YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလအနာဂတ္တိကျမ်း 7:24-27

ဒံယေလအနာဂတ္တိကျမ်း 7:24-27 MSBU

ဦးချို​ဆယ်​ချောင်း​ကား ထို​နိုင်ငံ​တွင်​ပေါ်လာ​မည့် ရှင်ဘုရင်​ဆယ်​ပါး ဖြစ်​၏​။ သူ​တို့​နောက်​တွင် အခြား​ရှင်ဘုရင်​တစ်​ပါး ပေါ်လာ​လိမ့်မည်​။ ထို​ဘုရင်​သည် ယခင်​ဘုရင်​များ​ထက်​ထူးခြား​၍ ရှင်ဘုရင်​သုံး​ပါး​စလုံး​ကို ချေမှုန်း​ပစ်​မည်​။ ထို​ဘုရင်​သည် အမြင့်ဆုံး​သော​အရှင်​ကို ဆန့်ကျင်​ပြောဆို​၍ အမြင့်ဆုံး​သော​အရှင်​၏​သန့်ရှင်း​သူ​များ​ကို ဖိနှိပ်ချုပ်ချယ်​မည်​။ သူ​သည် အချိန်​ကာလ​နှင့် ဥပဒေ​တို့​ကို ပြောင်းလဲ​ပစ်​ရန် ကြိုးစား​လိမ့်မည်​။ သန့်ရှင်း​သူ​တို့​သည်​လည်း တစ်​ကာလ​၊ နှစ်​ကာလ​၊ ကာလ​တစ်ဝက်​ပတ်လုံး သူ့​လက်​သို့ ကျရောက်​ရ​လိမ့်မည်​။ သို့သော် တရားစီရင်​ချိန်​ရောက်​သောအခါ ထို​ဘုရင်​သည် အာဏာ​ရုပ်သိမ်း​ခြင်း​ခံရ​မည်​။ သူ့​ကို အပြီးသတ်​ချေမှုန်း​သုတ်သင်​ပစ်​လိမ့်မည်​။ ထို့နောက် အမြင့်ဆုံး​သော​အရှင်​၏​သန့်ရှင်း​သော​လူမျိုး​တော်​သည် နိုင်ငံ​တော်​နှင့်တကွ အာဏာစက်​ကို​လည်းကောင်း​၊ ကောင်းကင်​တစ်ခွင်​အောက်​ရှိ​တိုင်းနိုင်ငံ​များ​၏​ဘုန်းတန်ခိုး​တို့​ကို​လည်းကောင်း ရရှိ​လိမ့်မည်​။ ကိုယ်တော်​၏​နိုင်ငံ​သည် ထာဝရ​နိုင်ငံ​ဖြစ်​ပြီး အာဏာရ​မင်း​ရှိသမျှ​သည် ကိုယ်တော့်​ကို နာခံ​၍ ဝတ်ပြု​ကြ​လိမ့်မည်’​ဟု ငါ့​အား ရှင်းပြ​၏​။