YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 7:24-27

ဒံယေလ 7:24-27 Judson Bible (JBMLE)

ထို​နိုင်​ငံ၌ ပေါက်​သော ချို​ဆယ်​ချောင်း​သည် ပေါ်​လ​တ္တံ့​သော မင်း​ကြီး​ဆယ်​ပါး ဖြစ်၏။ သူ​တို့​နောက် အ​ခြား​သော မင်း​ကြီး ပေါ်​လာ​လိမ့်​မည်။ အ​ရင်​မင်း​ကြီး​ထက် ထူး​ခြား၍ သုံး​ပါး​တို့​ကို နှိမ့်​ချ​လိမ့်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ကြီး​စွာ​သော စ​ကား​ကို ပြော​လိမ့်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား၏ သန့်​ရှင်း​သူ​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်​လိမ့်​မည်။ ကာ​လ​အ​ချိန်​နှင့် ပ​ညတ်​တ​ရား​တို့​ကို ပြောင်း​လဲ​စေ​ခြင်း​ငှာ ကြံ​စည်​လိမ့်​မည်။ တစ်​ကာ​လ၊ နှစ်​ကာ​လ၊ ကာ​လ​တစ်​ဝက်​ပတ်​လုံး သူ​သည် အ​ခွင့်​ရ​လိမ့်​မည်။ ထို​နောက်​မှ တ​ရား​စီ​ရင်​ခြင်း ဖြစ်​လိမ့်​မည်။ ထို​အ​ခါ သူ၏​တန်​ခိုး​အာ​ဏာ​ကို​နုတ်၍ ရှင်း​ရှင်း ဖျက်​ဆီး​ကြ​လိမ့်​မည်။ ကောင်း​ကင်​အောက်၌ နိုင်​ငံ​နှင့်​တ​ကွ အာ​ဏာ​စက် ဘုန်း​တန်​ခိုး​ရှိ​သ​မျှ​ကို အ​မြင့်​ဆုံး​သော​ဘု​ရား၏ သန့်​ရှင်း​သော​အ​မျိုး​သား​တို့​သည် ရ​ကြ​လိမ့်​မည်။ ထို​ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် ထာ​ဝ​ရ​နိုင်​ငံ​ဖြစ်၏။ မင်း​ကြီး​အ​ပေါင်း​တို့​သည် တိုး​ဝင်၍ ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။

ဒံယေလ 7:24-27 Common Language Bible (BCL)

ဦး​ချို​ဆယ်​ချောင်း​မှာ​ထို​နိုင်​ငံ​တွင်​ပေါ်​ပေါက်​လာ​မည့်​ဘု​ရင်​ဆယ်​ပါး​ဖြစ်​၏။ ထို​နောက်​အ​ခြား​ဘု​ရင်​တစ်​ပါး​ပေါ်​လာ​လိမ့်​မည်။ သူ​သည်​ယ​ခင်​ဘု​ရင်​များ​နှင့်​ကွာ​ခြား​သူ​ဖြစ်​လိမ့်​မည်။ ဘု​ရင်​သုံး​ပါး​ကို​လည်း​နှိမ်​နင်း​လိမ့်​မည်။- သူ​သည်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​ကို​ဆန့်​ကျင်​ပြော​ဆို​လျက် ကိုယ်​တော်​၏​လူ​မျိုး​တော်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လိမ့်​မည်။ သူ​သည်​လူ​မျိုး​တော်​တို့​၏​ဘာ​သာ​ရေး​ဆိုင်​ရာ​တ​ရား​ဋ္ဌမ္မ​များ​နှင့်​ပွဲ​လမ်း​သ​ဘင်​များ​ကို​ပြောင်း​လဲ​စေ​ရန် ကြိုး​စား​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည်​လည်း သူ​၏​အာ​ဏာ​စက်​အောက်​တွင်​သုံး​နှစ်​ခွဲ​မျှ​နေ​ကြ​ရ​လိမ့်​မည်။- ထို​နောက်​ကောင်း​ကင်​ရုံး​တော်​မှ​တ​ရား​စီ​ရင်​ချက်​ချ​မှတ်​ကာ သူ​၏​တန်​ခိုး​အာ​ဏာ​ကို​ရုတ်​သိမ်း​၍​သူ့​အား​လုံး​ဝ​သုတ်​သင်​ပယ်​ရှား​လိမ့်​မည်။- အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​တို့​သည် ကမ္ဘာ​မြေ​ပေါ်​ရှိ​နိုင်​ငံ​အ​ပေါင်း​တို့​၏​တန်​ခိုး​အာ​ဏာ​နှင့်​ဘုန်း​အ​သ​ရေ​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​၏​အာ​ဏာ​စက်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ပ​ပျောက်​ရ​လိမ့်​မည်​မ​ဟုတ်။ ကမ္ဘာ​ပေါ်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည်​လည်း​သူ​တို့​၏​အ​စေ​ကို​ခံ​၍​သူ​တို့​၏​အ​မိန့်​ကို​နာ​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ရှင်း​ပြ​၏။

ဒံယေလ 7:24-27 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဦးချို​ဆယ်​ချောင်း​ကား ထို​နိုင်ငံ​တွင်​ပေါ်လာ​မည့် ရှင်ဘုရင်​ဆယ်​ပါး ဖြစ်​၏​။ သူ​တို့​နောက်​တွင် အခြား​ရှင်ဘုရင်​တစ်​ပါး ပေါ်လာ​လိမ့်မည်​။ ထို​ဘုရင်​သည် ယခင်​ဘုရင်​များ​ထက်​ထူးခြား​၍ ရှင်ဘုရင်​သုံး​ပါး​စလုံး​ကို ချေမှုန်း​ပစ်​မည်​။ ထို​ဘုရင်​သည် အမြင့်ဆုံး​သော​အရှင်​ကို ဆန့်ကျင်​ပြောဆို​၍ အမြင့်ဆုံး​သော​အရှင်​၏​သန့်ရှင်း​သူ​များ​ကို ဖိနှိပ်ချုပ်ချယ်​မည်​။ သူ​သည် အချိန်​ကာလ​နှင့် ဥပဒေ​တို့​ကို ပြောင်းလဲ​ပစ်​ရန် ကြိုးစား​လိမ့်မည်​။ သန့်ရှင်း​သူ​တို့​သည်​လည်း တစ်​ကာလ​၊ နှစ်​ကာလ​၊ ကာလ​တစ်ဝက်​ပတ်လုံး သူ့​လက်​သို့ ကျရောက်​ရ​လိမ့်မည်​။ သို့သော် တရားစီရင်​ချိန်​ရောက်​သောအခါ ထို​ဘုရင်​သည် အာဏာ​ရုပ်သိမ်း​ခြင်း​ခံရ​မည်​။ သူ့​ကို အပြီးသတ်​ချေမှုန်း​သုတ်သင်​ပစ်​လိမ့်မည်​။ ထို့နောက် အမြင့်ဆုံး​သော​အရှင်​၏​သန့်ရှင်း​သော​လူမျိုး​တော်​သည် နိုင်ငံ​တော်​နှင့်တကွ အာဏာစက်​ကို​လည်းကောင်း​၊ ကောင်းကင်​တစ်ခွင်​အောက်​ရှိ​တိုင်းနိုင်ငံ​များ​၏​ဘုန်းတန်ခိုး​တို့​ကို​လည်းကောင်း ရရှိ​လိမ့်မည်​။ ကိုယ်တော်​၏​နိုင်ငံ​သည် ထာဝရ​နိုင်ငံ​ဖြစ်​ပြီး အာဏာရ​မင်း​ရှိသမျှ​သည် ကိုယ်တော့်​ကို နာခံ​၍ ဝတ်ပြု​ကြ​လိမ့်မည်’​ဟု ငါ့​အား ရှင်းပြ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။