YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 28:65-67

တရားဟောရာ 28:65-67 Judson Bible (JBMLE)

ထို​လူ​မျိုး​တို့​တွင် သင်​သည် သက်​သာ​ခြင်း​မ​ရှိ​ရာ၊ နေ​ရာ​မ​ကျ​ရာ။ နှ​လုံး​တုန်​လှုပ်​ခြင်း၊ မျက်​စိ​မျှော်၍ အား​ကုန်​ခြင်း၊ ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​သ​ဖြင့်၊ သင်​သည် အ​သက်​ဆုံး​လု​သည်​ဖြစ်၍၊ နေ့​ည​မ​ပြတ်​စိုး​ရိမ်​လျက် သေ​ဘေး​နှင့် လွတ်​မည်​မ​လွတ်​မည်​ကို မ​သိ​ဘဲ​လျက် နေ​ရ​လိမ့်​မည်။ သင်၏​စိတ်​နှ​လုံး​ထဲ​မှာ ကြောက်​ရွံ့​ရ​သော​အ​ကြောင်း၊ သင့်​မျက်​စိ​နှင့် မြင်​ရ​သော​အ​ရာ​ကြောင့်၊ နံ​နက်​အ​ချိန်၌ သင်​က၊ ည​ရောက်​ပါ​စေ​ဟူ၍​လည်း​ကောင်း၊ ည​အ​ချိန်၌ နံ​နက်​ရောက်​ပါ​စေ ဟူ၍​လည်း​ကောင်း ဆု​တောင်း​ရ​လိမ့်​မည်။

တရားဟောရာ 28:65-67 Common Language Bible (BCL)

သင်​တို့​သည်​ရောက်​ရှိ​သော​နေ​ရာ​တွင်​ငြိမ်း ချမ်း​မှု​ကို​မ​ရ​ရှိ​နိုင်။ အ​တည်​တ​ကျ​နေ ထိုင်​ရာ​အ​ရပ်​မ​ရှိ။​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ပူ​ပင်​သော​က​ရောက်​စေ​တော် မူ​မည်။ မျှော်​လင့်​ရာ​မဲ့​ပြီး​စိတ်​ပျက်​အား လျော့​စေ​တော်​မူ​မည်။- သင်​တို့​သည်​အ​သက်​ဘေး​နှင့်​အ​စဉ်​တွေ့ ကြုံ​နေ​ရ​မည်။ နေ့​ည​မ​ပြတ်​ကြောက်​ရွံ့ ထိတ်​လန့်​၍​သေ​ဘေး​နှင့်​အ​စဉ်​ရင်​ဆိုင် လျက်​နေ​ရ​မည်။- သင်​တို့​တွေ့​မြင်​နေ​ရ​သ​မျှ​တို့​ကြောင့် စိတ်​တုန်​လှုပ်​ချောက်​ချား​လျက်​ရှိ​လိမ့်​မည်။ နံ​နက်​တိုင်း​သင်​တို့​သည်​ည​အ​ချိန်​ရောက် ပါ​စေ​ဟူ​၍​လည်း​ကောင်း၊ ည​နေ​တိုင်း​၌ လည်း​နံနက်​အ​ချိန်​ရောက်​ပါ​စေ​ဟူ​၍ လည်း​ကောင်း​တမ်း​တ​ကြ​လိမ့်​မည်။

တရားဟောရာ 28:65-67 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​သည် ထို​လူမျိုး​တို့​အလယ်​တွင် သက်သာ​ရာ​မ​ရ​၊ နားစရာ​နေရာ ခြေ​တစ်ဖဝါးစာ​မျှ မ​ရှိ​။ ထို​အရပ်​၌ ထာဝရဘုရား​သည် သင့်​ကို စိတ်နှလုံး​ကြောင့်ကြ​ခြင်း​၊ မျက်စိ​အားလျော့​ခြင်း​၊ စိတ်ပျက်ဝမ်းနည်း​ခြင်း ဖြစ်စေ​တော်မူ​မည်​။ နောင်လာမည့်​သင့်​အသက်တာ​သည်​လည်း မရေရာမသေချာ​။ နေ့နေ့ညည ကြောက်ရွံ့​လျက်​နေ​ရ​မည်​။ ဘဝ​အာမခံချက် ရှိ​မည်​မ​ဟုတ်​။ သင့်​စိတ်​ထဲ၌​ကြောက်ရွံ့​နေ​ရ​သော​အရာ​၊ သင်​မျက်စိ​၌ မြင်​နေ​ရ​သော​အရာ​တို့​ကြောင့် နံနက်အချိန်​၌ ‘​နေဝင်ချိန်​ရောက်​ပါစေ​’ နေဝင်ချိန်​၌ ‘​နံနက်အချိန်​ရောက်​ပါစေ​’​ဟု သင်​ဆို​လိမ့်မည်​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။