YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 11:36-45

ဒံယေလ 11:36-45 JBMLE

ရှင်​ဘု​ရင်​တစ်​ပါး​သည် မိ​မိ​အ​လို​အ​လျောက်​ပြု၍၊ ဘု​ရား​အ​ပေါင်း​တို့​ထက် ကိုယ်​ကို​ကိုယ် ချီး​ပင့်​မြှောက်​စား​လျက်၊ ဘု​ရား​တို့၏​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု၍ အံ့​ဖွယ်​သော​စ​ကား​ကို ပြော​လိမ့်​မည်။ ဒေါ​သ​အ​မျက် စေ့​စုံ​သည် ကာ​လ​တိုင်​အောင် ကောင်း​စား​လိမ့်​မည်။ စီ​ရင်​ဆုံး​ဖြတ်​သ​မျှ​အ​တိုင်း ဖြစ်​ရ​လိမ့်​မည်။ ထို​မင်း​သည် ဘိုး​ဘေး​တို့ ကိုး​ကွယ်​သော ဘု​ရား​ကို​လည်း​ကောင်း၊ မိန်း​မ၌ တပ်​မက်​သော အ​လို​ကို​လည်း​ကောင်း၊ တစ်​ပါး​သော ဘု​ရား​များ​ကို​လည်း​ကောင်း ပ​မာ​ဏ​မ​ပြု။ သူ​တ​ကာ​တို့​ထက် ကိုယ်​ကို​ကိုယ် ချီး​မြှောက်​လိမ့်​မည်။ ထို​ဘု​ရား​အ​ရာ၌ ရဲ​တိုက်​တို့၏​ဘု​ရား​နှင့်၊ ဘိုး​ဘေး​တို့​မ​သိ​သော​ဘု​ရား​ကို ချီး​မြှောက်၍၊ ရွှေ၊ ငွေ၊ ကျောက်​မြတ်၊ နှစ်​သက်​ဖွယ်​သော တန်​ဆာ​များ​ကို ပူ​ဇော်​လိမ့်​မည်။ ခိုင်​ခံ့​သော ရဲ​တိုက်​များ​ကို​လည်း​ကောင်း၊ မိ​မိ​ဝန်​ခံ​သော တစ်​ပါး​အ​မျိုး​သား​ဘု​ရား​ကို​လည်း​ကောင်း ပြု​စု၍ ဂုဏ်​အ​သ​ရေ တိုး​ပွား​စေ​လိမ့်​မည်။ လူ​များ​တို့​အ​ပေါ်​မှာ အုပ်​စိုး​ရ​သော​အ​ခွင့်​ကို​ပေး၍ စီး​ပွား​ဖြစ်​ခြင်း​အ​လို​ငှာ မြေ​ကို​ဝေ​ဖန်​လိမ့်​မည်။ အ​မှု​ကုန်​ရ​သည်​ကာ​လ၌ တောင်​ရှင်​ဘု​ရင်​သည် ထို​မင်း​ကို တိုက်​လိမ့်​မည်။ မြောက်​ရှင်​ဘု​ရင်​သည်​လည်း ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ၊ သင်္ဘော​များ​တို့​နှင့်​တ​ကွ လေ​ပွေ​ကဲ့​သို့ တိုက်​လာ​လျက်၊ ထို​ပြည်​တို့​ကို ဝင်၍ ချင်း​နင်း​လွှမ်း​မိုး​လိမ့်​မည်။ သာ​ယာ​သော​ပြည်​ကို​လည်း ဝင်၍ အ​များ​သော​သူ​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်။ သို့​ရာ​တွင်၊ သူ၏​လက်​မှ လွတ်​သော​သူ​ဟူ​မူ​ကား၊ ဧ​ဒုံ​ပြည်​သား၊ မော​ဘ​ပြည်​သား၊ အ​မ္မုန်​အ​မျိုး​သား​အ​ကြီး​တို့​သည် လွတ်​ကြ​လိမ့်​မည်။ ထို​မင်း​သည် အ​ပြည်​ပြည်​တို့​ကို အောင်​မြင်​ရ​လိမ့်​မည်။ အဲ​ဂု​တ္တု​ပြည်​လည်း မ​လွတ်​ရ။ ထို​ပြည်​မှာ​ရှိ​သော ရွှေ​ဘ​ဏ္ဍာ၊ ငွေ​ဘ​ဏ္ဍာ၊ အ​ဖိုး​ထိုက်​သော ဥ​စ္စာ​များ​ကို အ​ပိုင်​ရ​လိမ့်​မည်။ လိ​ဗု​ပြည်​သား​နှင့် ကု​ရှ​ပြည်​သား​တို့​သည် သူ့​နောက်​သို့ လိုက်​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင် သူ​သည် အ​ရှေ့​မျက်​နှာ၊ မြောက်​မျက်​နှာ​အ​ရပ်​မှ သ​တင်း​ကို​ကြား၍ စိတ်​ပူ​ပန်​သ​ဖြင့်၊ လူ​အ​များ​တို့​ကို ဖျက်​ဆီး​သုတ်​သင် ပယ်​ရှင်း​ခြင်း​ငှာ၊ ကြီး​စွာ​သော ဒေါ​သ​အ​မျက်​နှင့် ထွက်​သွား​လိမ့်​မည်။ ပင်​လယ်​ကြား​မှာ ဘုန်း​ကြီး၍ သန့်​ရှင်း​သော​တောင်​ပေါ်၌ စံ​ရာ​တဲ​တော်​ကို တည်​ဆောက်​ပြီး​လျှင် အ​ဘယ်​သူ​မျှ​မ​စ​ခြင်း​ငှာ မ​တတ်​နိုင်၍ ဆုံး​ရှုံး​ခြင်း​သို့ ရောက်​လိမ့်​မည်။