ထိုအခါနေဗုခဒ်နေဇာသည်အံ့အားသင့် လျက် ရုတ်တရက်ထတော်မူပြီးလျှင် မိမိ ၏အတိုင်ပင်ခံအရာရှိများအား``ငါတို့ သည်လူသုံးယောက်တို့ကိုတုပ်နှောင်၍ပြင်း စွာအလျှံထလျက်ရှိသည့်မီးဖိုကြီးထဲ သို့ပစ်ချခဲ့ကြသည်မဟုတ်ပါလော'' ဟု မေးတော်မူ၏။ ထိုသူတို့က``မှန်ပါသည်အရှင်မင်းကြီး'' ဟုလျှောက်ထားလျှင်၊ မင်းကြီးက``ယင်းသို့ဖြစ်ပါမူမီးထဲတွင် လူလေးယောက်သွားလာနေသည်ကိုအဘယ် ကြောင့်ငါမြင်ရပါသနည်း။ သူတို့အား တုပ်နှောင်ထားခြင်းလည်းမရှိ၊ သူတို့သည် မီးလောင်ခံကြရပုံလည်းမပေါ်။ ထို့ပြင် စတုတ္ထလူသည်ကောင်းကင်တမန် နှင့်တူသည်'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍နေဗုခဒ်နေဇာမင်းသည် ပြင်းစွာ အလျှံထလျက်နေသောမီးဖိုကြီးအဝ သို့ချဉ်းကပ်ပြီးလျှင်``အမြင့်မြတ်ဆုံးသော ဘုရားသခင်၏အစေခံရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါတို့၊ မီးဖိုထဲမှထွက်လာ ကြလော့'' ဟုမိန့်တော်မူ၏။ ထိုအခါသူတို့ သည်ချက်ချင်းပင်ထွက်လာကြ၏။- မင်းညီမင်းသားများ၊ ဘုရင်ခံများ၊ ဒုတိယ ဘုရင်ခံများနှင့်ဘုရင့်အတိုင်ပင်ခံအရာ ရှိအပေါင်းတို့သည် မီးလောင်ခြင်းမခံရ ကြသောလူသုံးဦးတို့ကိုဝိုင်း၍ကြည့်ရှုကြ ကုန်၏။ ထိုသူတို့၏ဆံခြည်ပင်တစ်ပင်မျှ မီးမမြိုက်။ အဝတ်အင်္ကျီများသည်မီးမလောင်၊ သူတို့ကိုယ်မှမီးခိုးနံ့လည်းမရ။ မင်းကြီးက``ရှာဒရက်၊ မေရှက်နှင့်အဗေဒ နေဂေါတို့ကိုးကွယ်သောဘုရားသခင်ကို ထောမနာပြုကြလော့။ ကိုယ်တော်သည်ကောင်း ကင်တမန်ကိုစေလွှတ်တော်မူ၍ မိမိကိုယုံ ကြည်ကိုးစားကြသောဤသူသုံးဦးတို့ အားကယ်တင်တော်မူ၏။ သူတို့သည်မိမိ တို့၏ဘုရားမှတစ်ပါးအခြားဘုရားကို ဦးညွှတ်ရှိခိုးမည့်အစား မိမိတို့အသက် ဘေးကိုပင်ပမာဏမပြုဘဲငါ၏အမိန့် ကိုဖီဆန်ခဲ့ကြ၏။
ဒံယေလ 3 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဒံယေလ 3:24-28
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ