သား​တည်း​ဟူ​သော အ​လွန်​ကြီး​မြင့်​သော​လူ​မျိုး​ကို​လည်း​ကောင်း တိုက်​ယူ​ခြင်း​ငှာ၊ ယ​ခု ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​လု​ပြီ။ 3သို့​ဖြစ်၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ကြွ​သ​ဖြင့်၊ လောင်​သော​မီး​ကဲ့​သို့​ဖြစ်​လျက် သူ​တို့​ကို​ဖျက်​ဆီး၍၊ သင့်​မျက်​မှောက်၌ နှိမ့်​ချ​တော်​မူ​မည်​အ​ကြောင်း​ကို ယ​ခု​သ​ဘော​ကျ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ သင်​သည် သူ​တို့​ကို​နှင်​ထုတ်၍ အ​လျင်​အ​မြန် ဖျက်​ဆီး​ရ​လိမ့်​မည်။ 4သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သင့်​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော​နောက်၊ သင်​က၊ ငါ့​ကု​သိုလ်​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​သွင်း၍၊ ဤ​ပြည်​ကို အ​ပိုင်​ပေး​တော်​မူ​သည်​ဟူ၍ မ​အောက်​မေ့​ရ။ ထို​လူ​မျိုး​တို့၏ မ​ကောင်း​မှု​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ငါ့​ရှေ့​မှ​နှင်​ထုတ်​တော်​မူ​သည်​ဟူ၍ စိတ်​ထဲ​မှာ အောက်​မေ့​ရ​မည်။ 5သင်​ပြု​သော​ကု​သိုလ်​ကြောင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​သော သ​ဘော​ကြောင့်​လည်း​ကောင်း၊ ထို​ပြည်​ကို​သွား၍ ဝင်​စား​ရ​မည်​မ​ဟုတ်။ ထို​လူ​မျိုး​တို့၏​မ​ကောင်း​မှု​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ဘ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​စ​ကား​တော်​ကို တည်​စေ​လို​သော​ငှာ​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သင့်​ရှေ့​မှ​နှင်​ထုတ်​တော်​မူ၏။ 6သို့​ဖြစ်၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ကု​သိုလ်​ကြောင့်၊ ထို​ကောင်း​မွန်​သော​ပြည်​ကို ပေး​တော်​မူ​သည်​မ​ဟုတ်။ သင်​သည် လည်​ပင်း​ခိုင်​မာ​သော​အ​မျိုး​ဖြစ်၏။
7သင်​သည်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​မျက်​တော်​ထွက်​စေ​ခြင်း​ငှာ၊ တော၌​ပြု​မိ​သည်​ကို​မ​မေ့​နှင့်၊ အောက်​မေ့​လော့။ သင်​သည် အဲ​ဂု​တ္တု​ပြည်​ထဲ​က ထွက်​သော​နေ့​မှ​စ၍ ဤ​အ​ရပ်​သို့​ရောက်​သည်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန်​ပြီ။ 8ဟော​ရပ်​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​ကို အ​မျက်​တော်​ထွက်​စေ​သ​ဖြင့်၊ သင့်​ကို ဖျက်​ဆီး​လောက်​အောင် အ​မျက်​ထွက်​တော်​မူ၏။ 9ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​ဖွဲ့​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ရေး​ထား​သော ကျောက်​ပြား​တို့​ကို ခံ​ယူ​ခြင်း​ငှာ၊ တောင်​ပေါ်​သို့ ငါ​တက်​သော​အ​ခါ၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး မုန့်​ကို​မ​စား၊ ရေ​ကို​မ​သောက်​ဘဲ တောင်​ပေါ်​မှာ​နေ​လေ၏။#ထွ၊ ၂၄:၁၈။ 10သင်​တို့​သည် စည်း​ဝေး​ကြ​သော​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ မီး​ထဲ​က​မြွက်​ဆို​တော်​မူ​သော စ​ကား​တော်​အ​လုံး​စုံ​တို့​ကို လက်​ညှိုး​တော်​ဖြင့် ရေး​ထား​သော​ကျောက်​ပြား​နှစ်​ပြား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​အပ်​ပေး​တော်​မူ၏။ 11အ​ရက်​လေး​ဆယ်​စေ့​သော​အ​ခါ၊ ထို​ပ​ဋိ​ညာဉ်​ကျောက်​ပြား​နှစ်​ပြား​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပေး​တော်​မူ​လျှင်၊ 12သင်​သည်​ထ၍ အ​လျင်​အ​မြန်​ဆင်း​သွား​လော့။ အဲ​ဂု​တ္တု​ပြည်​မှ သင်​နုတ်​ဆောင်​ခဲ့​သော သင်၏​လူ​တို့​သည် ဖောက်​ပြန်၍၊ ငါ​မှာ​ထား​သော​လမ်း​မှ အ​လျင်​အ​မြန်​လွှဲ၍၊ ရုပ်​တု​ကို​သွန်း​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။ 13တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ဤ​လူ​မျိုး​ကို ငါ​ကြည့်​မြင်​ပြီ။ လည်​ပင်း​ခိုင်​မာ​သော အ​မျိုး​ဖြစ်၏။ 14သို့​ဖြစ်၍ ငါ့​ကို​ရှိ​စေ​လော့။ သူ​တို့​ကို ငါ​ဖျက်​ဆီး​မည်။ သူ​တို့​နာ​မ​ကို​လည်း ကောင်း​ကင်​အောက်​မှာ ငါ​ချေ​မည်။ သင့်​ကို​မူ​ကား၊ သူ​တို့​ထက်​အား​ကြီး၍ များ​ပြား​သော​အ​မျိုး ဖြစ်​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။ 15ထို​အ​ခါ​ငါ​သည် ပ​ဋိ​ညာဉ်​ကျောက်​ပြား​နှစ်​ပြား​ကို ကိုင်​လျက်၊ လှည့်၍ မီး​လောင်​သော​တောင်​ပေါ်​က ဆင်း​လာ၏။ 16သင်​တို့​သည် သင်​တို့​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား၍၊ နွား​သ​ငယ်​ရုပ်​တု​ကို သွန်း​ကြောင်း​နှင့် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သော​လမ်း​မှ အ​လျင်​အ​မြန်​လွှဲ​သွား​ကြောင်း​ကို ငါ​သည်​ကြည့်​မြင်​လျှင်၊ 17လက်​နှစ်​ဖက်​နှင့်​ကိုင်​သော ကျောက်​ပြား​တို့​ကို​ချ၍၊ သင်​တို့​မျက်​မှောက်၌ ငါ​ချိုး​ဖဲ့၏။ 18သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​အ​မျက်​တော်​ထွက်​စေ​ခြင်း​ငှာ၊ ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​မိ​သော အ​ပြစ်​ရှိ​သ​မျှ​တို့​ကြောင့်၊ ငါ​သည်​အ​ရင်​ပြု​သ​ကဲ့​သို့ ထာ​ဝ​ဘု​ရား​ရှေ့​တော်၌​ပျပ်​ဝပ်၍ အ​ရက်​လေး​ဆယ်​ပတ်​လုံး မုန့်​ကို​မ​စား၊ ရေ​ကို​မ​သောက်​ဘဲ နေ​ရ၏။ 19အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ဖျက်​ဆီး​ခြင်း​ငှာ အ​လွန်​ပြင်း​စွာ​ထွက်​သော အ​မျက်​တော်​အ​ရှိန်​ကို ငါ​ကြောက်၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​စ​ကား​ကို​တစ်​ဖန် နား​ထောင်​တော်​မူ၏။#ဟေ​ဗြဲ၊ ၁၂:၂၁။ 20ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အာ​ရုန်​ကို​ဖျက်​ဆီး​ခြင်း​ငှာ အ​လွန်​အ​မျက်​ထွက်​တော်​မူ​သော​ကြောင့်၊ အာ​ရုန်​အ​ဖို့​ကို​လည်း ဆု​တောင်း​လေ၏။ 21သင်​တို့​ဒု​စ​ရိုက်​တည်း​ဟူ​သော သင်​တို့​လုပ်​သော နွား​သ​ငယ်​ကို​ငါ​ယူ​သ​ဖြင့် အ​ရည်​ကျို၍၊ အ​မှုန့်​ဖြစ်​အောင် ညက်​ညက်​ချေ​ပြီး​လျှင်၊ တောင်​ထဲ​က​ထွက်​သော ချောင်း​ရေ​ပေါ်​မှာ ချ​ပစ်​လေ၏။
22တ​ဗေ​ရ​အ​ရပ်၊ မဿာ​အ​ရပ်၊ ကိ​ဗြုတ်​ဟ​တ္တ​ဝါ​အ​ရပ်၌​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​မျက်​တော်​ထွက်​အောင် ပြု​ကြ၏။#တော၊ ၁၁:၃။ ထွ၊ ၁၇:၇။ တော၊ ၁၁:၃၄။ 23ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား​က၊ သွား၍​ငါ​ပေး​သော​ပြည်​ကို သိမ်း​ယူ​ကြ​လော့​ဟု သင်​တို့​ကို စေ​ခိုင်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ကို ငြင်း​ဆန်​ကြ၏။ ကိုယ်​တော်​ကို​မ​ယုံ၊ စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ​ကြ၏။#တော၊ ၁၃:၁၇၊ တရား၊ ၁:၂၁၊ တော၊ ၁၃:၃၁၊ တရား၊ ၁:၂၆၊ ဟေဗြဲ၊ ၃:၁၆။ 24ငါ​သိ​ကျွမ်း​သော​နေ့​မှ​စ၍၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်​လျက်​နေ​ကြ​ပြီ။ 25ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ဖျက်​ဆီး​မည်​ဟု မိန့်​တော်​မူ​သော​ကြောင့်၊ ငါ​သည် အ​ရင်​ပျပ်​ဝပ်​သ​ကဲ့​သို့၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး ပျပ်​ဝပ်​လျက်​နေ​ရ၏။ 26ထာ​ဝ​ရ​ဘု​ရား​အား​လည်း၊ အို​အ​ရှင် ဘု​ရား​သ​ခင်၊ တန်​ခိုး​တော်​အား​ဖြင့် ရွေး​တော်​မူ၍၊ အား​ကြီး​သော​လက်​တော်​နှင့် အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သော ကိုယ်​တော်၏​အ​မွေ​ဥ​စ္စာ​ဖြစ်​သော ဤ​လူ​တို့​ကို ဖျက်​ဆီး​တော်​မ​မူ​ပါ​နှင့်။ 27ကိုယ်​တော်၏​ကျွန်​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​ကို အောက်​မေ့​တော်​မူ​ပါ။ ဤ​လူ​မျိုး​သည် ခိုင်​မာ​သော​သ​ဘော​ရှိ၍၊ ပြစ်​မှား​မိ​သော​ဒု​စ​ရိုက်​အ​ပြစ်​ကို မှတ်​တော်​မ​မူ​ပါ​နှင့်။ 28သို့​မ​ဟုတ် အ​ကျွန်ုပ်​တို့​ကို နုတ်​ဆောင်​တော်​မူ​သော ပြည်​သား​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​ထား​သော​ပြည်​သို့ သူ​တို့​ကို​ဆောင်​သွင်း​ခြင်း​ငှာ မ​တတ်​နိုင်​သော​ကြောင့်​လည်း​ကောင်း၊ သူ​တို့​ကို​မုန်း​သော​ကြောင့်​လည်း​ကောင်း၊ တော၌​သတ်​လို​သော​ငှာ ထုတ်​သွား​ပြီ​ဟု ဆို​ကြ​ပါ​လိမ့်​မည်​တ​ကား။ 29ဤ​လူ​တို့​သည်​ကား၊ မ​ဟာ​တန်​ခိုး​တော်​နှင့် လက်​ရုံး​တော်​ကို​ဆန့်​သ​ဖြင့် နုတ်​ဆောင်​တော်​မူ​သော ကိုယ်​တော်၏ အ​မွေ​လူ​ဖြစ်​ကြ​ပါ​သည်​ဟု ငါ​သည် ဆု​တောင်း​လေ၏။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာ 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။