YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 9:36-42

တမန်တော် 9:36-42 Judson Bible (JBMLE)

ယု​ပ္ပေ​မြို့၌ ဒေါ်​ကာ​ဟု​ဆို​လို​သော တ​ဗိ​သ အ​မည်​ရှိ​သော တ​ပည့်​တော်​မ တစ်​ယောက်​ရှိ၏။ ထို​မိန်း​မ​သည် ကောင်း​သော​အ​ကျင့်၊ စွန့်​ကြဲ​ခြင်း အ​ကျင့်​နှင့် ပြည့်​စုံ​လျက်၊- ထို​အ​ခါ၌ နာ၍​သေ​လေ၏။ အ​လောင်း​ကို ရေ​ချိုး​ပြီး​လျှင် အ​ထက်​ခန်း၌​တင်​ထား​ကြ၏။- လု​ဒ္ဒ​မြို့​သည် ယု​ပ္ပေ​မြို့​နှင့် နီး​သည်​ဖြစ်၍ ထို​မြို့၌ ပေ​တ​ရု​ရှိ​ကြောင်း​ကို တ​ပည့်​တော်​တို့​သည်​ကြား​လျှင်၊ ပေ​တ​ရု​သည် အ​လျင်​အ​မြန် ကြွ​လာ​ပါ​မည်​အ​ကြောင်း လူ​နှစ်​ယောက်​ကို စေ​လွှတ်၍ တောင်း​ပန်​ကြ၏။- ပေ​တ​ရု​သည် ထ၍​ထို​သူ​တို့​နှင့် အ​တူ​လိုက်​လေ၏။ ရောက်​လျှင် အ​ထက်​ခန်း​သို့​ခေါ်​ပင့်၍ မု​ဆိုး​မ​များ​တို့​သည် ငို​ကြွေး​လျက်၊ သူ​တို့​နှင့်​အ​တူ ဒေါ်​ကာ​ရှိ​စဉ်​အ​ခါ​လုပ်​ခဲ့​သော​အင်္ကျီ​နှင့် အ​ဝတ်​များ​ကို ပြ​လျက်​ရှိ​ကြ၏။- ပေ​တ​ရု​သည် ထို​သူ​အ​ပေါင်း​တို့​ကို ပြင်​သို့​ထွက်​စေ​သည်​နောက်၊ ကိုယ်​တိုင်​ဒူး​ထောက်၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပြီး​လျှင်၊ ထို​အ​လောင်း​သို့ မျက်​နှာ​လှည့်၍၊ တ​ဗိ​သ၊ ထ​လော့​ဟု​ဆို​လေ၏။ ထို​မိန်း​မ​သည် မျက်​စိ​ကို​ဖွင့်၍ ပေ​တ​ရု​ကို​မြင်​လျှင် ထ၍​ထိုင်၏။- ပေ​တ​ရု​သည် မိ​မိ​လက်​ကို သူ့​အား​ပေး၍ ချီ​ကြွ​ပြီး​မှ၊ သန့်​ရှင်း​သူ​တို့​နှင့် မု​ဆိုး​မ​တို့​ကို​ခေါ်၍ အ​သက်​ရှင်​လျက်​ရှိ​သော ထို​မိန်း​မ​ကို ပြ​လေ၏။- ထို​အ​ကြောင်း​ကို ယု​ပ္ပေ​မြို့၌ အ​နှံ့​အ​ပြား သိ​ကြ၍၊ လူ​များ​တို့​သည် သ​ခင်​ဘု​ရား​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။

တမန်တော် 9:36-42 Common Language Bible (BCL)

ယုပ္ပေ​မြို့​တွင်​တ​ဗိ​သ​နာ​မည်​ရှိ​သော​တ​ပည့် တော်​မ​တစ်​ဦး​ရှိ​၏။ (သူ​၏​နာ​မည်​မှာ​ဂ​ရိ စ​ကား​အား​ဖြင့်​ဒေါ်​ကာ​ဖြစ်​၍ ``ဒ​ရယ်'' ဟု အ​နက်​ရ​လေ​သည်။) သူ​သည်​ကောင်း​မှု​နှင့် စွန့်​ကြဲ​ပေး​ကမ်း​မှု​ကို​အ​စဉ်​သ​ဖြင့်​ပြု တတ်​၏။- သူ​သည်​ဖျား​နာ​၍​သေ​လေ​၏။ သူ​၏​အ​လောင်း ကို​ရေ​ချိုး​ပေး​ကြ​ပြီး​သော်​အိမ်​၏​အ​ထက် ခန်း​တွင်​ပြင်​ထား​ကြ​၏။- လုဒ္ဒ​မြို့​သည်​ယုပ္ပေ​မြို့​အ​နီး​တွင်​ရှိ​သ​ဖြင့်​ထို မြို့​တွင်​ပေ​တ​ရု​ရှိ​ကြောင်း တ​ပည့်​တော်​တို့​ကြား သိ​ကြ​သော​အ​ခါ ``အ​ကျွန်ုပ်​တို့​ထံ​သို့​အ​လျင် အ​မြန်​ကြွ​လာ​တော်​မူ​ပါ'' ဟူ​သော​ပန်​ကြား ချက်​ဖြင့်​လူ​နှစ်​ယောက်​ကို​ပေ​တ​ရု​ထံ​သို့​စေ လွှတ်​လိုက်​ကြ​၏။- ထို့​ကြောင့်​ပေ​တ​ရု​သည်​ထို​သူ​နှစ်​ယောက်​နှင့် အ​တူ​လိုက်​ခဲ့​လေ​သည်။ ရောက်​သော​အ​ခါ​လူ တို့​သည်​သူ့​အား​အိမ်​အ​ထက်​ထပ်​ရှိ​အ​ခန်း သို့​ခေါ်​သွား​ကြ​၏။ မု​ဆိုး​မ​တို့​သည်​ပေ​တ​ရု ၏​အ​နီး​တွင်​ဝိုင်း​အုံ​လျက်​ငို​ယို​ကာ ဒေါ်​ကာ အ​သက်​ရှင်​စဉ်​အ​ခါ​က​ချုပ်​လုပ်​ထား​ခဲ့​သော အင်္ကျီ​များ​နှင့်​အ​တွင်း​ခံ​အင်္ကျီ​များ​ကို​ပြ ကြ​၏။- ပေ​တ​ရု​သည်​ထို​သူ​အ​ပေါင်း​တို့​ကို​အ​ပြင် သို့​ထွက်​စေ​ပြီး​လျှင် ဒူး​ထောက်​၍​ဆု​တောင်း ပတ္ထ​နာ​ပြု​၏။ ထို​နောက်​ရုပ်​အ​လောင်း​ဘက်​သို့ လှည့်​၍ ``တ​ဗိ​သ၊ ထ​လော့'' ဟု​ဆို​၏။ ဒေါ်​ကာ သည်​မျက်​စိ​ဖွင့်​၍​ပေ​တ​ရု​ကို​မြင်​သော အ​ခါ​ထ​ထိုင်​လေ​၏။- ပေ​တ​ရု​သည်​လက်​ကို​ကမ်း​ပေး​ပြီး​လျှင်​ထို အ​မျိုး​သ​မီး​ကို​ဆွဲ​ထူ​လိုက်​၏။ ထို​နောက် မု​ဆိုး​မ​များ​အ​ပါ​အ​ဝင်​ယုံ​ကြည်​သူ​များ ကို​ခေါ်​၍ အ​သက်​ရှင်​လျက်​ရှိ​သော​ဒေါ်​ကာ ကို​ပေး​အပ်​၏။- ဤ​သ​တင်း​သည်​ယုပ္ပေ​တစ်​မြို့​လုံး​တွင်​ကျော် ကြား​သွား​သ​ဖြင့် လူ​အ​မြောက်​အ​မြား​ပင် သ​ခင်​ဘု​ရား​ကို​သက်​ဝင်​ယုံ​ကြည်​လာ ကြ​၏။

တမန်တော် 9:36-42 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယုပ္ပေ​မြို့​တွင် ဒေါ်ကာ​ဟု အဓိပ္ပာယ်​ရ​သည့် တဗိသ​အမည်​ရှိ​သော တပည့်​တော်​မ​တစ်​ဦး​ရှိ​၏။ သူ​သည် ကောင်း​သော​အမှု၊ ပေးကမ်း​စွန့်ကြဲ​ခြင်း​အမှု​တို့​နှင့် ပြည့်စုံ​၏။ ထို​နေ့ရက်​များ​တွင် သူ​သည် နာမကျန်း​ဖြစ်​ပြီး​သေဆုံး​သွား​သဖြင့် လူ​တို့​သည် သူ​၏​အလောင်း​ကို​ရေချိုး​ပေး​ပြီးလျှင် အထက်ခန်း​၌ ထား​ကြ​၏။ ယုပ္ပေ​မြို့​သည် လုဒ္ဒ​မြို့​နှင့် နီး​သည်​ဖြစ်​၍ လုဒ္ဒ​မြို့​တွင် ပေတရု​ရှိ​ကြောင်း တပည့်​တော်​တို့​ကြား​လျှင် လူ​နှစ်​ဦး​ကို သူ့​ထံသို့​စေလွှတ်​ကာ “အကျွန်ုပ်​တို့​ထံသို့ အလျင်အမြန်​ကြွလာ​ခဲ့​ပါ”​ဟု တောင်းပန်​ကြ​၏။ ထို့ကြောင့် ပေတရု​သည် ထ​၍ သူ​တို့​နှင့်အတူ​လိုက်သွား​လေ​၏။ ပေတရု​ရောက်လာ​သောအခါ လူ​တို့​သည် သူ့​ကို အထက်ခန်း​သို့ ခေါ်ဆောင်​သွား​ကြ​၏။ မုဆိုးမ​အားလုံး​တို့​သည် ပေတရု​အနီး​၌​ရပ်​လျက် ငိုကြွေး​ကာ သူ​တို့​နှင့်အတူ ဒေါ်ကာ​ရှိ​စဉ်​က ချုပ်လုပ်​ခဲ့​သော​အင်္ကျီ​နှင့်​ဝတ်ရုံ​များ​ကို ပြ​ကြ​၏။ ပေတရု​သည် အားလုံး​ကို အခန်း​အပြင်​သို့​ထွက်​စေ​ပြီးလျှင် ဒူး​ထောက်​လျက် ဆုတောင်း​လေ​၏။ ထို့နောက် အလောင်း​ဘက်သို့​လှည့်​၍ “တဗိသ၊ ထ​လော့”​ဟု ဆို​လေ​ရာ တဗိသ​သည် မိမိ​မျက်စိ​ကို​ဖွင့်​ပြီး ပေတရု​ကို​မြင်​သောအခါ ထ​၍​ထိုင်​လေ​၏။ ပေတရု​သည် လက်​ကမ်း​ပေး​၍ သူ့​ကို​ဆွဲထူ​ပြီးလျှင် သန့်ရှင်း​သူ​တို့​နှင့်​မုဆိုးမ​တို့​ကို​ခေါ်​၍ အသက်ရှင်​လျက်​ရှိ​သော​တဗိသ​ကို ပြ​လေ​၏။ ဤ​သတင်း​သည် ယုပ္ပေ​တစ်​မြို့​လုံး​အနှံ့​ကျော်ကြား​သွား​၍ လူ​များစွာ​တို့​သည် သခင်​ဘုရား​ကို​ယုံကြည်​ကြ​၏။