YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 14:22-29

တရားဟောရာ 14:22-29 Judson Bible (JBMLE)

လယ်​ယာ၌ တစ်​နှစ်​တစ်​နှစ်​တွင်​သိမ်း​ရ​သော အ​သီး​အ​နှံ​ဆယ်​ဖို့​တစ်​ဖို့​ကို အ​မှန်​ခွဲ​ထား​ရ​မည်။ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ နာ​မ​တော်​ကို တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​မှ​စ၍၊ သိုး၊ နွား​တွင် အ​ဦး​ဖွား​သော သား​ငယ်​ဆယ်​ဖို့​တစ်​ဖို့​ကို ရှေ့​တော်​မှာ စား​ရ​ကြ​မည်။ ထို​သို့​ပြု​လျှင်၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​ကြောက်​ရွံ့​ရ​မည်​အ​ကြောင်း၊ သင်​ရ​ကြ​လိမ့်​မည်။ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ကောင်​ချီး​ပေး​တော်​မူ​သော​အ​ခါ၊ နာ​မ​တော်​ကို တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သည် ဝေး​လွန်း၍ ခ​ရီး​ရှည်​လျား​သ​ဖြင့်၊ ဥ​စ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို ဆောင်၍ မ​သွား​နိုင်​လျှင်၊ ထို​ဥ​စ္စာ​ကို ရောင်း​ပြီး​မှ၊ ငွေ​ကို​ကိုင်​လျက်၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သို့​သွား၍၊ စား​ချင်​သော စိတ်​အ​လို​ရှိ​သည်​အ​တိုင်း၊ နွား၊ သိုး၊ စ​ပျစ်​ရည်၊ သေ​ရည်​အ​စ​ရှိ​သော စား​ချင်​သ​မျှ​ကို ဝယ်၍၊ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ၊ အိမ်​သူ​အိမ်​သား​များ​နှင့်​တ​ကွ စား​သောက်​လျက်၊ ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။ သို့​ရာ​တွင်၊ သင်​တို့၌​တည်း​ခို​သော လေ​ဝိ​သား​ဟူ​မူ​ကား၊ သင်​တို့​နှင့်​ရော၍၊ အ​ဖို့​မ​ရှိ၊ အ​မွေ​ကို​မ​ခံ​ရ​သော​ကြောင့်၊ သူ့​ကို မ​စွန့်​မ​ပစ်​ရ​ဘဲ၊ တ​တိ​ယ​နှစ်​တွင် သိမ်း​သော​အ​သီး​အ​နှံ ဆယ်​ဖို့​တစ်​ဖို့​ရှိ​သ​မျှ​ကို ထုတ်၍ မြို့​ထဲ​မှာ သို​ထား​ရ​မည်။ သင်​တို့​နှင့်​ရော၍ အ​ဖို့​မ​ရှိ၊ အ​မွေ​ကို မ​ခံ​ရ​သော လေ​ဝိ​သား၊ သင်​တို့​နေ​ရာ​အ​ရပ်၌​ရှိ​သော တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်၊ မု​ဆိုး​မ​များ​တို့​သည် လာ၍ ဝ​စွာ​စား​ရ​ကြ​မည်။ သို့​ဖြစ်​လျှင် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​ပြု​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​မည်။

တရားဟောရာ 14:22-29 Common Language Bible (BCL)

``နှစ်​စဉ်​သင်​တို့​၏​လယ်​ယာ​များ​မှ ထွက်​သ​မျှ သော​အ​သီး​အ​နှံ​ဆယ်​ဖို့​တစ်​ဖို့​ကို သီး​သန့် ဖယ်​ထား​ရ​မည်။- ထို့​နောက်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ရွေး​ချယ်​ထား​တော်​မူ​သော​ဘု​ရား ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော​ဌာ​န​သို့​သွား​၍ ထို​ဌာ​န​တွင်​ကိုယ်​တော်​၏​ရှေ့​တော်​၌ သင်​တို့ ဆယ်​ဖို့​တစ်​ဖို့​သီး​သန့်​ဖယ်​ထား​သော​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ နွား​နှင့်​သိုး​တို့​၏​သား ဦး​ပေါက်​များ​ကို​စား​သုံး​ရ​ကြ​မည်။ ဤ နည်း​အား​ဖြင့်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​ကြောက်​ရွံ့​ရို​သေ ရ​မည်​ဖြစ်​ကြောင်း​သင်​တို့​သိ​နား​လည်​ကြ လိမ့်​မည်။- ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း​ချီး ပေး​သ​ဖြင့် ရ​ရှိ​သော​ဝတ္ထု​ပစ္စည်း​ထဲ​မှ​ဆယ်​ဖို့ တစ်​ဖို့​ကို ဘုရား​ဝတ်​ပြု​ရာ​ဌာ​န​သို့​ယူ​ဆောင် သွား​ရန်​ခ​ရီး​ဝေး​လွန်း​လျှင်၊- ထို​ပစ္စည်း​ကို​ရောင်း​ချ​၍​ရ​သော​ငွေ​ကို ဘု​ရား ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော​ဌာ​န​သို့​ယူ သွား​ရ​မည်။- ထို​ငွေ​ဖြင့်​သင်​တို့​နှစ်​သက်​ရာ​အ​မဲ​သား၊ သိုး သား၊ စ​ပျစ်​ရည်၊ အ​ရက်​သေ​ရည်​စ​သည်​တို့ ကို​ဝယ်​၍ ထို​ဌာ​န​တွင်​သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ သင်​နှင့်​သင် တို့​၏​မိ​သား​စု​များ​သည်​ပျော်​ရွှင်​စွာ​စား သောက်​ရ​ကြ​မည်။ ``သင်​တို့​၏​မြို့​ရွာ​များ​တွင်​နေ​ထိုင်​ကြ​သော လေ​ဝိ​အ​မျိုး​သား​များ​၌ ကိုယ်​ပိုင်​ပစ္စည်း​ဟူ ၍​မ​ရှိ​သ​ဖြင့်​သူ​တို့​အား​ပြု​ရ​မည့်​ဝတ် မ​ပျက်​စေ​နှင့်။- သုံး​နှစ်​လျှင်​တစ်​ကြိမ်​သင်​တို့​သည် ထွက်​သ​မျှ အ​သီး​အ​နှံ​ထဲ​မှ​ဆယ်​ဖို့​တစ်​ဖို့​ကို သင်​တို့ ၏​မြို့​ရွာ​များ​တွင်​စု​ဆောင်း​ထား​ရ​မည်။- ထို​အ​စား​အ​စာ​များ​သည် ကိုယ်​ပိုင်​ပစ္စည်း​ဟူ​၍ မ​ရှိ​သော​လေ​ဝိ​အ​မျိုး​သား​များ၊ သင်​တို့​မြို့ ရွာ​တွင်​နေ​ထိုင်​ကြ​သော​လူ​မျိုး​ခြား​သား များ၊ မိ​ဘ​မဲ့​က​လေး​များ၊ မု​ဆိုး​မ​များ အ​တွက်​ဖြစ်​သည်။ သူ​တို့​သည်​ထို​အ​စား အ​စာ​များ​မှ လို​အပ်​သ​လောက်​ယူ​၍​စား သုံး​နိုင်​၏။ ဤ​သို့​ပြု​လျှင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဆောင် ရွက်​သ​မျှ​ကို​ကောင်း​ချီး​ပေး​တော်​မူ​လိမ့် မည်။''

တရားဟောရာ 14:22-29 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

နှစ်စဉ်နှစ်တိုင်း လယ်ယာ​မှ​ထွက်​သမျှ ကောက်ပဲသီးနှံ​တို့​ကို ဆယ်ဖို့တစ်ဖို့​မပျက်မကွက်​ပေး​ရ​မည်​။ သင်​၏​ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ နွား​သားဦး​၊ သိုး​သားဦး စသည်​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို နာမ​တော်​ကိန်းဝပ်​ရာ​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၊ ကိုယ်တော်​၏​ရှေ့​တော်​၌ စား​ရ​မည်​။ ဤသို့​ပြု​ခြင်း​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို အစဉ်အမြဲ​ကြောက်ရွံ့​မည့်​အကြောင်း သင်ယူ​ခြင်း​ဖြစ်​၏​။ သို့သော် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​ကောင်းချီးပေး​တော်မူ​သောအခါ နာမ​တော်​တည်​ရာ​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သည် ခရီး​ဝေး​၍ သင်​နှင့်​ဝေး​လွန်း​သဖြင့် သင်​သည် ထို​ဆယ်ဖို့တစ်ဖို့​ကို​မ​သယ်ဆောင်​သွား​နိုင်​လျှင် ငွေ​နှင့်​လဲလှယ်​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သို့ ထို​ငွေ​ကို သင်ကိုယ်တိုင်​ယူဆောင်​သွား​ရ​မည်​။ ထို​ငွေ​ဖြင့် နွား​၊ သိုး​၊ စပျစ်ဝိုင်​၊ သေရည်သေရက်​စသည်​တို့​ကို သင်​အလို​ရှိသမျှ​၊ သင်​တောင့်တ​သမျှ ဝယ်ယူ​ပြီးလျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ စား​၍ သင်​၏​အိမ်သူအိမ်သား​များ​နှင့်အတူ ဝမ်းမြောက်​ရ​မည်​။ သင်​၏​မြို့​တံခါး​အတွင်း​ရှိ လေဝိ​အမျိုး​တို့​သည် သင်​နှင့်အတူ အမွေ​ဝေစု​မ​ရ​သောကြောင့် သူ​တို့​ကို စွန့်ပယ်​မ​ထား​ရ​။ သုံး​နှစ်​ပြည့်​သောအခါ​တိုင်း ထို​နှစ်​ထွက်​သီးနှံ​၏​ဆယ်ဖို့တစ်ဖို့​ရှိသမျှ​ကို ယူဆောင်​လာ​၍ မြို့​များ​၌ စုထား​ရ​မည်​။ သို့ပြုလျှင် သင်​တို့​တွင် အမွေ​ဝေစု​မ​ရ​သော​လေဝိ​အမျိုး​၊ သင့်​မြို့​၌​ရှိ​သော တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ တို့​သည် လာ​ပြီး ဝလင်​စွာ​စား​နိုင်​မည်​။ ဤ​အမှု​ကို​ထောက်​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ပြု​လေရာရာ​၌ သင့်​အား​ကောင်းချီးပေး​တော်မူ​မည်​။