YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲဩဝါဒစာ 2:16-23

ကောလောသဲဩဝါဒစာ 2:16-23 MSBU

ထို့ကြောင့် အစား​အသောက်​နှင့်​ပတ်သက်၍​ဖြစ်စေ၊ ပွဲ​နေ့၊ လဆန်း​နေ့​၊ သို့မဟုတ် ဥပုသ်နေ့​တို့​နှင့်​ပတ်သက်၍​ဖြစ်စေ မည်သူမျှ သင်​တို့​ကို​မ​စီရင်​စေ​နှင့်။ ၎င်း​တို့​သည် ဖြစ်လာ​မည့်​အရာ​များ​၏​အရိပ်​မျှသာ​ဖြစ်​ကြ​ပြီး အကောင်အထည်​အစစ်​မူကား ခရစ်တော်​၌​ရှိ​၏။ မိမိ​ကိုယ်​ကို​ချိုးနှိမ်​ခြင်း၊ ကောင်းကင်​တမန်​များ​ကို​ကိုးကွယ်​ခြင်း​တို့​၌ မွေ့လျော်​နေ​သော​သူ​တစ်စုံတစ်ဦး​ကြောင့် သင်​တို့​သည် ဆု​နှင့်​လွဲ​ရ​သည့်​အဖြစ်မျိုး​ကို အဖြစ်​မ​ခံ​ကြ​နှင့်။ ထို​သူ​တို့​သည် မြင်မက်​သော​အရာ​တို့​ကို နှိုက်နှိုက်ချွတ်ချွတ်​စူးစမ်း​၍ မိမိ​၏​သွေးသား​ဇာတိ​နှင့်ဆိုင်သော စိတ်နှလုံး​အားဖြင့် အချည်းနှီး​ထောင်လွှား​ကာ ဦးခေါင်း​တော်​၌ စွဲမြဲ​ခြင်း​မ​ရှိ​ကြ။ ထို​ဦးခေါင်း​တော်​မှတစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် အကြော​အဆစ်​များ​အားဖြင့် ထောက်မ​ခြင်း​နှင့်​ပေါင်းစည်း​ခြင်း​ကို​ခံရ​လျက် ဘုရားသခင်​ကြီးထွား​စေ​တော်မူ​သည့်​အတိုင်း ကြီးထွား​၏။ သင်​တို့​သည် ခရစ်တော်​နှင့်အတူ​သေဆုံး​၍ လောက​၏​အခြေခံ​တရား​မှ ခွဲခွာ​ခဲ့​သည်​ဆိုလျှင် အဘယ်ကြောင့် လောက​၌​အသက်ရှင်​နေ​သကဲ့သို့ မ​ထိ​နှင့်၊ မ​မြည်း​နှင့်၊ မ​ကိုင်​နှင့်​ဟူသော စည်းမျဉ်း​များ​ကို​လိုက်နာ​ကြ​သနည်း။ ထို​အရာ​အားလုံး​တို့​သည် လူ​တို့​၏​ပညတ်ချက်​နှင့်​သွန်သင်​ချက်​များ​ဖြစ်​ကြ​သည်​နှင့်အညီ အသုံးပြု​ရင်း ပျက်စီး​သွား​မည့်​အရာ​များ​ဖြစ်​ကြ​၏။ ထို​အရာ​တို့​သည် ထင်ရာမြင်ရာ​ကိုးကွယ်​ခြင်း၊ မိမိ​ကိုယ်​ကို​ချိုးနှိမ်​ခြင်း​နှင့် ကိုယ်ခန္ဓာ​ကို​နှိပ်စက်​ခြင်း​တို့​ပါ​၍ ဉာဏ်ပညာ​ရှိ​ဟန်​ပေါ်​သော်လည်း သွေးသား​ဇာတိ​၏​တပ်မက်​မှု​ကို ချုပ်တည်း​ရာ​၌ မည်သည့်​အကျိုး​မျှ​မ​ပြု​ချေ။