YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲ 2:16-23

ကောလောသဲ 2:16-23 Judson Bible (JBMLE)

ထို​ကြောင့် စား​သောက်​ခြင်း​အ​မှု၊ ပွဲ​နေ့၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​တို့​ကို စောင့်​ခြင်း​အ​မှု​တွင် သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​စစ်​ကြော​မ​စီ​ရင်​စေ​နှင့်။- ထို​အ​ရာ​တို့​သည် နောက်​ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့၏ အ​ရိပ်​ဖြစ်​ကြ၏။ ကိုယ်​မူ​ကား ခ​ရစ်​တော်၏​ကိုယ်​ဖြစ်၏။- ဦး​ခေါင်း​တော်​ကို အ​မှီ​မ​ပြု၊ ဇာ​တိ​ပ​က​တိ၏ စိတ်​နှ​လုံး အ​ချည်း​နှီး​ထောင်​လွှား​လျက်၊ မိ​မိ​မ​သိ​မ​မြင်​သော​အ​ရာ​ကို စူး​စမ်း​လျက်၊ စိတ်​နှိမ့်​ချ​ခြင်း၌​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​ကို ကိုး​ကွယ်​ခြင်း၌​လည်း​ကောင်း မွေ့​လျော်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ သင်​တို့​ဆု​ကို မ​လု​မ​ယူ​စေ​နှင့်။- ဦး​ခေါင်း​တော်​မှ တစ်​ကိုယ်​လုံး​သည် အ​ဆစ်​အ​ပိုင်း အ​ထုံး​အ​ဖွဲ့​များ​အား​ဖြင့်၊ အား​ဖြည့်၍ ထုံး​ဖွဲ့​လျက်၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ကြီး​ပွား​တတ်၏။ သင်​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​သေ၍၊ လော​ကီ​တ​ရား​နု​မှ စု​တေ​ကြ​သည်​မှန်​လျှင်၊- မ​တို့​နှင့်၊ မ​မြည်း​နှင့်၊ မ​ကိုင်​နှင့်​ဟူ​သော ပ​ညတ်​စ​ကား​ကို လော​ကီ​အ​သက်​ရှင်​သေး​သ​ကဲ့​သို့၊ အ​ဘယ်​ကြောင့် နား​ထောင်​ကြ​သ​နည်း။- လူ​တို့၏ ပ​ညတ်​ဩ​ဝါ​ဒ​အ​တိုင်း စောင့်​ရှောက်​သော ထို​ပ​ညတ်​ရှိ​သ​မျှ​တို့​သည် ပုပ်​ပျက်​စေ​ခြင်း​အ​ကြောင်း ဖြစ်​ကြ၏။- ထို​သို့​သော ပ​ညတ်​တို့​သည် ကိုယ်​အ​သား​ကို ဝ​ပြော​စွာ ကျွေး​မွေး​ခြင်း​နှင့်​မ​ဆိုင်၊ ကိုယ်​အ​လို​အ​လျောက် ကိုး​ကွယ်​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း၊ ကိုယ်​ကာ​ယ​ကို နှိပ်​စက်​ခြင်း​နှင့်​ဆိုင်၍၊ ပ​ညာ​ရှိ​ယောင်​ဆောင်​ကြ၏။

ကောလောသဲ 2:16-23 Common Language Bible (BCL)

သို့​ဖြစ်​၍​အ​စား​အ​သောက်​နှင့်​ပတ်​သက်​၍​ဖြစ် စေ၊ ဘာ​သာ​ရေး​ပွဲ​နေ့၊ လ​ဆန်း​ပွဲ​နေ့၊ ဥ​ပုသ်​နေ့ နှင့်​ပတ်​သက်​၍​ဖြစ်​စေ​သင်​တို့​အ​တွက်​အ​ဘယ် သူ​မျှ​ဥ​ပ​ဒေ​စည်း​ကမ်း​မ​ပြု​လုပ်​စေ​နှင့်။- ထို​အ​ရာ​တို့​သည်​နောင်​အ​ခါ​ဖြစ်​ပေါ်​လာ​မည့် အ​ရာ​တို့​၏​အ​ရိပ်​အ​ရောင်​မျှ​သာ​ဖြစ်​ကြ​၏။ အ​တု​မ​ဟုတ်​အ​စစ်​မှာ​ခ​ရစ်​တော်​ဖြစ်​သည်။- မ​မှန်​ကန်​သော​နှိမ့်​ချ​ခြင်း၊ ကောင်း​ကင်​တ​မန် တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​တို့​ကို​အ​လေး အ​နက်​ပြော​ဆို​၍​မိ​မိ​တို့​တွေ့​မြင်​သည့်​ဗျာ ဒိတ်​ရူ​ပါ​ရုံ​များ​ကို​အ​ကြောင်း​ပြု​ကာ မိ​မိ တို့​က​အ​ခြား​သူ​တို့​ထက်​သာ​သည်​ဟု​ပြော ဆို​တတ်​သူ​များ​က​သင်​တို့​အား​ရှုတ်​ချ​ခွင့် ကို​မ​ပေး​နှင့်။ သူ​တို့​သည်​လူ့​သ​ဘော​ဖြင့် စဉ်း​စား​ဆင်​ခြင်​လျက်​အ​ကြောင်း​မဲ့​စိတ် နေ​မြင့်​လျက်​ရှိ​ကြ​၏။- သူ​တို့​သည်​ခန္ဓာ​ကိုယ်​၏​ဦး​ခေါင်း​တည်း​ဟူ သော​ခ​ရစ်​တော်​ကို​မှီ​ခို​အား​ကိုး​မှု​မ​ရှိ​ကြ တော့​ချေ။ ခ​ရစ်​တော်​၏​ထိန်း​သိမ်း​မှု​အောက် တွင်​အ​ဆစ်​များ​နှင့်​အ​ရိုး​ချင်း​ဆက်​ပေး​သည့် အ​ရွတ်​များ​အား​ဖြင့် ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် အာ​ဟာ​ရ​ကို​ခံ​ယူ​ကာ​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ရှိ​သည်​အ​တိုင်း​ကြီး​ပွား​တတ်​၏။ သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​တူ သေ​ပြီ​ဖြစ် သ​ဖြင့်​ဤ​လော​က​ဋ္ဌာတ်​ကို အ​စိုး​ရ​သော တန်​ခိုး​ရှင်​များ​၏​လက်​အောက်​တွင်​မ​ရှိ​တော့ ပေ။- ထို​သို့​ဖြစ်​ပါ​လျက်​သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​လော​က​နှင့်​သက်​ဆိုင်​သူ​များ​ကဲ့​သို့​ပြု​ကျင့် နေ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့်``ဤ​အ​ရာ​ကို မ​ကိုင်​နှင့်။ ထို​အ​ရာ​ကို​မ​မြည်း​မ​စမ်း​နှင့်။ မ​တို့ မ​ထိ​နှင့်'' အ​စ​ရှိ​သည့်​ဥ​ပ​ဒေ​များ​ကို​လိုက် လျှောက်​နေ​ကြ​သ​နည်း။- ထို​ဥ​ပ​ဒေ​များ​သည်​အ​သုံး​ပြု​ပြီး​နောက်​အ​သုံး မ​ဝင်​တော့​သည့်​အ​ရာ​များ​နှင့်​စပ်​ဆိုင်​၏။ ယင်း​တို့ အား​လုံး​ပင်​လျှင်​လူ​လုပ်​သည့်​ဥ​ပ​ဒေ​များ၊ သွန် သင်​ချက်​များ​သာ​ဖြစ်​သည်။- ကောင်း​ကင်​တ​မန်​များ​အား​မ​ဖြစ်​မ​နေ​ကိုး ကွယ်​ရ​ခြင်း၊ မ​မှန်​ကန်​သော​စိတ်​နှိမ့်​ချ​ခြင်း၊ အ​လွန်​အ​မင်း​ကိုယ်​ခန္ဓာ​ကို​နှိပ်​စက်​ခြင်း​တည်း ဟူ​သော​ဥ​ပ​ဒေ​တို့​သည် ဉာဏ်​ပ​ညာ​နှင့်​ယှဉ် သော​ဥ​ပ​ဒေ​ပ​ညတ်​များ​ဖြစ်​ဟန်​တူ​သော် လည်း​ကာ​ယ​တပ်​မက်​မှု​များ​ကို​ထိန်း​ချုပ် ရာ​တွင်​မည်​သို့​မျှ​အ​ထောက်​အ​ကူ​မ​ပေး ချေ။

ကောလောသဲ 2:16-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် အစား​အသောက်​နှင့်​ပတ်သက်၍​ဖြစ်စေ၊ ပွဲ​နေ့၊ လဆန်း​နေ့​၊ သို့မဟုတ် ဥပုသ်နေ့​တို့​နှင့်​ပတ်သက်၍​ဖြစ်စေ မည်သူမျှ သင်​တို့​ကို​မ​စီရင်​စေ​နှင့်။ ၎င်း​တို့​သည် ဖြစ်လာ​မည့်​အရာ​များ​၏​အရိပ်​မျှသာ​ဖြစ်​ကြ​ပြီး အကောင်အထည်​အစစ်​မူကား ခရစ်တော်​၌​ရှိ​၏။ မိမိ​ကိုယ်​ကို​ချိုးနှိမ်​ခြင်း၊ ကောင်းကင်​တမန်​များ​ကို​ကိုးကွယ်​ခြင်း​တို့​၌ မွေ့လျော်​နေ​သော​သူ​တစ်စုံတစ်ဦး​ကြောင့် သင်​တို့​သည် ဆု​နှင့်​လွဲ​ရ​သည့်​အဖြစ်မျိုး​ကို အဖြစ်​မ​ခံ​ကြ​နှင့်။ ထို​သူ​တို့​သည် မြင်မက်​သော​အရာ​တို့​ကို နှိုက်နှိုက်ချွတ်ချွတ်​စူးစမ်း​၍ မိမိ​၏​သွေးသား​ဇာတိ​နှင့်ဆိုင်သော စိတ်နှလုံး​အားဖြင့် အချည်းနှီး​ထောင်လွှား​ကာ ဦးခေါင်း​တော်​၌ စွဲမြဲ​ခြင်း​မ​ရှိ​ကြ။ ထို​ဦးခေါင်း​တော်​မှတစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် အကြော​အဆစ်​များ​အားဖြင့် ထောက်မ​ခြင်း​နှင့်​ပေါင်းစည်း​ခြင်း​ကို​ခံရ​လျက် ဘုရားသခင်​ကြီးထွား​စေ​တော်မူ​သည့်​အတိုင်း ကြီးထွား​၏။ သင်​တို့​သည် ခရစ်တော်​နှင့်အတူ​သေဆုံး​၍ လောက​၏​အခြေခံ​တရား​မှ ခွဲခွာ​ခဲ့​သည်​ဆိုလျှင် အဘယ်ကြောင့် လောက​၌​အသက်ရှင်​နေ​သကဲ့သို့ မ​ထိ​နှင့်၊ မ​မြည်း​နှင့်၊ မ​ကိုင်​နှင့်​ဟူသော စည်းမျဉ်း​များ​ကို​လိုက်နာ​ကြ​သနည်း။ ထို​အရာ​အားလုံး​တို့​သည် လူ​တို့​၏​ပညတ်ချက်​နှင့်​သွန်သင်​ချက်​များ​ဖြစ်​ကြ​သည်​နှင့်အညီ အသုံးပြု​ရင်း ပျက်စီး​သွား​မည့်​အရာ​များ​ဖြစ်​ကြ​၏။ ထို​အရာ​တို့​သည် ထင်ရာမြင်ရာ​ကိုးကွယ်​ခြင်း၊ မိမိ​ကိုယ်​ကို​ချိုးနှိမ်​ခြင်း​နှင့် ကိုယ်ခန္ဓာ​ကို​နှိပ်စက်​ခြင်း​တို့​ပါ​၍ ဉာဏ်ပညာ​ရှိ​ဟန်​ပေါ်​သော်လည်း သွေးသား​ဇာတိ​၏​တပ်မက်​မှု​ကို ချုပ်တည်း​ရာ​၌ မည်သည့်​အကျိုး​မျှ​မ​ပြု​ချေ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။