YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 3:24-28

ဒံယေလ 3:24-28 Judson Bible (JBMLE)

ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် အံ့​ဩ​မိန်း​မော၍ အ​လျင်​တ​ဆော​ထ​ပြီး​လျှင်၊ လူ​သုံး​ယောက်​တို့​ကို တုပ်​နှောင်၍ မီး​ထဲ​သို့ ချ​ပစ်​သည် မ​ဟုတ်​လော​ဟု တိုင်​ပင်​မှူး​မတ်​တို့​အား မေး​တော်​မူ၏။ မှူး​မတ်​တို့​က​လည်း၊ မှန်​ပါ၏​ဘု​ရား​ဟု ပြန်​လျှောက်​ကြ​လျှင်၊ ရှင်​ဘု​ရင်​က၊ လူ​လေး​ယောက်​တို့​သည် မ​တုပ်​မ​နှောင်​ဘဲ မီး​ထဲ၌​သွား​လာ၍ ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​သည်​ကို ငါ​မြင်​သည်​တ​ကား။ စ​တု​တ္ထ​သူ​သည် ဘု​ရား​သား၏ အ​ဆင်း​သ​ဏ္ဌာန်​ရှိ​သည်​ဟု မိန့်​တော်​မူ၍၊ မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ဝ​နား​သို့ ချဉ်း​ကပ်​ပြီး​လျှင်၊ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏​ကျွန်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၊ ထွက်၍​လာ​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် မီး​ထဲ​က ထွက်​လာ​ကြ၏။ စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ အ​တွင်း​ဝန်​တို့​သည် ဝိုင်း၍ မီး​မ​လောင်​နိုင်​သော ထို​သူ​တို့​ကို ကြည့်​ရှု​ကြ၏။ သူ​တို့​ဆံ​ခြည်​တစ်​ပင်​မျှ မ​မြိုက်၊ ဝတ်​လုံ​လည်း ခြား​နား​ခြင်း မ​ရှိ၊ မီး​လောင်​သော​အ​နံ့​လည်း ကင်း​လွတ်၏။ နေ​ဗု​ခဒ်​နေ​ဇာ မင်း​ကြီး​က​လည်း၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၏ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ မိ​မိ​တို့​ဘု​ရား​မှ​တစ်​ပါး၊ အ​ခြား​သော ဘု​ရား​ကို ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကိုး​စား၍ မင်း​ကြီး​အ​မိန့်​တော်​ကို ဆန်​လျက်၊ မိ​မိ​တို့​ကိုယ်​ကို​ပင် အပ်​နှံ​သော ကျွန်​တော်​ရင်း​တို့​ရှိ​ရာ​သို့၊ ထို​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ကယ်​တင်​တော်​မူ​ပြီ။

ဒံယေလ 3:24-28 Common Language Bible (BCL)

ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​သည်​အံ့​အား​သင့် လျက် ရုတ်​တ​ရက်​ထ​တော်​မူ​ပြီး​လျှင် မိ​မိ ၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ​အား``ငါ​တို့ သည်​လူ​သုံး​ယောက်​တို့​ကို​တုပ်​နှောင်​၍​ပြင်း စွာ​အ​လျှံ​ထ​လျက်​ရှိ​သည့်​မီး​ဖို​ကြီး​ထဲ သို့​ပစ်​ချ​ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​လော'' ဟု မေး​တော်​မူ​၏။ ထို​သူ​တို့​က``မှန်​ပါ​သည်​အ​ရှင်​မင်း​ကြီး'' ဟု​လျှောက်​ထား​လျှင်၊ မင်း​ကြီး​က``ယင်း​သို့​ဖြစ်​ပါ​မူ​မီး​ထဲ​တွင် လူ​လေး​ယောက်​သွား​လာ​နေ​သည်​ကို​အ​ဘယ် ကြောင့်​ငါ​မြင်​ရ​ပါ​သ​နည်း။ သူ​တို့​အား တုပ်​နှောင်​ထား​ခြင်း​လည်း​မ​ရှိ၊ သူ​တို့​သည် မီး​လောင်​ခံ​ကြ​ရ​ပုံ​လည်း​မ​ပေါ်။ ထို့​ပြင် စ​တုတ္ထ​လူ​သည်​ကောင်း​ကင်​တမန် နှင့်​တူ​သည်'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ပြင်း​စွာ အ​လျှံ​ထ​လျက်​နေ​သော​မီး​ဖို​ကြီး​အ​ဝ သို့​ချဉ်း​ကပ်​ပြီး​လျှင်``အ​မြင့်​မြတ်​ဆုံး​သော ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့၊ မီး​ဖို​ထဲ​မှ​ထွက်​လာ ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​သူ​တို့ သည်​ချက်​ချင်း​ပင်​ထွက်​လာ​ကြ​၏။- မင်း​ညီ​မင်း​သား​များ၊ ဘု​ရင်​ခံ​များ၊ ဒု​တိ​ယ ဘု​ရင်​ခံ​များ​နှင့်​ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​ရာ ရှိ​အ​ပေါင်း​တို့​သည် မီး​လောင်​ခြင်း​မ​ခံ​ရ ကြ​သော​လူ​သုံး​ဦး​တို့​ကို​ဝိုင်း​၍​ကြည့်​ရှု​ကြ ကုန်​၏။ ထို​သူ​တို့​၏​ဆံ​ခြည်​ပင်​တစ်​ပင်​မျှ မီး​မ​မြိုက်။ အ​ဝတ်​အင်္ကျီ​များ​သည်​မီး​မ​လောင်၊ သူ​တို့​ကိုယ်​မှ​မီး​ခိုး​နံ့​လည်း​မ​ရ။ မင်း​ကြီး​က``ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ နေ​ဂေါ​တို့​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ကောင်း ကင်​တ​မန်​ကို​စေ​လွှတ်​တော်​မူ​၍ မိ​မိ​ကို​ယုံ ကြည်​ကိုး​စား​ကြ​သော​ဤ​သူ​သုံး​ဦး​တို့ အား​ကယ်​တင်​တော်​မူ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​ဘု​ရား​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​ကို ဦး​ညွှတ်​ရှိ​ခိုး​မည့်​အ​စား မိ​မိ​တို့​အ​သက် ဘေး​ကို​ပင်​ပ​မာ​ဏ​မ​ပြု​ဘဲ​ငါ​၏​အ​မိန့် ကို​ဖီ​ဆန်​ခဲ့​ကြ​၏။

ဒံယေလ 3:24-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ နေဗုခဒ်နေဇာ​မင်းကြီး​သည် အလွန်​အံ့အားသင့်​လျက် ရုတ်တရက်​ထ​၍ မိမိ​အတိုင်ပင်ခံ​တို့​အား “​ငါ​တို့​သည် လူ​သုံး​ဦး​ကို​တုပ်နှောင်​၍ မီး​ထဲသို့​ပစ်ချ​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု မေး​ရာ သူ​တို့​က​လည်း “​မှန်​ပါ​သည် အရှင်မင်းကြီး​”​ဟု ပြန်လျှောက်​ကြ​၏​။ ရှင်ဘုရင်​က​လည်း “​ကြည့်​ကြ​လော့​။ လူ​လေး​ဦး​တို့​သည် ထိခိုက်မှု​မ​ရှိ​။ အတုပ်အနှောင်​ကင်း​လျက် မီး​ထဲ၌​သွားလာ​နေ​ကြ​သည်​ကို ငါ​မြင်​ရ​၏​။ လေး​ယောက်​မြောက်​သော​သူ​သည် ဘုရား​သား​တော်​နှင့်​အဆင်းသဏ္ဌာန် တူ​၏​”​ဟု မိန့်ဆို​၏​။ ထို့နောက် နေဗုခဒ်နေဇာ​မင်းကြီး​သည် မီးတောက်​နေ​သော​မီးပြင်းဖို​အဝ​သို့ သွား​၍ “​အမြင့်ဆုံး​သော​ဘုရားသခင်​၏​ကျွန် ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​၊ ထွက်လာ​ကြ​လော့​။ မီး​ထဲမှ ထွက်လာ​ကြ​လော့​”​ဟု မိန့်ဆို​၏​။ ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​က​လည်း မီး​ထဲမှ ထွက်လာ​ကြ​၏​။ ထိုအခါ မင်းညီမင်းသား​များ​၊ ဝန်ကြီး​များ​၊ ဘုရင်ခံ​များ​၊ ဘုရင့်​အတိုင်ပင်ခံ​များ ဝိုင်းအုံ​ကြည့်​ကြ​ရာ ထို​သူ​တို့​၏​ကိုယ်ခန္ဓာ​ကို မီး​မ​လောင်​၊ ဦးခေါင်း​မှ​ဆံပင်​လည်း မီး​မ​ဟပ်​၊ ဝတ်ရုံ​များ​လည်း မ​ပျက်စီး​၊ သူ​တို့​ကိုယ်​တွင်​လည်း မီးခိုးနံ့​ပင် မ​ရ​ကြောင်း​ကို တွေ့​ရ​လေ​၏​။ နေဗုခဒ်နေဇာ​မင်းကြီး​က​လည်း “​ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​၏​ဘုရားသခင်​သည် မင်္ဂလာ​ရှိ​ပါစေသော​။ သူ​တို့​သည် မိမိ​တို့​ဘုရား​မှတစ်ပါး အခြား​ဘုရား​ကို မ​ကိုးကွယ်​မ​ရှိခိုး​။ ဘုရင့်​အမိန့်​အား ဆန့်ကျင်​၍ မိမိ​တို့​အသက်​ကို​ပင် စတေး​ခဲ့​ကြ​ပြီ​။ ကိုယ်တော်​သည်​လည်း သူ့​ကို​ယုံကြည်ကိုးစား​သော သူ့​အစေအပါး​တို့​အား ကောင်းကင်တမန်​ကို စေလွှတ်​၍​ကယ်​တော်မူ​ပြီ​။