YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 30:15-20

တရားဟောရာကျမ်း 30:15-20 MSBU

အသက်ရှင်​၍​ကောင်းစား​ခြင်း​နှင့် သေဆုံး​၍​ပျက်စီး​ခြင်း​ကို ယနေ့ သင့်​ရှေ့​၌ ငါ​ချထား​၏​။ သင်​သည် အသက်ရှင်​၍​တိုးပွား​မည့်​အကြောင်း​၊ သင်​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​ကောင်းချီးပေး​တော်မူ​မည့်​အကြောင်း သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ လမ်း​တော်​သို့​လိုက်​လျက် ကိုယ်တော်​၏​ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို စောင့်ထိန်း​ရ​မည်​ဟု ယနေ့ သင့်​အား ငါ​မှာကြား​၏​။ သင်​သည် နာခံ​ခြင်း​မ​ရှိ​ဘဲ သွေးဆောင်​ခြင်း​ခံရ​၍ သင်​၏​စိတ်နှလုံး​သည်​လမ်းလွဲ​လျက် အခြား​ဘုရား​များ​ကို ပျပ်ဝပ်​ကိုးကွယ်​လျှင် ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​၌ သင်​သည် အသက်​မ​ရှည်​၊ မုချ​ဖျက်ဆီး​ခြင်း​ခံရ​မည်​ဖြစ်ကြောင်း ယနေ့ သင့်​အား​ငါ​ပြောကြား​ပြီ​။ ယနေ့ ငါ​သည် ကောင်းကင်​နှင့်​မြေကြီး​ကို​သက်သေ​ထား​၍ အသက်ရှင်​ခြင်း​နှင့်​သေ​ခြင်း​၊ ကောင်းချီးမင်္ဂလာ​နှင့်​ကျိန်ခြင်းအမင်္ဂလာ​ကို သင့်​ရှေ့​၌ ငါ​ချထား​၏​။ သို့ဖြစ်၍ သင်​နှင့်​သင်​၏​သားမြေး​တို့​အသက်ရှင်​မည့်​အကြောင်း အသက်ရှင်​ခြင်း​ကို​ရွေးချယ်​လော့​။ ထို​ပြည်​ကို သင်​၏​ဘိုးဘေး​များ​ဖြစ်​သော အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား ပေး​မည်​ဟု ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​၌ သင်​နေထိုင်​နိုင်​မည့်​အကြောင်း အသက်ရှင်​ခြင်း​နှင့်တကွ အသက်တာ​ရှည်​ခြင်း​ကို​ပေး​တော်မူ​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ စကား​တော်​ကို​နားထောင်​လော့​၊ ကိုယ်တော်​၌​ဆည်းကပ်​လော့​”​ဟု ဆို​လေ​၏​။