YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 8:11-14

အာမုတ် 8:11-14 Judson Bible (JBMLE)

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မွတ်​သိပ်​ခြင်း​ဘေး​ကို တစ်​ပြည်​လုံး၌ ငါ​ဖြစ်​စေ​သော​ကာ​လ ရောက်​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး၍ မွတ်​သိပ်​ခြင်း​ဘေး မ​ဟုတ်၊ ရေ​ငတ်​ခြင်း​ဘေး​လည်း မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို မ​ကြား​ရ​သော မွတ်​သိပ်​ခြင်း​ဘေး ဖြစ်​လိမ့်​မည်။ လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​ရှာ​လျက်၊ ပင်​လယ်​တစ်​ပါး​မှ​သည် ပင်​လယ်​တစ်​ပါး​တိုင်​အောင် လှည့်​လည်၍၊ တောင်​မြောက် ပြေး​သွား​သော်​လည်း မ​တွေ့​ရ​ကြ။ ထို​ကာ​လ၌ အ​ဆင်း​လှ​သော သ​တို့​သ​မီး​က​ညာ​များ​နှင့် လု​လင်​များ​တို့​သည် ရေ​ငတ်၍ မော​ကြ​လိမ့်​မည်။ ရှ​မာ​ရိ​အ​ပြစ်​ကို​တိုင်​တည်၍ ကျိန်​ဆို​သော​သူ၊ အို ဒန်၊ သင်၏​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ဟူ၍​လည်း​ကောင်း၊ ဗေ​ရ​ရှေ​ဘ ဘာ​သာ အ​သက်​တည်​သည်​အ​တိုင်း​ဟူ၍​လည်း​ကောင်း ဆို​သော​သူ​တို့​သည်၊ နောက်​တစ်​ဖန် မ​ထ​နိုင်​အောင်​လဲ၍ နေ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အာမုတ် 8:11-14 Common Language Bible (BCL)

``တစ်​ပြည်​လုံး​ငတ်​မွတ်​ရ​မည့်​ကပ်​ဆိုး​ကြီး ကို​ငါ​ကျ​ရောက်​စေ​မည်။ အ​စာ​အ​တွက်​ငတ် မွတ်​ခြင်း​မ​ဟုတ်။ ရေ​ကို​ဆာ​လောင်​ခြင်း​လည်း မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​သ​တင်း စ​ကား​တော်​ကို​ငတ်​မွတ်​ခြင်း​ပင်​ဖြစ်​လိမ့်​မည်။ ထို​နေ့​များ​ရောက်​ရှိ​လာ​တော့​မည်။ ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။- လူ​တို့​သည်​ပင်​လယ်​သေ​မှ​မြေ​ထဲ​ပင်​လယ် တိုင်​အောင်​လည်း​ကောင်း မြောက်​အ​ရပ်​မှ​အ​ရှေ့ သို့​လည်း​ကောင်း၊ နေ​ရာ​အ​နှံ့​အ​ပြား​၌​သ​တင်း စ​ကား​တော်​ကို​လှည့်​လည်​၍​ရှာ​ကြ​သော်​လည်း သ​တင်း​စ​ကား​တော်​ကို​မ​တွေ့​ဘဲ​နေ​ကြ လိမ့်​မည်။- ထို​နေ့​၌​အ​လွန်​ကျန်း​မာ​သည့်​လု​လင်​နှင့် မိန်း​မ​ပျို​များ​ပင်​လျှင်​ရေ​ငတ်​လွန်း​သ​ဖြင့် လဲ​ကြ​လိမ့်​မည်။- ရှ​မာ​ရိ​ဘု​ရား​ရုပ်​တု​များ​ကို​တိုင်​တည်​ကာ ကျိန်​ဆို​လေ့​ရှိ​သူ​များ`ဒန်​ဘု​ရား' ကို​သော် လည်း​ကောင်း `ဗေ​ရ​ရှေ​ဘ​မြို့​လမ်း​ရှိ​ဘု​ရား' ကို လည်း​ကောင်း၊ ထို​ဘု​ရား​တို့​အ​သက်​ရှင်​တော် မူ​သည့်​အ​တိုင်း​ဟု​တိုင်​တည်​ကာ ကျိန်​ဆို တတ်​သူ​အ​ပေါင်း​တို့​သည်​ပြန်​မ​ထ​နိုင် အောင်​ပင်​ပြို​လဲ​တော့​မည်'' ဟု​မိန့်​တော် မူ​၏။

အာမုတ် 8:11-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားရှင်​ထာဝရဘုရား​က “ကြည့်ရှု​လော့​။ ငါ​သည် ထို​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကို ကျရောက်​စေ​မည့်​အချိန် ရောက်လာ​မည်​။ ထို​ဘေး​သည် အစာ​ငတ်​သော​ဘေး​၊ ရေ​ငတ်​သော​ဘေး မ​ဟုတ်​။ ထာဝရဘုရား​၏​နှုတ်ထွက်စကား​ကို မ​ကြား​ရ​သော ငတ်မွတ်​ခြင်း​ဘေး ဖြစ်​လိမ့်မည်​။ လူ​တို့​သည် ထာဝရဘုရား​၏​နှုတ်ထွက်စကား​ကို ပင်လယ်​တစ်​ခု​မှ ပင်လယ်​တစ်​ခု​သို့​၊ မြောက်အရပ်​မှ အရှေ့​အရပ်​သို့ လှည့်လည်​သွားလာ​၍ ရှာဖွေ​သော်လည်း တွေ့​မည်​မ​ဟုတ်​။ ထို​နေ့ရက်​တွင် လှပ​သော​အပျိုကညာ​များ​နှင့် လူပျို​များ ရေငတ်​သောကြောင့် အားယုတ်​ကြ​လိမ့်မည်​။ ‘အို ဒန်​၊ သင်​၏​ဘုရား​အသက်ရှင်​သည့်​အတိုင်း’​ဟူ၍​လည်းကောင်း​၊ ‘ဗေရရှေဘ​ကျင့်စဉ်​တို့ ရှင်သန်​နေ​သည့်​အတိုင်း’​ဟူ၍​လည်းကောင်း ရှမာရိ​အပြစ်​ကို​တိုင်တည်ကျိန်ဆို​တတ်​သော​သူ​တို့​သည် နောက်တစ်ဖန် ပြန်​မ​ထ​နိုင်​အောင် ကျဆုံး​ရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။