YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 11:36-45

ဒံယေလ 11:36-45 Judson Bible (JBMLE)

ရှင်​ဘု​ရင်​တစ်​ပါး​သည် မိ​မိ​အ​လို​အ​လျောက်​ပြု၍၊ ဘု​ရား​အ​ပေါင်း​တို့​ထက် ကိုယ်​ကို​ကိုယ် ချီး​ပင့်​မြှောက်​စား​လျက်၊ ဘု​ရား​တို့၏​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု၍ အံ့​ဖွယ်​သော​စ​ကား​ကို ပြော​လိမ့်​မည်။ ဒေါ​သ​အ​မျက် စေ့​စုံ​သည် ကာ​လ​တိုင်​အောင် ကောင်း​စား​လိမ့်​မည်။ စီ​ရင်​ဆုံး​ဖြတ်​သ​မျှ​အ​တိုင်း ဖြစ်​ရ​လိမ့်​မည်။ ထို​မင်း​သည် ဘိုး​ဘေး​တို့ ကိုး​ကွယ်​သော ဘု​ရား​ကို​လည်း​ကောင်း၊ မိန်း​မ၌ တပ်​မက်​သော အ​လို​ကို​လည်း​ကောင်း၊ တစ်​ပါး​သော ဘု​ရား​များ​ကို​လည်း​ကောင်း ပ​မာ​ဏ​မ​ပြု။ သူ​တ​ကာ​တို့​ထက် ကိုယ်​ကို​ကိုယ် ချီး​မြှောက်​လိမ့်​မည်။ ထို​ဘု​ရား​အ​ရာ၌ ရဲ​တိုက်​တို့၏​ဘု​ရား​နှင့်၊ ဘိုး​ဘေး​တို့​မ​သိ​သော​ဘု​ရား​ကို ချီး​မြှောက်၍၊ ရွှေ၊ ငွေ၊ ကျောက်​မြတ်၊ နှစ်​သက်​ဖွယ်​သော တန်​ဆာ​များ​ကို ပူ​ဇော်​လိမ့်​မည်။ ခိုင်​ခံ့​သော ရဲ​တိုက်​များ​ကို​လည်း​ကောင်း၊ မိ​မိ​ဝန်​ခံ​သော တစ်​ပါး​အ​မျိုး​သား​ဘု​ရား​ကို​လည်း​ကောင်း ပြု​စု၍ ဂုဏ်​အ​သ​ရေ တိုး​ပွား​စေ​လိမ့်​မည်။ လူ​များ​တို့​အ​ပေါ်​မှာ အုပ်​စိုး​ရ​သော​အ​ခွင့်​ကို​ပေး၍ စီး​ပွား​ဖြစ်​ခြင်း​အ​လို​ငှာ မြေ​ကို​ဝေ​ဖန်​လိမ့်​မည်။ အ​မှု​ကုန်​ရ​သည်​ကာ​လ၌ တောင်​ရှင်​ဘု​ရင်​သည် ထို​မင်း​ကို တိုက်​လိမ့်​မည်။ မြောက်​ရှင်​ဘု​ရင်​သည်​လည်း ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ၊ သင်္ဘော​များ​တို့​နှင့်​တ​ကွ လေ​ပွေ​ကဲ့​သို့ တိုက်​လာ​လျက်၊ ထို​ပြည်​တို့​ကို ဝင်၍ ချင်း​နင်း​လွှမ်း​မိုး​လိမ့်​မည်။ သာ​ယာ​သော​ပြည်​ကို​လည်း ဝင်၍ အ​များ​သော​သူ​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်။ သို့​ရာ​တွင်၊ သူ၏​လက်​မှ လွတ်​သော​သူ​ဟူ​မူ​ကား၊ ဧ​ဒုံ​ပြည်​သား၊ မော​ဘ​ပြည်​သား၊ အ​မ္မုန်​အ​မျိုး​သား​အ​ကြီး​တို့​သည် လွတ်​ကြ​လိမ့်​မည်။ ထို​မင်း​သည် အ​ပြည်​ပြည်​တို့​ကို အောင်​မြင်​ရ​လိမ့်​မည်။ အဲ​ဂု​တ္တု​ပြည်​လည်း မ​လွတ်​ရ။ ထို​ပြည်​မှာ​ရှိ​သော ရွှေ​ဘ​ဏ္ဍာ၊ ငွေ​ဘ​ဏ္ဍာ၊ အ​ဖိုး​ထိုက်​သော ဥ​စ္စာ​များ​ကို အ​ပိုင်​ရ​လိမ့်​မည်။ လိ​ဗု​ပြည်​သား​နှင့် ကု​ရှ​ပြည်​သား​တို့​သည် သူ့​နောက်​သို့ လိုက်​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင် သူ​သည် အ​ရှေ့​မျက်​နှာ၊ မြောက်​မျက်​နှာ​အ​ရပ်​မှ သ​တင်း​ကို​ကြား၍ စိတ်​ပူ​ပန်​သ​ဖြင့်၊ လူ​အ​များ​တို့​ကို ဖျက်​ဆီး​သုတ်​သင် ပယ်​ရှင်း​ခြင်း​ငှာ၊ ကြီး​စွာ​သော ဒေါ​သ​အ​မျက်​နှင့် ထွက်​သွား​လိမ့်​မည်။ ပင်​လယ်​ကြား​မှာ ဘုန်း​ကြီး၍ သန့်​ရှင်း​သော​တောင်​ပေါ်၌ စံ​ရာ​တဲ​တော်​ကို တည်​ဆောက်​ပြီး​လျှင် အ​ဘယ်​သူ​မျှ​မ​စ​ခြင်း​ငှာ မ​တတ်​နိုင်၍ ဆုံး​ရှုံး​ခြင်း​သို့ ရောက်​လိမ့်​မည်။

ဒံယေလ 11:36-45 Common Language Bible (BCL)

``ဆီး​ရီး​ယား​ဘု​ရင်​သည်​မိ​မိ​၏​စိတ်​ဆန္ဒ​ရှိ သည်​အ​တိုင်း​ပြု​လိမ့်​မည်။ မိ​မိ​သည်​ဘု​ရား အ​ပေါင်း​တို့​ထက်​ကြီး​မြတ်​သည်​ဟူ​၍​လည်း ကောင်း၊ အမြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​ထက် ပင်​ကြီး​မြတ်​သည်​ဟူ​၍​လည်း​ကောင်း ကြွား​ဝါ ပြော​ဆို​လိမ့်​မည်။ သူ​သည်​မိ​မိ​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ချိန်​တိုင်​အောင် ဤ​သို့​ကြွား​ဝါ​နိုင်​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​ကြံ အ​စည်​တော်​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ မည်​ဖြစ်​သော​ကြောင့်​တည်း။- ထို​မင်း​သည်​မိ​မိ​၏​ဘိုး​ဘေး​တို့​ကိုး​ကွယ် သည့်​ဘု​ရား​ကို​လည်း​ကောင်း၊ အ​မျိုး​သ​မီး တို့​မြတ်​နိုး​သည့်​ဘု​ရား​ကို​လည်း​ကောင်း ပ​မာ​ဏ​ပြု​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​ကိုယ်​ကို ဘု​ရား​အ​ပေါင်း​တို့​ထက်​ကြီး​မြတ်​သည်​ဟု ထင်​မှတ်​သ​ဖြင့် ထို​ဘု​ရား​တို့​ကို​ပစ်​ပယ် လိမ့်​မည်။- ထို​ဘု​ရား​များ​အ​စား​ခံ​တပ်​များ​ကို ကွယ် ကာ​စောင့်​ရှောက်​သည့်​ဘု​ရား​ကို​မြှောက်​စား လိမ့်​မည်။ မိ​မိ​၏​ဘိုး​ဘေး​တို့​အ​ဘယ်​အ​ခါ က​မျှ မ​ကိုး​ကွယ်​ခဲ့​သော​ဘု​ရား​အား​ရွှေ၊ ငွေ၊ ကျောက်​မျက်​ရ​တ​နာ​များ​နှင့်​အ​ခြား​အ​ဖိုး ထိုက်​သည့်​လက်​ဆောင်​ပဏ္ဏာ​ပူ​ဇော်​သကာ​များ ကို​ဆက်​သ​လိမ့်​မည်။- မိ​မိ​၏​ခံ​တပ်​များ​အ​တွက်​အ​စောင့်​တပ်​သား များ​အ​ဖြစ်၊ နိုင်​ငံ​ခြား​ဘု​ရား​ကို​ကိုး​ကွယ် သူ​တို့​အား​အ​သုံး​ပြု​လိမ့်​မည်။ မိ​မိ​၏​စိုး​မိုး အုပ်​ချုပ်​မှု​ကို​လက်​ခံ​သော​သူ​တို့​အား ကြီး မြတ်​သော​ရာ​ထူး​များ​ဖြင့်​ချီး​မြှင့်​၍​မြေ ယာ​များ​ကို​ဆု​တော်​လာဘ်​တော်​အ​ဖြစ် ဖြင့်​ပေး​အပ်​လိမ့်​မည်။'' ``ဆီး​ရီး​ယား​ဘု​ရင်​၏​နန်း​သက်​ကုန်​ဆုံး ချိန်​နီး​သော​အ​ခါ အီ​ဂျစ်​ဘု​ရင်​သည်​ထို မင်း​ကို​စစ်​ချီ​တိုက်​ခိုက်​လိမ့်​မည်။ ဆီး​ရီး ယား​ဘု​ရင်​က​လည်း​မြင်း​စီး​သူ​ရဲ​များ နှင့် သင်္ဘော​အ​မြောက်​အ​မြား​ကို​အ​သုံး ပြု​ကာ​အ​စွမ်း​ကုန်​ပြန်​လည်​တိုက်​ခိုက် လိမ့်​မည်။ သူ​သည်​မြစ်​လျှံ​ရေ​သ​ဖွယ်​နိုင်​ငံ များ​စွာ​ကို​ချဉ်း​နင်း​ဝင်​ရောက်​လိမ့်​မည်။- က​တိ​ထား​တော်​မူ​သော​ပြည်​ကို​ပင်​ချဉ်း နင်း​ဝင်​ရောက်​ကာ ထောင်​ပေါင်း​များ​စွာ​သော လူ​တို့​ကို​သတ်​ဖြတ်​လိမ့်​မည်။ သို့​ရာ​တွင် ဧ​ဒုံ​ပြည်၊ မော​ဘ​ပြည်၊ အမ္မုန်​ပြည်​တို့ သည်​ဘေး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည်။- ထို​မင်း​သည်​အ​ပြည်​ပြည်​သို့​ဝင်​ရောက် တိုက်​ခိုက်​သော​အ​ခါ အီ​ဂျစ်​ပြည်​ပင်​လျှင် ချမ်း​သာ​ရာ​ရ​လိမ့်​မည်​မ​ဟုတ်။- သူ​သည်​အီ​ဂျစ်​ပြည်​တွင်​လျှို့​ဝှက်​ထား သည့်​ရွှေ​ငွေ​ဘဏ္ဍာ​များ​နှင့် အ​ခြား​အ​ဖိုး ထိုက်​သည့်​ပစ္စည်း​ဥစ္စာ​များ​ကို​သိမ်း​ယူ​သွား လိမ့်​မည်။ လစ်​ဗျား​နှင့်​ဆူ​ဒန်​နိုင်​ငံ​တို့​ကို လည်း​နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။- ထို​နောက်​သူ​သည်​အ​ရှေ့​မျက်​နှာ​အ​ရပ် နှင့်​မြောက်​မျက်​နှာ​အ​ရပ်​တို့​မှ​ရောက်​ရှိ လာ​သော​သတင်း​များ​ကြောင့် ထိတ်​လန့်​၍ ပြင်း​ထန်​စွာ​တိုက်​ခိုက်​သ​ဖြင့်​လူ​အ​မြောက် အ​မြား​ကို​ဆုံး​ပါး​စေ​လိမ့်​မည်။- သူ​သည်​ဗိ​မာန်​တော်​တည်​ရာ​တောင်​တော်​နှင့် ပင်​လယ်​စပ်​ကြား​တွင် မိ​မိ​အ​တွက်​တဲ​တော် ကြီး​များ​ကို​ပင်​တည်​ဆောက်​လိမ့်​မည်။ သို့ ရာ​တွင်​မိ​မိ​အား​မ​စ​ကူ​ညီ​မည့်​သူ​မ​ရှိ ဘဲ​ထို​အ​ရပ်​တွင်​သေ​ဆုံး​လိမ့်​မည်။''

ဒံယေလ 11:36-45 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​ဘုရင်​သည် မိမိ​အလို​အတိုင်း ပြုမူ​လိမ့်မည်​။ ဘုရား​တကာ​တို့​ထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှင့်​မြှောက်စား​လိမ့်မည်​။ ဘုရား​တကာ​တို့​၏​ဘုရား​ကို ရင့်သီးကြမ်းကြုတ်​သော​စကား​တို့​ဖြင့် ဆန့်ကျင်​ပြောဆို​လိမ့်မည်​။ အမျက်​တော်​ကာလ ပြီးဆုံး​သည်​အထိ သူ​သည် အောင်မြင်မှု​ရ​လိမ့်မည်​။ စီရင်​ထား​သော​အရာ​သည် ဧကန်​ဖြစ်လာ​လိမ့်မည်​။ သူ​သည် သူ့​ဘိုးဘေး​တို့​၏​ဘုရား​ကို​ဖြစ်စေ​၊ မိန်းမ​တို့​နှစ်သက်​သည့်​ဘုရား​များ​ကို​ဖြစ်စေ မည်သည့်​ဘုရား​ကို​မျှ အလေး​မ​ထား​၊ ဘုရား​တကာ​ထက် ကိုယ့်ကိုယ်ကိုယ်​ချီးမြှောက်​လိမ့်မည်​။ ထို​ဘုရား​တို့​အစား ခံတပ်စောင့်​ဘုရား​ကို ချီးမွမ်းထောမနာ​ပြု​လိမ့်မည်​။ သူ့​ဘိုးဘေး​တို့​မ​သိ​သော​ထို​ဘုရား​ကို ရွှေ​ငွေ​၊ အဖိုးတန်​ကျောက်မျက်ရတနာ​များ​နှင့် လက်ဆောင်ပစ္စည်း​တို့​ဖြင့် ချီးမွမ်းထောမနာ​ပြု​လိမ့်မည်​။ သူ​သည် တိုင်းတစ်ပါးသား​တို့​ဘုရား​၏​အကူအညီ​ဖြင့် ခံတပ်​မြို့​ကြီး​များ​ကို တိုက်ခိုက်​လိမ့်မည်​။ သူ့​အား အသိအမှတ်​ပြု​သူ​တိုင်း​ကို ချီးမြှောက်​ပြီး လူ​အများ​ကို​အုပ်စိုး​ရ​သော​အခွင့်​ပေး​မည်​။ ဆုလာဘ်​အဖြစ် မြေ​ကို​ခွဲဝေ​ပေး​မည်​။ နောက်ဆုံး​ကာလ​တွင် တောင်​ဘုရင်​သည် သူ့​ကို တွန်းလှန်​တိုက်ခိုက်​လိမ့်မည်​။ မြောက်​ဘုရင်​သည်​လည်း စစ်ရထား​များ​၊ မြင်းစီးသူရဲ​များ​၊ သင်္ဘော​များ​ဖြင့် မုန်တိုင်း​တိုက်​သကဲ့သို့ ချီလာ​၍ တိုင်းပြည်​များ​ကို ဝင်ရောက်​လွှမ်းမိုး​တိုက်ခိုက်​သွား​လိမ့်မည်​။ သူ​သည် သာယာဝပြော​သော​ပြည်​ကို ဝင်တိုက်​သဖြင့် လူ​အများ​လဲကျ​သေဆုံး​ရ​လိမ့်မည်​။ သို့သော် ဧဒုံ​ပြည်သား​၊ မောဘ​ပြည်သား​နှင့် အမ္မုန်​အမျိုးသား​တို့​ထဲမှ အထင်ကရ​ပုဂ္ဂိုလ်​များ​သည် သူ့​လက်​မှ​လွတ်မြောက်​လိမ့်မည်​။ သူ​သည် လက်ရုံး​ကို​ဆန့်​၍ တိုင်းနိုင်ငံ​များ​ကို တိုက်ခိုက်​လိမ့်မည်​။ အီဂျစ်​ပြည်​လည်း လွတ်​လိမ့်မည်​မ​ဟုတ်​။ အီဂျစ်​ပြည်​၏​ရွှေ​ငွေ​ဘဏ္ဍာတိုက်​နှင့် အဖိုးတန်​ရတနာ​အားလုံး​ကို လက်ဝါးကြီးအုပ်​လိမ့်မည်​။ လစ်ဗျား​ပြည်သား​၊ အီသီယိုးပီးယား​ပြည်သား​တို့​သည်​လည်း သူ့​နောက်​ကို လိုက်​ကြ​လိမ့်မည်​။ အရှေ့ဘက်​၊ မြောက်ဘက်​တို့​မှ​လာ​သော​သတင်းစကား​များ​ကြောင့် သူ​သည် အထိတ်တလန့်​ဖြစ်​ရ​လိမ့်မည်​။ ဒေါသတကြီး​ဖြင့်​ချီတက်​သွား​၍ လူ​အများ​ကို သုတ်သင်​ဖျက်ဆီး​ပစ်​လိမ့်မည်​။ ပင်လယ်​နှင့် သာယာ​သော​တောင်​ကြား​တွင် သူ့​တဲနန်း​ကို သူ​ဆောက်​လိမ့်မည်​။ ဤသို့ဖြင့် သူ့​ဘဝ​နိဂုံးချုပ်​ချိန်​ရောက်လာ​ကာ သူ့​ကို​ကူညီ​မည့်​သူ တစ်ယောက်​မျှ​ရှိ​မည်​မ​ဟုတ်​။