YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 26:1-19

တရားဟောရာ 26:1-19 Judson Bible (JBMLE)

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ ပေး​တော်​မူ​သော​ပြည်​သို့ သင်​သည်​ဝင်​စား၍ နေ​သော​အ​ခါ၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ အ​ဦး​သီး​သော အ​သီး​အ​မျိုး​မျိုး​ကို​ယူ၍ ခြင်း​တောင်း၌​ထည့်​ပြီး​မှ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​တည်​စ​ရာ​ဖို့ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သို့ သွား၍၊ ထို​ကာ​လ၌ ယဇ်​ပု​ရော​ဟိတ်​လုပ်​သော သူ​ထံ​သို့​ချဉ်း​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပေး​ခြင်း​ငှာ၊ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့ အ​ကျွန်ုပ်​ရောက်​ပါ​ပြီ​ဟု ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ယ​နေ့​အ​ကျွန်ုပ်​ဝန်​ခံ​ပါ​သည်​ဟု ယဇ်​ပု​ရော​ဟိတ်​အား ပြော​ဆို​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​လည်း ခြင်း​တောင်း​ကို သင့်​လက်​မှ​ယူ၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ရှေ့​မှာ ချ​ထား​ရ​မည်။ သင်​က​လည်း၊ အ​ရပ်​ရပ်​သို့ လှည့်​လည်​သော ရှု​ရိ​အ​မျိုး​သား​သည် အ​ကျွန်ုပ်​အ​ဘ ဖြစ်​ပါ၏။ သူ​သည် အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ လူ​အ​နည်း​ငယ်​နှင့်​တ​ကွ တည်း​ခို​စဉ်​တွင် ကြီး​မား​များ​ပြား​သော လူ​မျိုး​ဖြစ်​ပါ၏။ အဲ​ဂု​တ္တု​လူ​တို့​သည် အ​ကျွန်ုပ်​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်၍ ကျပ်​တည်း​စွာ ကျွန်​ခံ​စေ​ကြ၏။ ဘိုး​ဘေး​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်၍ လျှောက်​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်​တို့​ခံ​ရ​သော ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း၊ ပင်​ပန်း​ခြင်း​တို့​ကို ကြည့်​ရှု​တော်​မူ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​ကြီး​သော လက်​ရုံး​တော်​ကို ဆန့်၍ ကြောက်​မက်​ဖွယ်​သော နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ဖြင့် အ​ကျွန်ုပ်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ပြီး​လျှင်၊ နို့​နှင့်​ပျား​ရည်​စီး​သော ဤ​ပြည်​သို့ ပို့​ဆောင်၍ ပေး​သ​နား​တော်​မူ၏။ ယ​ခု​မှာ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော​ပြည်၌ အ​ဦး​သီး​သော​အ​သီး​ကို အ​ကျွန်ုပ်​ဆောင်​ခဲ့​ပါ​ပြီ​ဟု သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ဆို​လျက်၊ ထို​အ​သီး​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​ရ​မည်။ ရှေ့​တော်၌​လည်း ကိုး​ကွယ်​ခြင်း​ကို ပြု​ရ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​နှင့် သင်၏​အိမ်​သူ​အိမ်​သား​တို့​အား ပြု​တော်​မူ​သ​မျှ​သော​ကျေး​ဇူး၌၊ သင်​သည် သင်​နှင့်​အ​တူ တည်း​ခို​သော လေ​ဝိ​သား​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​နှင့်​တ​ကွ ပျော်​မွေ့​ခြင်း​ကို ပြု​ရ​မည်။ သုံး​နှစ်​တွင် ဆယ်​ဖို့​တစ်​ဖို့​ပေး​ရ​သော တ​တိ​ယ​နှစ် ရောက်​သော​အ​ခါ၊ အ​စီး​အ​ပွား​ရှိ​သ​မျှ​တို့​ကို ဆယ်​ဖို့​တစ်​ဖို့​ကောက်​ယူ၍၊ လေ​ဝိ​သား၊ တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​ကို သင့်​နေ​ရာ​မြို့​များ၌ ဝ​စွာ​ကျွေး​မွေး​ပြီး​မှ၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ သန့်​ရှင်း​သော​ဥ​စ္စာ​တို့​ကို အိမ်​မှ​ထုတ်၍ လေ​ဝိ​သား၊ တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​အား​ပေး​ပါ​ပြီ။ ပ​ညတ်​တော်​တို့​ကို မ​လွန်​ကျူး၊ မ​မေ့​လျော့​ပါ။ မ​သာ​အ​မှု​ကို ဆောင်​စဉ်​အ​ခါ ထို​ဥ​စ္စာ​ကို အ​ကျွန်ုပ်​မ​စား​ပါ။ မ​စင်​ကြယ်​သော အ​သုံး​အ​ဆောင်​ဖို့ အ​နည်း​ငယ်​ကို​မျှ မ​ယူ​ပါ။ သေ​သော​သူ​တို့​အ​ဖို့ အ​နည်း​ငယ်​ကို​မျှ မ​ပေး​ပါ။ အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်​ပါ​ပြီ။ ကိုယ်​တော်​မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း ပြု​ပါ​ပြီ။ ကိုယ်​တော်၏ သန့်​ရှင်း​သော နေ​ရာ​ကောင်း​ကင်​ဘုံ​မှ ငုံ့​ကြည့်၍၊ ကိုယ်​တော်၏ လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း​ကောင်း၊ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​တို့​အား ပေး​တော်​မူ​သော​ပြည်၊ နို့​နှင့်​ပျား​ရည် စီး​သော​ပြည်​ကို​လည်း​ကောင်း ကောင်း​ချီး​ပေး​တော်​မူ​ပါ​ဟု လျှောက်​ဆို​ရ​မည်။ ယ​ခု​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​အ​တိုင်း ကျင့်​ရ​မည်​ဟု သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​ဖြစ်၍ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကျင့်​စောင့်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ဟူ၍​လည်း​ကောင်း၊ လမ်း​တော်​သို့ လိုက်​ပါ​မည်၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​သော ပ​ညတ်​တ​ရား​တော်​ကို စောင့်​ရှောက်​ပါ​မည်၊ စ​ကား​တော်​ကို နား​ထောင်​ပါ​မည်​ဟူ၍​လည်း​ကောင်း ယ​နေ့​သင်​သည် ဝန်​ခံ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း က​တိ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ သင်​သည် ပ​ညတ်​တော် အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ အ​ထူး​သ​ဖြင့် ကိုယ်​တော်၏ လူ​မျိုး​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ဖန်​ဆင်း​တော်​မူ​သော လူ​မျိုး​တ​ကာ​တို့​ထက် သင်၏​ဂုဏ်​အ​သ​ရေ ကျော်​စော​ကိ​တ္တိ​ကို လွန်​ကဲ​စေ​တော်​မူ​မည်​ဟူ၍​လည်း​ကောင်း က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​လူ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ယ​နေ့ ဝန်​ခံ​တော်​မူ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဟော​ပြော​လေ၏။

တရားဟောရာ 26:1-19 Common Language Bible (BCL)

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့ ဝင်​ရောက် သိမ်း​ပိုက်​နေ​ထိုင်​ကြ​သော​အ​ခါ၊- သင်​တို့​သည်​လက်​ဦး​လက်​ဖျား​အ​သီး​အ​နှံ အ​မျိုး​မျိုး​ကို​တောင်း​ထဲ​၌​ထည့်​ပြီး​လျှင် တစ်​ခု​တည်း​သော​ကိုး​ကွယ်​ရာ​ဌာ​န​သို့​ယူ ဆောင်​သွား​ရ​မည်။- ထို​အ​ချိန်​တွင်​တာ​ဝန်​ကျ​သော​ယဇ်​ပု​ရော ဟိတ်​ထံ​သို့​သွား​၍`အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဘိုး​ဘေး​တို့​အား​က​တိ ထား​တော်​မူ​သော​ပြည်​သို့ အ​ကျွန်ုပ်​ရောက်​ရှိ နေ​ပြီ​ဖြစ်​ကြောင်း​ထာ​ဝ​ရ​ဘု​ရား​ထံ ယ​နေ့​ဝန်​ခံ​ပါ​၏' ဟု​ပြော​ဆို​လော့။ ``ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည် သင့်​ထံ​မှ တောင်း​ကို​ယူ​၍ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပလ္လင်​ရှေ့​မှာ​ချ​ထား​ရ​မည်။- ထို​နောက်​သင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​တွင်`အ​ကျွန်ုပ်​၏​ဘိုး​ဘေး​သည် အိုး​အိမ် အ​တည်​တ​ကျ​မ​ရှိ​သော​အာ​ရေ​မီ​ယန် အ​မျိုး​သား​ဖြစ်​ပါ​သည်။ သူ​သည်​သူ​၏ မိ​သား​စု​ကို​ခေါ်​၍ အီ​ဂျစ်​ပြည်​သို့​သွား ရောက်​နေ​ထိုင်​ခဲ့​ပါ​သည်။ ထို​ပြည်​သို့​ရောက် စဉ်​က​သူ​တို့​၏​ဦး​ရေ​အ​နည်း​ငယ်​မျှ သာ​ရှိ​သော်​လည်း နောင်​တွင်​လူ​ဦး​ရေ​များ ၍​အင်​အား​ကြီး​သော​လူ​မျိုး​ဖြစ်​လာ ပါ​သည်။- အီ​ဂျစ်​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​တို့ ကို​ညှင်း​ဆဲ​နှိပ်​စက်​၍​ကျွန်​အ​ဖြစ်​စေ ခိုင်း​ပါ​သည်။- ထို​အ​ခါ​အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ကူ​ညီ မ​စ​ရန်​လျှောက်​ထား​ကြ​ပါ​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​တို့​၏​လျှောက်​ထား​ချက် ကို​နား​ညောင်း​တော်​မူ​၍ အ​ကျွန်ုပ်​တို့​ခံ​ရ သော​ညှင်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ ကို​သိ​မြင်​တော်​မူ​၏။- ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​နှင့် လက်​ရုံး​တော်​အား​ဖြင့် အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ် ပြည်​မှ​ကယ်​တင်​တော်​မူ​ခဲ့​သည်။ ကိုယ်​တော် သည်​နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​အံ့​သြ​ဖွယ်​ရာ များ​ကို​ပြ​၍ ကြောက်​မက်​ဖွယ်​သော​ဘေး​ဒဏ် များ​ကို​ကျ​ရောက်​စေ​တော်​မူ​သည်။- ကိုယ်​တော်​သည်​အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော ဤ​ပြည်​သို့​ပို့​ဆောင်​နေ​ထိုင်​စေ​တော်​မူ​၏။- ထို့​ကြောင့်​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ပေး​သ​နား တော်​မူ​သော လက်​ဦး​လက်​ဖျား​အ​သီး​အ​နှံ များ​ကို ယ​ခု​ယူ​ဆောင်​ဆက်​ကပ်​ပါ​သည်' ဟူ​၍​ရွတ်​ဆို​ရ​မည်။ ထို့​နောက်​တောင်း​ကို​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​တွင်​ချ​ထား​၍​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။- သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​နှင့်​သင်​၏​မိ​သား​စု​အား​ကျေး​ဇူး ပြု​တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း လော့။ သင်​တို့​နှင့်​တစ်​ရပ်​တည်း​နေ​ထိုင်​သော လေဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​သား များ​သည်​သင်​တို့​နှင့်​အ​တူ​ပျော်​ပွဲ​ရွှင်​ပွဲ ကို​ဆင်​နွှဲ​စေ​ကြ​လော့။ ``သုံး​နှစ်​လျှင်​တစ်​ကြိမ်​သင်​၏​အ​သီး​အ​နှံ ထဲ​မှ ဆယ်​ဖို့​တစ်​ဖို့​ကို​လေဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့​က​လေး​များ​နှင့် မု​ဆိုး​မ​များ​အား​ပေး​ကမ်း​လော့။ ဤ​နည်း အား​ဖြင့်​သူ​တို့​သည် မိမိ​တို့​နေ​ထိုင်​ရာ​အ​ရပ် တွင် ဝ​လင်​စွာ​စား​သောက်​ရ​ကြ​လိမ့်​မည်။ ထို သို့​ပေး​ကမ်း​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား အား၊- `အ​ကျွန်ုပ်​သည်​ပေး​ကမ်း​ရန်​သီး​သန့်​ထား သော​ဆယ်​ဖို့​တစ်​ဖို့​ကို အိမ်​တွင်​ခြွင်း​ချန်​မ ထား​ပါ။ ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း လေ​ဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ​အား ပေး​ကမ်း​ပါ​ပြီ။ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ဆိုင်​၍ ကိုယ်​တော်​ပ​ညတ်​သ​မျှ​တို့​ကို​မ​ချိုး​ဖောက်၊ မ​မေ့​လျော့​ပါ။- အ​ကျွန်ုပ်​သည်​သေ​သူ​အ​တွက်​ဝမ်း​နည်း​ကြေ ကွဲ​နေ​စဉ် ထို​ဆယ်​ဖို့​တစ်​ဖို့​ထဲ​မှ​ယူ​၍​မ​စား ခဲ့​ပါ။ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​အ​ကျွန်ုပ် မ​သန့်​ရှင်း​စဉ် ထို​ဆယ်​ဖို့​တစ်​ဖို့​ကို​အိမ်​အ​ပြင် သို့​မ​ထုတ်​ပါ။ ထို​ဆယ်​ဖို့​တစ်​ဖို့​မှ​ယူ​၍​သေ သူ​အား​မ​ပူ​ဇော်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​အ​ကျွန်ုပ်​နာ​ခံ ပါ​၏။ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ဆိုင်​၍​ကိုယ်​တော် ပ​ညတ်​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ပြီး​ပါ​ပြီ။- ကိုယ်​တော်​စိုး​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ ကြည့်​ရှု​တော်​မူ​၍ ဘိုး​ဘေး​တို့​အား​က​တိ ထား​တော်​မူ​သည့်​အ​တိုင်း​ပေး​သ​နား​သော အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သည့်​ပြည်​နှင့် တ​ကွ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​သော ဣ​သ​ရေ​လ​လူ​မျိုး​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​ပါ' ဟူ​၍​လျှောက်​ဆို​ရ​မည်။ ``သင်​တို့​သည်​ဤ​ပ​ညတ်​တော်​အား​လုံး​ကို လိုက်​နာ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ယ​နေ့​တွင်​မိန့်​မှာ​တော်​မူ​၏။ သို့ ဖြစ်​၍​ယင်း​ပ​ညတ်​များ​ကို​တစ်​သ​ဝေ မ​တိမ်း​လိုက်​လျှောက်​ရန်​အ​စွမ်း​ကုန်​အား ထုတ်​လော့။- ထာ​ဝ​ရ​ဘု​ရား​သည် သင်​၏​ဘု​ရား​သ​ခင် ဖြစ်​သည်​ဟု​ယ​နေ့​သင်​ဝန်​ခံ​ပြီ။ သင်​တို့ သည်​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား​ထောင် ရန်​လည်း​ကောင်း၊ ပ​ညတ်​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​ရန်​လည်း​ကောင်း၊ မိန့်​မှာ​တော်​မူ သ​မျှ​ကို​လိုက်​နာ​ရန်​လည်း​ကောင်း​က​တိ ပေး​ခဲ့​ပြီ။- ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​တိုင်း သင်​တို့​အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ် ယ​နေ့​လက်​ခံ​တော်​မူ​ပြီ။ သင်​တို့​သည်​ပ​ညတ် တော်​ရှိ​သ​မျှ​တို့​ကို​လိုက်​နာ​ရန်​မိန့်​မှာ တော်​မူ​၏။- ကိုယ်​တော်​သည်​မိ​မိ​ဖန်​ဆင်း​တော်​မူ​သော လူ​မျိုး​အ​ပေါင်း​တို့​ထက် သင်​တို့​အား​ပို​၍ ကြီး​မြတ်​စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​အား ဖြင့်​ကိုယ်​တော်​၏​ဘုန်း​ကျက်​သ​ရေ​ထွန်း ပြောင်​လာ​လိမ့်​မည်။ က​တိ​တော်​ရှိ​သည့် အ​တိုင်း သင်​တို့​သည်​ကိုယ်​တော်​၏​လူ​မျိုး တော်​ဖြစ်​လိမ့်​မည်'' ဟု​ပြော​ဆို​လေ​၏။

တရားဟောရာ 26:1-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အမွေ​အဖြစ် ပေး​တော်မူ​သော​ပြည်​ကို သင်​သိမ်းပိုက်​၍ ထို​ပြည်​၌ နေထိုင်​သောအခါ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​မှ​ထွက်ရှိ​သည့် မြေ​အသီးအနှံ​အားလုံး​၏​အသီးဦး​အချို့​ကို​ယူ​၍ တောင်း​ထဲ​ထည့်​ပြီးလျှင် နာမ​တော်​ကိန်းဝပ်​ရာ​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သို့ သွား​ရ​မည်​။ သင်​သည် ထို​အချိန်​တွင် တာဝန်ကျ​သော​ယဇ်ပုရောဟိတ်​ထံသို့​သွား​၍ ‘​ထာဝရဘုရား​က ထို​ပြည်​ကို​အကျွန်ုပ်​တို့​အား ပေး​မည်​ဟု အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​သို့ အကျွန်ုပ်​ရောက်ရှိ​ပြီ​ဖြစ်ကြောင်း ဘုရားသခင်​ထာဝရဘုရား​အား ယနေ့​အကျွန်ုပ်​ကြားလျှောက်​ပါ​၏​’​ဟု ဆို​ရ​မည်​။ ယဇ်ပုရောဟိတ်​သည်​လည်း သင့်​လက်​ထဲမှ​တောင်း​ကို​ယူ​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ရှေ့​၌ ချထား​ရ​မည်​။ ထိုအခါ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ‘​အကျွန်ုပ်​၏​ဘိုးဘေး​သည် လှည့်လည်​သွားလာ​နေ​သူ အာရံ​လူမျိုး​ဖြစ်​ပါ​၏​။ သူ​သည် အီဂျစ်​ပြည်​သို့ လူ​အနည်းငယ်​နှင့် ဆင်းသွား​၍ ထို​ပြည်​၌​တည်းခိုနေထိုင်​ပါ​၏​။ သို့သော် ထို​ပြည်​၌ပင် အင်အားကြီး​၍​များပြား​သော​လူမျိုး​ကြီး​ဖြစ်လာ​ပါ​၏​။ အီဂျစ်​လူမျိုး​တို့​သည် အကျွန်ုပ်​တို့​ကို ညှဉ်းပန်း​နှိပ်စက်​၍ ကြမ်းတမ်း​သော​အလုပ်​ကို လုပ်​စေ​ပါ​၏​။ သို့ဖြစ်၍ အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​သောအခါ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​၏​အသံ​ကို နားညောင်း​တော်မူ​၍ အကျွန်ုပ်​တို့​ခံရ​သော ဆင်းရဲ​ခြင်း​၊ ပင်ပန်း​ခြင်း​၊ ညှဉ်းပန်းနှိပ်စက်​ခြင်း​တို့​ကို ကြည့်ရှု​တော်မူ​၏​။ ထိုအခါ ထာဝရဘုရား​သည် အားကြီး​သော​လက်​နှင့် လက်ရုံး​တော်​ကို​ဆန့်​လျက်​၊ ကြောက်မက်ဖွယ်​အမှု​ကြီး​များ​ပြု​လျက်​၊ နိမိတ်လက္ခဏာ​များ​ပြ​လျက်​၊ အံ့ဩဖွယ်အမှု​များ​ပြု​လျက် အကျွန်ုပ်​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ဤ​အရပ်​သို့​ပို့ဆောင်​တော်မူ​၏​။ အကျွန်ုပ်​တို့​အား နို့​နှင့်​ပျားရည်​စီး​သော ဤ​ပြည်​ကို ပေး​တော်မူ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော​မြေ​အသီးအနှံ​၏​အသီးဦး​ကို ယခု အကျွန်ုပ်​ယူဆောင်​လာ​ပါ​၏​’​ဟု လျှောက်ဆို​ပြီးလျှင် ထို​အသီး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌​ချထား​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​ရ​မည်​။ သင်​နှင့်​သင်​၏​အိမ်သူအိမ်သား​တို့​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သည့် ကောင်းမြတ်​သော​အရာ​ရှိသမျှ​တို့​အတွက် သင်​မှစ၍ လေဝိ​အမျိုး​၊ သင့်​တွင်​ရှိ​သော​တိုင်းတစ်ပါးသား​တို့​အတူတကွ ဝမ်းမြောက်​ရ​မည်​။ သင်​သည် ဆယ်ဖို့တစ်ဖို့​နှစ်​ဖြစ်​သော တတိယ​နှစ်​၌ သင့်​သီးနှံ​၏​ဆယ်ဖို့တစ်ဖို့​ရှိသမျှ​ကို​ဖယ်ထား​ပြီး လေဝိ​အမျိုး​၊ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ တို့​အား ပေး​၍ သင်​၏​မြို့​များ​၌ သူ​တို့​သည် ဝလင်​စွာ​စား​ရ​ကြ​မည်​။ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ‘​အကျွန်ုပ်​သည် သန့်ရှင်းသောအရာ​ကို အိမ်​မှ​ထုတ်​၍ အကျွန်ုပ်​အား ကိုယ်တော်​မိန့်မှာ​တော်မူ​ခဲ့​သည့် ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​အတိုင်း ထို​အရာ​ကို လေဝိ​အမျိုး​၊ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ တို့​အား ပေး​ပါ​ပြီ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​များ​ကို မ​ချိုးဖောက်​ပါ​၊ မ​မေ့လျော့​ပါ​။ အကျွန်ုပ်​သည် သေ​သူ​အတွက်​ဝမ်းနည်းကြေကွဲ​စဉ် ထို​အရာ​ကို မ​စား​ပါ​။ မစင်မကြယ်​ဖြစ်​နေစဉ် ထို​အရာ​ကို မ​ထိ​ပါ​။ သေ​သော​သူ​အတွက် ထို​အရာ​ကို မ​ပူဇော်​ပါ​။ အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ပါ​ပြီ​။ အကျွန်ုပ်​အား ကိုယ်တော်​မိန့်မှာ​တော်မူ​သမျှ​အတိုင်း အကျွန်ုပ်​ပြု​ပါ​ပြီ​။ ကိုယ်တော်​၏​သန့်ရှင်း​သော​ကိန်းဝပ်​တော်မူ​ရာ​အရပ်​ဖြစ်​သော ကောင်းကင်ဘုံ​မှ ငုံ့ကြည့်​တော်မူ​ပါ​။ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​ကို​လည်းကောင်း​၊ အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း အကျွန်ုပ်​တို့​အား ပေး​တော်မူ​သည့် နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို​လည်းကောင်း ကောင်းချီးပေး​တော်မူ​ပါ​’​ဟု လျှောက်ဆို​ရ​မည်​။ ဤ​ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို​လိုက်နာ​ရန် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​အား ယနေ့​မိန့်မှာ​တော်မူ​ပြီ​ဖြစ်၍ စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ လိုက်နာ​စောင့်ထိန်း​ရ​မည်​။ ထာဝရဘုရား​သည် သင်​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​၊ ကိုယ်တော်​၏​လမ်း​တော်​များ​၌​လျှောက်လှမ်း​၍ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​များ​၊ ပညတ်တော်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို စောင့်ထိန်း​ပါ​မည်​၊ ကိုယ်တော်​၏​စကား​တော်​များ​ကို နားထောင်​ပါ​မည်​ဟု ယနေ့ သင်​ဝန်ခံ​လေ​ပြီ​။ ထာဝရဘုရား​သည်​လည်း သင့်​အား​ကတိထား​တော်မူ​ခဲ့​သည့်​အတိုင်း သင်​သည် ပညတ်တော်​ရှိသမျှ​ကို​စောင့်ထိန်း​သည့် မိမိ​မြတ်နိုးတန်ဖိုးထား​သော​လူမျိုး​ဖြစ်​ရ​မည်​ဟု ယနေ့ ဝန်ခံ​တော်မူ​ပြီ​။ မိမိ​ဖန်ဆင်း​ထား​တော်မူ​သည့် လူမျိုး​အပေါင်း​တို့​ထက် ချီးမွမ်း​ခြင်း​၊ ကျော်စော​ခြင်း​၊ အသရေရှိ​ခြင်း​တို့​ဖြင့် သင့်​ကို​ချီးမြှင့်​တော်မူ​မည်​။ ကတိထား​တော်မူ​ခဲ့​သည့်​အတိုင်း သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ သန့်ရှင်း​သော​လူမျိုး​ဖြစ်​သည်​ဟု ယနေ့​ဝန်ခံ​တော်မူ​ပြီ​”​ဟု ပြောကြား​လေ​၏​။