YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 30:15-20

တရားဟောရာ 30:15-20 Judson Bible (JBMLE)

ကြည့်​ပါ​တော့၊ အ​သက်​ရှင်​ခြင်း​ချမ်း​သာ​နှင့် သေ​ခြင်း​ဆင်း​ရဲ​တို့​ကို သင့်​ရှေ့​မှာ ယ​နေ့​ငါ​ထား၏။ သင်​သည် အ​သက်​ရှင်၍ တိုး​ပွား​မည်​အ​ကြောင်း​နှင့် သင်​ဝင်​စား​လ​တ္တံ့​သော​ပြည်၌၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်​အ​ကြောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​သ​ဖြင့် နောက်​တော်​သို့​လိုက်၍၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက် ပ​ညတ်​တ​ရား​တော်​တို့​ကို စောင့်​ရှောက်​လော့​ဟု ငါ​မှာ​ထား၏။ သို့​မ​ဟုတ် သင့်​နှ​လုံး​လွဲ​သွား​သ​ဖြင့်၊ သင်​သည် နား​မ​ထောင်​ဘဲ သူ​တစ်​ပါး သွေး​ဆောင်​ရာ​သို့ လိုက်၍၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်​လျှင်၊ ယော်​ဒန်​မြစ်​ကို​ကူး၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ အ​သက်​တာ​မ​ရှည်၊ ဧ​ကန်​အ​မှန် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်​ဟု ယ​နေ့​ငါ​သ​တိ​ပေး၏။ အ​သက်​ရှင်​ခြင်း၊ သေ​ခြင်း၊ ကောင်း​ချီး​ပေး​ခြင်း၊ ကျိန်​ခြင်း​တို့​ကို သင့်​ရှေ့၌ ငါ​ထား​သည်​ဟု သင့်​တစ်​ဖက်၌ ကောင်း​ကင်​မြေ​ကြီး​ကို ငါ​တိုင်​တည်၏။ သို့​ဖြစ်၍၊ သင်​နှင့် သင့်​အ​မျိုး​အ​နွယ်​သည် အ​သက်​ရှင်​မည် အ​ကြောင်း​နှင့်​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်၍ စ​ကား​တော်​ကို နား​ထောင်​သ​ဖြင့်၊ အ​သက်​ရှင်​ခြင်း​အ​ကျိုး၊ အ​သက်​တာ​ရှည်​ခြင်း​အ​ကျိုး​ကို ပေး​တော်​မူ​သော ကိုယ်​တော်​ကို ဆည်း​ကပ်​မှီ​ဝဲ​မည် အ​ကြောင်း​နှင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၌ နေ​မည်​အ​ကြောင်း​နှင့် ယှဉ်​သော​အ​သက်​တ​ရား​ကို ရွေး​ယူ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​အား ဟော​ပြော၏။

တရားဟောရာ 30:15-20 Common Language Bible (BCL)

``ယ​နေ့​ငါ​သည်​သင်​တို့​အား အ​ကောင်း​သို့ မ​ဟုတ်​အ​ဆိုး၊ အ​သက်​ရှင်​ခြင်း​သို့​မ​ဟုတ် သေ​ခြင်း​ကို​ရွေး​ချယ်​စေ​ပြီ။- ငါ​ယ​နေ့​ပေး​သော​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​များ​ကို​စောင့် ထိန်း​လျှင်၊ ကိုယ်​တော်​ကို​ချစ်​၍​အ​မိန့်​တော်​ကို နာ​ခံ​လျက် ပ​ညတ်​တရား​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​လျှင် သင်​တို့​၏​နိုင်​ငံ​သည်​ဖွံ့​ဖြိုး​၍ လူ​ဦး​ရေ​များ​ပြား​လိမ့်​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​သိမ်း​ယူ နေ​ထိုင်​မည့်​ပြည်​တွင်​သင်​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။- သို့​ရာ​တွင်​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​မ​နာ​ခံ​ဘဲ​ဖောက်​ပြန်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ် လျှင်​မူ​ကား၊- သင်​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး​ရ​မည်​ဟု ငါ ယ​ခု​ပင်​သင်​တို့​အား​သ​တိ​ပေး​၏။ သင်​တို့ သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍ သိမ်း​ယူ​မည့် ပြည်​တွင်​ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​ကြ​မည်​မ​ဟုတ်။- ငါ​သည်​ယ​ခု​သင်​တို့​အား​အ​သက်​ရှင်​ခြင်း​သို့ မ​ဟုတ်​သေ​ခြင်း၊ ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကောင်း ချီး​မင်္ဂ​လာ​သို့​မ​ဟုတ်​အ​မင်္ဂ​လာ​ကို​ရွေး​ခွင့် ပေး​၏။ သင်​တို့​ရွေး​ယူ​သည်​ကို ကောင်း​ကင်​နှင့် မြေ​ကြီး​သက်​သေ​ဖြစ်​ပါ​စေ။ အ​သက်​ရှင် ခြင်း​ကို​ရွေး​ယူ​ကြ​လော့။- သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့်​ယာ​ကုပ်​တို့​အား​က​တိ​ထား​တော်​မူ သော​ပြည်​တွင် သင်​တို့​နှင့်​သင်​တို့​၏​အ​ဆက် အ​နွယ်​များ​ကြာ​ရှည်​စွာ​အ​သက်​ရှင်​နေ​ထိုင် နိုင်​စေ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ချစ်​၍​အ​မိန့်​တော်​ကို​နာ​ခံ​လျက် ကိုယ်​တော်​ရှင်​အား​ဆည်း​ကပ်​ကိုး​ကွယ်​ကြ လော့'' ဟု​မှာ​ကြား​လေ​၏။

တရားဟောရာ 30:15-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အသက်ရှင်​၍​ကောင်းစား​ခြင်း​နှင့် သေဆုံး​၍​ပျက်စီး​ခြင်း​ကို ယနေ့ သင့်​ရှေ့​၌ ငါ​ချထား​၏​။ သင်​သည် အသက်ရှင်​၍​တိုးပွား​မည့်​အကြောင်း​၊ သင်​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​ကောင်းချီးပေး​တော်မူ​မည့်​အကြောင်း သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ လမ်း​တော်​သို့​လိုက်​လျက် ကိုယ်တော်​၏​ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို စောင့်ထိန်း​ရ​မည်​ဟု ယနေ့ သင့်​အား ငါ​မှာကြား​၏​။ သင်​သည် နာခံ​ခြင်း​မ​ရှိ​ဘဲ သွေးဆောင်​ခြင်း​ခံရ​၍ သင်​၏​စိတ်နှလုံး​သည်​လမ်းလွဲ​လျက် အခြား​ဘုရား​များ​ကို ပျပ်ဝပ်​ကိုးကွယ်​လျှင် ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​၌ သင်​သည် အသက်​မ​ရှည်​၊ မုချ​ဖျက်ဆီး​ခြင်း​ခံရ​မည်​ဖြစ်ကြောင်း ယနေ့ သင့်​အား​ငါ​ပြောကြား​ပြီ​။ ယနေ့ ငါ​သည် ကောင်းကင်​နှင့်​မြေကြီး​ကို​သက်သေ​ထား​၍ အသက်ရှင်​ခြင်း​နှင့်​သေ​ခြင်း​၊ ကောင်းချီးမင်္ဂလာ​နှင့်​ကျိန်ခြင်းအမင်္ဂလာ​ကို သင့်​ရှေ့​၌ ငါ​ချထား​၏​။ သို့ဖြစ်၍ သင်​နှင့်​သင်​၏​သားမြေး​တို့​အသက်ရှင်​မည့်​အကြောင်း အသက်ရှင်​ခြင်း​ကို​ရွေးချယ်​လော့​။ ထို​ပြည်​ကို သင်​၏​ဘိုးဘေး​များ​ဖြစ်​သော အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား ပေး​မည်​ဟု ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​၌ သင်​နေထိုင်​နိုင်​မည့်​အကြောင်း အသက်ရှင်​ခြင်း​နှင့်တကွ အသက်တာ​ရှည်​ခြင်း​ကို​ပေး​တော်မူ​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ စကား​တော်​ကို​နားထောင်​လော့​၊ ကိုယ်တော်​၌​ဆည်းကပ်​လော့​”​ဟု ဆို​လေ​၏​။