YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 4:9-10

တရားဟောရာကျမ်း 4:9-10 MSBU

သင်​တို့​သတိပြု​ကြ​လော့​။ သင်​တို့​မျက်စိ​ဖြင့်​တွေ့မြင်​ခဲ့​ရ​သော​အမှုအရာ​များ​ကို သင်​တို့​မ​မေ့လျော့​စေရန်​နှင့် သင်​တို့​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင်​တို့​စိတ်နှလုံး​လမ်း​မ​လွဲ​စေရန် သင်​တို့​၏​စိတ်​ကို​အထူး​စောင့်ထိန်း​လော့​။ သင်​တို့​၏​သား​မြေး​တို့​ကို​လည်း ပြောပြ​ကြ​လော့​။ ဟောရပ်​တောင်​၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့မှောက် သင်​တို့​ရပ်​စဉ် ထာဝရဘုရား​က ငါ့​အား ‘​လူ​တို့​ကို ငါ့​ထံ၌ စုရုံး​စေ​လော့​။ သူ​တို့​သည် မြေကြီး​ပေါ်၌ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ငါ့​ကို​ကြောက်ရွံ့​ရ​မည်​ကို သင်ယူ​၍ မိမိ​တို့​၏​သားသမီး​များ​ကို​လည်း သင်ကြား​ပေး​မည့်​အကြောင်း ငါ​၏​နှုတ်ထွက်စကား​များ​ကို သူ​တို့​အား ကြားနာ​စေ​မည်​’​ဟု မိန့်​တော်မူ​၏​။