YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 7

7
ဒံ​ယေ​လ​မြင်​ရ​သ​ည့်​ရူ​ပါ​ရုံ​များ
(၇:၁-၁၂:၁၃)
သား​ရဲ​လေး​ကောင်
1ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ဗေ​လ​ရှာ​ဇာ​နန်း​စံ ပ​ထ​မ​နှစ်​တွင်၊ ဒံ​ယေ​လ​သည် အိပ်​မက်​ကို​မြင်၍ အိပ်​ပျော်​စဉ်၊ စိတ်​ထဲ၌​အာ​ရုံ​ပြု​ပြီး​မှ မြင်​မက်​သော အ​ရာ​တို့​ကို ရေး​ထား​သော​အ​ချက်​ကား၊ 2ငါ ဒံ​ယေ​လ​သည် ည​အ​ခါ အာ​ရုံ​ပြု၍၊ မိုး​ကောင်း​ကင် လေး​မျက်​နှာ၌ လေ​တို့​သည် မ​ဟာ​သ​မု​ဒ္ဒ​ရာ​ပေါ်​မှာ အ​ချင်း​ချင်း​တိုက်​ကြ​လျှင်၊ 3သ​ဏ္ဌာန်​ချင်း​မ​တူ​သော သား​ရဲ​လေး​ကောင်​တို့​သည် သ​မု​ဒ္ဒ​ရာ​ထဲ​က ထွက်​လာ​ကြ၏။ ပ​ထ​မ​သား​ရဲ​သည် ခြင်္သေ့​နှင့်​တူ၏။ ရွှေ​လင်း​တ​အ​တောင်​လည်း​ရှိ၏။#ဗျာ၊ ၁၃:၁။ ၁၇:၈။ 4ငါ ကြည့်​ရှု၍​နေ​စဉ်၊ သူ၏​အ​တောင်​ကို နုတ်​ကြ၏။ မြေ​မှ ကိုယ်​ကို ချီ​ကြွ​လျက် လူ​ကဲ့​သို့ ခြေ​ဖြင့်​မတ်​တပ်​ရပ်၍၊ လူ​စိတ်​သ​ဘော​ကို​လည်း​ရ၏။ ဒု​တိ​ယ​သား​ရဲ​သည် ဝံ​နှင့်​တူ၏။#ဗျာ၊ ၁၃:၂။ 5တစ်​ဖက်၌ ကိုယ်​ကို​ကိုယ်​ချီ​ကြွ၏။ ပါး​စပ်၌ နံ​ရိုး​သုံး​ချောင်း​ကို ကိုက်​လျက်​ရှိ၏။ သင်​ထ​လော့။ အ​သား​များ​ကို ကိုက်​စား​လော့​ဟု သူ့​အား​ပြော​ကြ၏။ 6တစ်​ဖန် ငါ​ကြည့်​ရှု​ပြန်၍၊ ကျား​သစ်​နှင့်​တူ​သော သား​ရဲ​တစ်​ကောင်​သည် ထင်​ရှား၏။ ကျော​ပေါ်​မှာ ငှက်​အ​တောင် လေး​ခု​ရှိ၏။ ခေါင်း​လေး​လုံး​နှင့် ပြည့်​စုံ၏။ အုပ်​စိုး​ရ​သော အ​ခွင့်​လည်း​ရှိ၏။ 7ထို​ည​အ​ခါ၊ တစ်​ဖန်​ငါ​သည် အာ​ရုံ​ပြု​စဉ်၊ ကြီး​စွာ​သော ခွန်​အား​နှင့်​ပြည့်​စုံ၍ အ​လွန်​ကြောက်​မက်​ဖွယ်​သော စ​တု​တ္ထ​သား​ရဲ​သည် ထင်​ရှား၏။ ကြီး​စွာ​သော သံ​သွား​လည်း​ရှိ၏။ ကိုက်​စား​ချိုး​ဖဲ့၍ ကြွင်း​သော​အ​ရာ​ကို ခြေ​ဖြင့်​နင်း​ချေ၏။ သူ​သည် အ​ရင်​သား​ရဲ​ရှိ​သ​မျှ​တို့​ထက် ထူး​ခြား၏။ ချို​ဆယ်​ချောင်း​လည်း​ရှိ၏။#ဗျာ၊ ၁၂:၃၊ ၁၃:၁။ 8ထို​ချို​တို့​ကို ငါ​ကြည့်​ရှု​စဉ်၊ ချို​များ​အ​လယ်၌ ချို​ငယ်​တစ်​ချောင်း​သည် ပေါက်​ပြန်၏။ ထို​ချို​ငယ်​ရှေ့​မှာ အ​ရင်​ချို​သုံး​ချောင်း​ကို အ​မြစ်​နှင့်​တ​ကွ နုတ်​လေ၏။ ထို​ချို​ငယ်​သည် လူ​မျက်​စိ​ကဲ့​သို့​သော မျက်​စိ​နှင့်​လည်း​ကောင်း၊ ကြီး​စွာ​သော စ​ကား​ကို ပြော​တတ်​သော နှုတ်​နှင့်​လည်း​ကောင်း ပြည့်​စုံ၏။#ဗျာ၊ ၁၃:၅-၆။
အ​သက်​ကြီး​သူ​တစ်​ဦး
9ထို​အ​ခါ ငါ​ကြည့်​ရှု​စဉ်၊ ရာ​ဇ​ပ​လ္လင်​များ​ကို တည်​ထား​လျက်​ရှိ၍၊ အ​သက်​ကြီး​သော သူ​တစ်​ဦး​သည် ထိုင်​တော်​မူ၏။ အ​ဝတ်​တော်​သည် မိုး​ပွင့်​ကဲ့​သို့​ဖြူ၏။ ဆံ​ပင်​တော်​သည် ဖြူ​သော သိုး​မွေး​နှင့်​တူ၏။ ပ​လ္လင်​တော်​သည် မီး​လျှံ​ဖြစ်၏။ ပ​လ္လင်​တော်​အောက်၌ မီး​စက်​လှည်း​ဘီး ရှိ၏။#ဗျာ၊ ၂၀:၄၊ ၁:၁၄။ 10မျက်​နှာ​တော်​မှာ မီး​ရောင်​ခြည်​ထွက်​လေ၏။ အ​တိုင်း​မ​သိ များ​စွာ​သော​သူ​တို့​သည် အ​မှု​တော်​ကို ဆောင်​ရွက်၍၊ ကု​ဋေ​သင်္ချေ​မ​က ရှေ့​တော်၌ ခ​စား၍​နေ​ကြ၏။ တ​ရား​စီ​ရင်​ခြင်း​ငှာ​ပြင်​ဆင်၍ စာ​စောင်​များ​ကို ဖွင့်​ထား​ကြ၏။#ဗျာ၊ ၅:၁၁၊ ၂၀:၁၂။ 11ထို​အ​ခါ ချို​ငယ်​ပြော​သော စ​ကား​ကြီး​အ​သံ​ကြောင့် ငါ​ကြည့်​ရှု၍ နေ​စဉ်၊ ထို​သား​ရဲ​အ​သက်​ကို သတ်​ပြီး​လျှင် သူ၏​ကိုယ်​ကို မီး​ရှို့၍ ဖျက်​ဆီး​ကြ၏။ 12အ​ခြား​သော သား​ရဲ​မူ​ကား၊ အ​စိုး​ရ​သော အ​ခွင့်​တန်​ခိုး ရှုံး​သော်​လည်း၊ ချိန်း​ချက်​သော ကာ​လ​ပတ်​လုံး အ​သက်​ရှင်​ရ​ကြ၏။ 13ထို​ည​အ​ခါ ငါ​သည် အာ​ရုံ​ပြု၍၊ လူ​သား​နှင့် တူ​သော​သူ​တစ်​ဦး​သည် မိုး​တိမ်​ကို​စီး​လျက်၊ အ​သက်​ကြီး​သော သူ၏​အ​ထံ​တော်​သို့ ရောက်​လာ၏။ ထို​သူ​ကို အ​ထံ​တော်​ပါး​သို့​သွင်း​ကြ၏။#မ၊ ၂၄:၃၀၊ ၂၆:၆၄။ မာ၊ ၁၃:၂၆၊ ၁၄:၆၂။ လု၊ ၂၁:၂၇။ ဗျာ၊ ၁:၇၊ ၁၃၊ ၁၄:၁၄။ 14အ​ရပ်​ရပ်​တို့၌​နေ၍ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော လူ​မျိုး​တ​ကာ​တို့​ကို အုပ်​စိုး​စေ​ခြင်း​ငှာ၊ ထို​သူ​သည် နိုင်​ငံ​နှင့်​တ​ကွ အာ​ဏာ​စက်​တန်​ခိုး​ကို​ရ၏။ အာ​ဏာ​စက်​တော်​သည် က​မ္ဘာ​အ​ဆက်​ဆက် တည်၏။ နိုင်​ငံ​တော်​သည် ပျက်​စီး​ခြင်း​သို့ မ​ရောက်​နိုင်​ရာ။#ဗျာ၊ ၁၁:၁၅။
ရူ​ပါ​ရုံ​များ​၏​အ​နက်​အ​ဓိ​ပ္ပာယ်
15ငါ​ဒံ​ယေ​လ​သည် ကိုယ်​ခ​န္ဓာ​တုန်​လှုပ်၍၊ ထို​ရူ​ပါ​ရုံ​ကြောင့် စိတ်​ပူ​ပန်​ခြင်း​ရှိ​လျှင်၊ 16အ​နား၌ ရပ်​နေ​သော သူ​တစ်​ယောက်​ထံ​သို့ သွား၍၊ ယ​ခု​မြင်​သ​မျှ​ကား၊ အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​သော်၊ 17ထို​သူ​က၊ ဤ​သား​ရဲ​လေး​ကောင်​တို့​သည် မြေ​ကြီး​ပေါ်​မှာ ပေါ်​လ​တ္တံ့​သော နိုင်​ငံ​လေး​ပါး​ဖြစ်၏။ 18သို့​သော်​လည်း၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ သန့်​ရှင်း​သူ​တို့​သည် နိုင်​ငံ​ကို​သိမ်း​ယူ၍ က​မ္ဘာ​အ​ဆက်​ဆက် စံ​စား​ကြ​လ​တ္တံ့​ဟု အ​နက်​အ​ဓိ​ပ္ပာယ်​ကို ကြား​ပြော၏။#ဗျာ၊ ၂၂:၅။
19ထို​အ​ခါ အ​ခြား​သော သား​ရဲ​ထက်​ထူး​ခြား၍ အ​လွန်​ကြောက်​မက်​ဖွယ်​ဖြစ်​လျက်၊ သံ​သွား​နှင့်​လည်း​ကောင်း၊ ကြေး​ဝါ လက်​သည်း​ခြေ​သည်း​နှင့်​လည်း​ကောင်း ပြည့်​စုံ​သ​ဖြင့်၊ ကိုယ်​စား​ချိုး​ဖဲ့၍ ကြွင်း​သ​မျှ​ကို ခြေ​ဖြင့်​နင်း​ချေ​တတ်​သော စ​တု​တ္ထ​သား​ရဲ​ကား၊ အ​ဘယ်​သို့ ဆို​လို​သည်​ကို​လည်း​ကောင်း၊ 20သူ၏​ခေါင်း၌​ရှိ​သော ချို​ဆယ်​ချောင်း​ကား၊ အ​ဘယ်​သို့ ဆို​လို​သည်​ကို​လည်း​ကောင်း၊ နောက်​ပေါက်၍ အ​ရင်​ချို သုံး​ချောင်း​ကို​နုတ်၍၊ ကြီး​စွာ​သော​စ​ကား​ကို ပြော​တတ်​သော​နှုတ်​နှင့် မျက်​စိ​ရှိ​သ​ဖြင့်၊ မိ​မိ​အ​ဖော်​တို့​ထက်​သာ၍ ရဲ​ရင့်​သော မျက်​နှာ​အ​ဆင်း​ရှိ​သော ချို​တစ်​ချောင်း​ကား၊ အ​ဘယ်​သို့​ဆို​လို​သည်​ကို​လည်း​ကောင်း သိ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ 21ငါ​ကြည့်​ရှု​စဉ်​တွင် အ​သက်​ကြီး​သော​သူ​သည် ရောက်​လာ​လျှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ သန့်​ရှင်း​သော​သူ​တို့​အား စီ​ရင်​ရ​သော အ​ခွင့်​ကို ပေး၍၊#ဗျာ၊ ၁၃:၇။ 22ထို​သူ​တို့​သည် နိုင်​ငံ​ကို​သိမ်း​ယူ​ဝင်​စား​သော အ​ချိန်​ရောက်​သည်​တိုင်​အောင် ထို​ချို​သည် သန့်​ရှင်း​သူ​တို့​ကို စစ်​တိုက်၍ နိုင်​လေ၏။#ဗျာ၊ ၂၀:၄။
23ထို​သူ​က​လည်း စ​တု​တ္ထ​သား​ရဲ​သည် မြေ​ကြီး​ပေါ်​မှာ အ​ခြား​သော နိုင်​ငံ​ရှိ​သ​မျှ​တို့​ထက် ထူး​ခြား​သော စ​တု​တ္ထ​နိုင်​ငံ​ဖြစ်၏။ ထို​နိုင်​ငံ​သည် မြေ​ကြီး​ရှိ​သ​မျှ​ကို ကိုယ်​စား​ချိုး​ဖဲ့ နင်း​ချေ​လိမ့်​မည်။ 24ထို​နိုင်​ငံ၌ ပေါက်​သော ချို​ဆယ်​ချောင်း​သည် ပေါ်​လ​တ္တံ့​သော မင်း​ကြီး​ဆယ်​ပါး ဖြစ်၏။ သူ​တို့​နောက် အ​ခြား​သော မင်း​ကြီး ပေါ်​လာ​လိမ့်​မည်။ အ​ရင်​မင်း​ကြီး​ထက် ထူး​ခြား၍ သုံး​ပါး​တို့​ကို နှိမ့်​ချ​လိမ့်​မည်။#ဗျာ၊ ၁၇:၁၂။ 25အ​မြင့်​ဆုံး​သော​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ကြီး​စွာ​သော စ​ကား​ကို ပြော​လိမ့်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား၏ သန့်​ရှင်း​သူ​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်​လိမ့်​မည်။ ကာ​လ​အ​ချိန်​နှင့် ပ​ညတ်​တ​ရား​တို့​ကို ပြောင်း​လဲ​စေ​ခြင်း​ငှာ ကြံ​စည်​လိမ့်​မည်။ တစ်​ကာ​လ၊ နှစ်​ကာ​လ၊ ကာ​လ​တစ်​ဝက်​ပတ်​လုံး သူ​သည် အ​ခွင့်​ရ​လိမ့်​မည်။#ဗျာ၊ ၁၂:၁၄။ ၁၃:၅-၆။ 26ထို​နောက်​မှ တ​ရား​စီ​ရင်​ခြင်း ဖြစ်​လိမ့်​မည်။ ထို​အ​ခါ သူ၏​တန်​ခိုး​အာ​ဏာ​ကို​နုတ်၍ ရှင်း​ရှင်း ဖျက်​ဆီး​ကြ​လိမ့်​မည်။ 27ကောင်း​ကင်​အောက်၌ နိုင်​ငံ​နှင့်​တ​ကွ အာ​ဏာ​စက် ဘုန်း​တန်​ခိုး​ရှိ​သ​မျှ​ကို အ​မြင့်​ဆုံး​သော​ဘု​ရား၏ သန့်​ရှင်း​သော​အ​မျိုး​သား​တို့​သည် ရ​ကြ​လိမ့်​မည်။ ထို​ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် ထာ​ဝ​ရ​နိုင်​ငံ​ဖြစ်၏။ မင်း​ကြီး​အ​ပေါင်း​တို့​သည် တိုး​ဝင်၍ ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။#ဗျာ၊ ၂၀:၄၊ ၂၂:၅။ 28ဤ​ရွေ့​ကား အ​နက်​အ​ဓိ​ပ္ပာယ်​ပေ​တည်း​ဟု ဆို​လေ၏။ ငါ​ဒံ​ယေ​လ​သည် စိတ်​ပူ​ပန်​ခြင်း​သို့​ရောက်၍ မျက်​နှာ​ညှိုး​ငယ်​ခြင်း​ရှိ၏။ သို့​သော်​လည်း မြင်​ရ​သော​အာ​ရုံ​များ​ကို စိတ်​နှ​လုံး​ထဲ၌ သို​ထား၏။

လက်ရှိရွေးချယ်ထားမှု

ဒံယေလ 7: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ