YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 4:9-10

တရားဟောရာ 4:9-10 Judson Bible (JBMLE)

သင်​တို့​သည်၊ ဟော​ရပ်​အ​ရပ်​မှာ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ​သော​အ​ခါ၊ ကိုယ်​တိုင်​မြင်​သော အ​မှု​အ​ရာ​တို့​ကို မ​မေ့​မ​လျော့။ နောက်​တစ်​သက်​လုံး နှ​လုံး​သွင်း​နိုင်​မည်​အ​ကြောင်း ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။ ကိုယ်​စိတ်​နှ​လုံး​ကို​ကြိုး​စား၍ စောင့်​ရှောက်​ကြ​လော့။ ထို​အ​ရာ​တို့​ကို သား​မြေး​တို့​အား​လည်း သွန်​သင်​ကြ​လော့။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က၊ လူ​များ​တို့​ကို ငါ့​ထံ​မှာ​စု​ဝေး​စေ​လော့။ သူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော​ကာ​လ​ပတ်​လုံး ငါ့​ကို​ကြောက်​ရွံ့၍ သား​မြေး​တို့​အား သွန်​သင်​စေ​ခြင်း​ငှာ၊ ငါ့​စ​ကား​ကို​ကြား​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊

တရားဟောရာ 4:9-10 Common Language Bible (BCL)

သင်​တို့​သည်​သ​တိ​ရှိ​ကြ​လော့။ သင်​တို့​ကိုယ် တိုင်​မြင်​ခဲ့​သ​မျှ​တို့​ကို တစ်​သက်​လုံး​မ​မေ့ စေ​ရန်​သ​တိ​ပြု​ကြ​လော့။- သိ​နာ​တောင်​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ သင်​တို့​ရောက်​ရှိ နေ​ကြ​စဉ်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`လူ အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​လော့။ ငါ​မိန့်​မှာ တော်​မူ​သ​မျှ​ကို​ကြား​နာ​စေ​လော့။ သို့​မှ သာ​သူ​တို့​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ် လုံး ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​မည်။ သူ​တို့​သွန် သင်​သ​ဖြင့်​သူ​တို့​၏​သား​သ​မီး​များ​လည်း ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​မည်' ဟူ​၍​ငါ့​အား မိန့်​တော်​မူ​သည့်​အ​ကြောင်း​ကို သင်​တို့​၏ သား​မြေး​တို့​အား​သွန်​သင်​လော့။''

တရားဟောရာ 4:9-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​သတိပြု​ကြ​လော့​။ သင်​တို့​မျက်စိ​ဖြင့်​တွေ့မြင်​ခဲ့​ရ​သော​အမှုအရာ​များ​ကို သင်​တို့​မ​မေ့လျော့​စေရန်​နှင့် သင်​တို့​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင်​တို့​စိတ်နှလုံး​လမ်း​မ​လွဲ​စေရန် သင်​တို့​၏​စိတ်​ကို​အထူး​စောင့်ထိန်း​လော့​။ သင်​တို့​၏​သား​မြေး​တို့​ကို​လည်း ပြောပြ​ကြ​လော့​။ ဟောရပ်​တောင်​၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့မှောက် သင်​တို့​ရပ်​စဉ် ထာဝရဘုရား​က ငါ့​အား ‘​လူ​တို့​ကို ငါ့​ထံ၌ စုရုံး​စေ​လော့​။ သူ​တို့​သည် မြေကြီး​ပေါ်၌ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ငါ့​ကို​ကြောက်ရွံ့​ရ​မည်​ကို သင်ယူ​၍ မိမိ​တို့​၏​သားသမီး​များ​ကို​လည်း သင်ကြား​ပေး​မည့်​အကြောင်း ငါ​၏​နှုတ်ထွက်စကား​များ​ကို သူ​တို့​အား ကြားနာ​စေ​မည်​’​ဟု မိန့်​တော်မူ​၏​။