YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 26:1-19

တရားဟောရာ 26:1-19 JBMLE

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ ပေး​တော်​မူ​သော​ပြည်​သို့ သင်​သည်​ဝင်​စား၍ နေ​သော​အ​ခါ၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ အ​ဦး​သီး​သော အ​သီး​အ​မျိုး​မျိုး​ကို​ယူ၍ ခြင်း​တောင်း၌​ထည့်​ပြီး​မှ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​တည်​စ​ရာ​ဖို့ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သို့ သွား၍၊ ထို​ကာ​လ၌ ယဇ်​ပု​ရော​ဟိတ်​လုပ်​သော သူ​ထံ​သို့​ချဉ်း​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပေး​ခြင်း​ငှာ၊ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့ အ​ကျွန်ုပ်​ရောက်​ပါ​ပြီ​ဟု ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ယ​နေ့​အ​ကျွန်ုပ်​ဝန်​ခံ​ပါ​သည်​ဟု ယဇ်​ပု​ရော​ဟိတ်​အား ပြော​ဆို​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​လည်း ခြင်း​တောင်း​ကို သင့်​လက်​မှ​ယူ၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ရှေ့​မှာ ချ​ထား​ရ​မည်။ သင်​က​လည်း၊ အ​ရပ်​ရပ်​သို့ လှည့်​လည်​သော ရှု​ရိ​အ​မျိုး​သား​သည် အ​ကျွန်ုပ်​အ​ဘ ဖြစ်​ပါ၏။ သူ​သည် အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ လူ​အ​နည်း​ငယ်​နှင့်​တ​ကွ တည်း​ခို​စဉ်​တွင် ကြီး​မား​များ​ပြား​သော လူ​မျိုး​ဖြစ်​ပါ၏။ အဲ​ဂု​တ္တု​လူ​တို့​သည် အ​ကျွန်ုပ်​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်၍ ကျပ်​တည်း​စွာ ကျွန်​ခံ​စေ​ကြ၏။ ဘိုး​ဘေး​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်၍ လျှောက်​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်​တို့​ခံ​ရ​သော ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း၊ ပင်​ပန်း​ခြင်း​တို့​ကို ကြည့်​ရှု​တော်​မူ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​ကြီး​သော လက်​ရုံး​တော်​ကို ဆန့်၍ ကြောက်​မက်​ဖွယ်​သော နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ဖြင့် အ​ကျွန်ုပ်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ပြီး​လျှင်၊ နို့​နှင့်​ပျား​ရည်​စီး​သော ဤ​ပြည်​သို့ ပို့​ဆောင်၍ ပေး​သ​နား​တော်​မူ၏။ ယ​ခု​မှာ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော​ပြည်၌ အ​ဦး​သီး​သော​အ​သီး​ကို အ​ကျွန်ုပ်​ဆောင်​ခဲ့​ပါ​ပြီ​ဟု သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ဆို​လျက်၊ ထို​အ​သီး​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​ရ​မည်။ ရှေ့​တော်၌​လည်း ကိုး​ကွယ်​ခြင်း​ကို ပြု​ရ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​နှင့် သင်၏​အိမ်​သူ​အိမ်​သား​တို့​အား ပြု​တော်​မူ​သ​မျှ​သော​ကျေး​ဇူး၌၊ သင်​သည် သင်​နှင့်​အ​တူ တည်း​ခို​သော လေ​ဝိ​သား​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​နှင့်​တ​ကွ ပျော်​မွေ့​ခြင်း​ကို ပြု​ရ​မည်။ သုံး​နှစ်​တွင် ဆယ်​ဖို့​တစ်​ဖို့​ပေး​ရ​သော တ​တိ​ယ​နှစ် ရောက်​သော​အ​ခါ၊ အ​စီး​အ​ပွား​ရှိ​သ​မျှ​တို့​ကို ဆယ်​ဖို့​တစ်​ဖို့​ကောက်​ယူ၍၊ လေ​ဝိ​သား၊ တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​ကို သင့်​နေ​ရာ​မြို့​များ၌ ဝ​စွာ​ကျွေး​မွေး​ပြီး​မှ၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ သန့်​ရှင်း​သော​ဥ​စ္စာ​တို့​ကို အိမ်​မှ​ထုတ်၍ လေ​ဝိ​သား၊ တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​အား​ပေး​ပါ​ပြီ။ ပ​ညတ်​တော်​တို့​ကို မ​လွန်​ကျူး၊ မ​မေ့​လျော့​ပါ။ မ​သာ​အ​မှု​ကို ဆောင်​စဉ်​အ​ခါ ထို​ဥ​စ္စာ​ကို အ​ကျွန်ုပ်​မ​စား​ပါ။ မ​စင်​ကြယ်​သော အ​သုံး​အ​ဆောင်​ဖို့ အ​နည်း​ငယ်​ကို​မျှ မ​ယူ​ပါ။ သေ​သော​သူ​တို့​အ​ဖို့ အ​နည်း​ငယ်​ကို​မျှ မ​ပေး​ပါ။ အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်​ပါ​ပြီ။ ကိုယ်​တော်​မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း ပြု​ပါ​ပြီ။ ကိုယ်​တော်၏ သန့်​ရှင်း​သော နေ​ရာ​ကောင်း​ကင်​ဘုံ​မှ ငုံ့​ကြည့်၍၊ ကိုယ်​တော်၏ လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း​ကောင်း၊ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​တို့​အား ပေး​တော်​မူ​သော​ပြည်၊ နို့​နှင့်​ပျား​ရည် စီး​သော​ပြည်​ကို​လည်း​ကောင်း ကောင်း​ချီး​ပေး​တော်​မူ​ပါ​ဟု လျှောက်​ဆို​ရ​မည်။ ယ​ခု​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​အ​တိုင်း ကျင့်​ရ​မည်​ဟု သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​ဖြစ်၍ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကျင့်​စောင့်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ဟူ၍​လည်း​ကောင်း၊ လမ်း​တော်​သို့ လိုက်​ပါ​မည်၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​သော ပ​ညတ်​တ​ရား​တော်​ကို စောင့်​ရှောက်​ပါ​မည်၊ စ​ကား​တော်​ကို နား​ထောင်​ပါ​မည်​ဟူ၍​လည်း​ကောင်း ယ​နေ့​သင်​သည် ဝန်​ခံ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း က​တိ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ သင်​သည် ပ​ညတ်​တော် အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ အ​ထူး​သ​ဖြင့် ကိုယ်​တော်၏ လူ​မျိုး​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ဖန်​ဆင်း​တော်​မူ​သော လူ​မျိုး​တ​ကာ​တို့​ထက် သင်၏​ဂုဏ်​အ​သ​ရေ ကျော်​စော​ကိ​တ္တိ​ကို လွန်​ကဲ​စေ​တော်​မူ​မည်​ဟူ၍​လည်း​ကောင်း က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​လူ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ယ​နေ့ ဝန်​ခံ​တော်​မူ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဟော​ပြော​လေ၏။