YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလအနာဂတ္တိကျမ်း 3:24-28

ဒံယေလအနာဂတ္တိကျမ်း 3:24-28 MSBU

ထိုအခါ နေဗုခဒ်နေဇာ​မင်းကြီး​သည် အလွန်​အံ့အားသင့်​လျက် ရုတ်တရက်​ထ​၍ မိမိ​အတိုင်ပင်ခံ​တို့​အား “​ငါ​တို့​သည် လူ​သုံး​ဦး​ကို​တုပ်နှောင်​၍ မီး​ထဲသို့​ပစ်ချ​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု မေး​ရာ သူ​တို့​က​လည်း “​မှန်​ပါ​သည် အရှင်မင်းကြီး​”​ဟု ပြန်လျှောက်​ကြ​၏​။ ရှင်ဘုရင်​က​လည်း “​ကြည့်​ကြ​လော့​။ လူ​လေး​ဦး​တို့​သည် ထိခိုက်မှု​မ​ရှိ​။ အတုပ်အနှောင်​ကင်း​လျက် မီး​ထဲ၌​သွားလာ​နေ​ကြ​သည်​ကို ငါ​မြင်​ရ​၏​။ လေး​ယောက်​မြောက်​သော​သူ​သည် ဘုရား​သား​တော်​နှင့်​အဆင်းသဏ္ဌာန် တူ​၏​”​ဟု မိန့်ဆို​၏​။ ထို့နောက် နေဗုခဒ်နေဇာ​မင်းကြီး​သည် မီးတောက်​နေ​သော​မီးပြင်းဖို​အဝ​သို့ သွား​၍ “​အမြင့်ဆုံး​သော​ဘုရားသခင်​၏​ကျွန် ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​၊ ထွက်လာ​ကြ​လော့​။ မီး​ထဲမှ ထွက်လာ​ကြ​လော့​”​ဟု မိန့်ဆို​၏​။ ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​က​လည်း မီး​ထဲမှ ထွက်လာ​ကြ​၏​။ ထိုအခါ မင်းညီမင်းသား​များ​၊ ဝန်ကြီး​များ​၊ ဘုရင်ခံ​များ​၊ ဘုရင့်​အတိုင်ပင်ခံ​များ ဝိုင်းအုံ​ကြည့်​ကြ​ရာ ထို​သူ​တို့​၏​ကိုယ်ခန္ဓာ​ကို မီး​မ​လောင်​၊ ဦးခေါင်း​မှ​ဆံပင်​လည်း မီး​မ​ဟပ်​၊ ဝတ်ရုံ​များ​လည်း မ​ပျက်စီး​၊ သူ​တို့​ကိုယ်​တွင်​လည်း မီးခိုးနံ့​ပင် မ​ရ​ကြောင်း​ကို တွေ့​ရ​လေ​၏​။ နေဗုခဒ်နေဇာ​မင်းကြီး​က​လည်း “​ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​၏​ဘုရားသခင်​သည် မင်္ဂလာ​ရှိ​ပါစေသော​။ သူ​တို့​သည် မိမိ​တို့​ဘုရား​မှတစ်ပါး အခြား​ဘုရား​ကို မ​ကိုးကွယ်​မ​ရှိခိုး​။ ဘုရင့်​အမိန့်​အား ဆန့်ကျင်​၍ မိမိ​တို့​အသက်​ကို​ပင် စတေး​ခဲ့​ကြ​ပြီ​။ ကိုယ်တော်​သည်​လည်း သူ့​ကို​ယုံကြည်ကိုးစား​သော သူ့​အစေအပါး​တို့​အား ကောင်းကင်တမန်​ကို စေလွှတ်​၍​ကယ်​တော်မူ​ပြီ​။

​ဒံယေလအနာဂတ္တိကျမ်း 3:24-28 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။