YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 14:22-29

တရားဟောရာ 14:22-29 JBMLE

လယ်​ယာ၌ တစ်​နှစ်​တစ်​နှစ်​တွင်​သိမ်း​ရ​သော အ​သီး​အ​နှံ​ဆယ်​ဖို့​တစ်​ဖို့​ကို အ​မှန်​ခွဲ​ထား​ရ​မည်။ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ နာ​မ​တော်​ကို တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​မှ​စ၍၊ သိုး၊ နွား​တွင် အ​ဦး​ဖွား​သော သား​ငယ်​ဆယ်​ဖို့​တစ်​ဖို့​ကို ရှေ့​တော်​မှာ စား​ရ​ကြ​မည်။ ထို​သို့​ပြု​လျှင်၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​ကြောက်​ရွံ့​ရ​မည်​အ​ကြောင်း၊ သင်​ရ​ကြ​လိမ့်​မည်။ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ကောင်​ချီး​ပေး​တော်​မူ​သော​အ​ခါ၊ နာ​မ​တော်​ကို တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သည် ဝေး​လွန်း၍ ခ​ရီး​ရှည်​လျား​သ​ဖြင့်၊ ဥ​စ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို ဆောင်၍ မ​သွား​နိုင်​လျှင်၊ ထို​ဥ​စ္စာ​ကို ရောင်း​ပြီး​မှ၊ ငွေ​ကို​ကိုင်​လျက်၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သို့​သွား၍၊ စား​ချင်​သော စိတ်​အ​လို​ရှိ​သည်​အ​တိုင်း၊ နွား၊ သိုး၊ စ​ပျစ်​ရည်၊ သေ​ရည်​အ​စ​ရှိ​သော စား​ချင်​သ​မျှ​ကို ဝယ်၍၊ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ၊ အိမ်​သူ​အိမ်​သား​များ​နှင့်​တ​ကွ စား​သောက်​လျက်၊ ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။ သို့​ရာ​တွင်၊ သင်​တို့၌​တည်း​ခို​သော လေ​ဝိ​သား​ဟူ​မူ​ကား၊ သင်​တို့​နှင့်​ရော၍၊ အ​ဖို့​မ​ရှိ၊ အ​မွေ​ကို​မ​ခံ​ရ​သော​ကြောင့်၊ သူ့​ကို မ​စွန့်​မ​ပစ်​ရ​ဘဲ၊ တ​တိ​ယ​နှစ်​တွင် သိမ်း​သော​အ​သီး​အ​နှံ ဆယ်​ဖို့​တစ်​ဖို့​ရှိ​သ​မျှ​ကို ထုတ်၍ မြို့​ထဲ​မှာ သို​ထား​ရ​မည်။ သင်​တို့​နှင့်​ရော၍ အ​ဖို့​မ​ရှိ၊ အ​မွေ​ကို မ​ခံ​ရ​သော လေ​ဝိ​သား၊ သင်​တို့​နေ​ရာ​အ​ရပ်၌​ရှိ​သော တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်၊ မု​ဆိုး​မ​များ​တို့​သည် လာ၍ ဝ​စွာ​စား​ရ​ကြ​မည်။ သို့​ဖြစ်​လျှင် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​ပြု​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​မည်။