YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 9:1-8

တမန်တော် 9:1-8 Judson Bible (JBMLE)

ရှော​လု​သည်​ကား၊ သ​ခင်​ဘု​ရား၏ တ​ပည့်​တော်​တို့​တစ်​ဖက်၌ ခြိမ်း​ခြောက်၍၊ အ​သေ​သတ်​ခြင်း​ငှာ ပြင်း​စွာ​အ​သက်​ရှူ​သ​ဖြင့်၊- ထို​ဘာ​သာ​ဝင်​သော ယောက်ျား​မိန်း​မ​တို့​ကို တွေ့​လျှင်၊ ချည်​နှောင်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပို့​ဆောင်​ရ​မည်​အ​ကြောင်း၊ ဒ​မာ​သက်​မြို့၌ ရှိ​သော တ​ရား​ဇ​ရပ်​မှူး​တို့​ထံ​သို့ မှာ​စာ​ကို​ပေး​ပါ​ဟု ယဇ်​ပု​ရော​ဟိတ်​မင်း​ထံ၌ ဝင်၍ တောင်း​ပြီး​မှ၊- သွား၍ ဒ​မာ​သက်​မြို့​အ​နီး​သို့ ရောက်​သော​အ​ခါ၊ ကောင်း​ကင်​ထဲ​က အ​လင်း​သည် သူ့​ပတ်​လည်၍ ရုတ်​ခ​နဲ ထွန်း​တောက်​လေ၏။- ရှော​လု​သည် မြေ​ပေါ်​မှာ​လဲ၍​နေ​စဉ်၊ ရှော​လု၊ ရှော​လု၊ အ​ဘယ်​ကြောင့် ငါ့​ကို​ညှဉ်း​ဆဲ​သ​နည်း​ဟု မိ​မိ​အား ပြော​သော​စ​ကား​သံ​ကို ကြား​လျှင်၊- သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟု မေး​လျှောက်၏။ သ​ခင်​ဘု​ရား​က​လည်း၊ ငါ​ကား သင်​ညှဉ်း​ဆဲ​သော ယေ​ရှု​ဖြစ်​သ​တည်း။- သို့​သော်​လည်း ထ၍ မြို့​သို့​ဝင်​လော့။ သင်​ပြု​ရ​မည်​အ​မှု​ကို ပြော​လိမ့်​မည်​ဟု​မိန့်​တော်​မူ၏။- ရှော​လု​နှင့်​အ​တူ သွား​သော​သူ​တို့​သည် အ​သံ​ကို​ကြား​ရုံ​မျှ​သာ​ရှိ၍၊ အ​ဘယ်​သူ​ကို​မျှ​မ​မြင်​ဘဲ မိန်း​မော​တွေ​ဝေ​လျက် ရပ်​နေ​ကြ၏။- ရှော​လု​သည်​လည်း မြေ​မှ​ထ၍ မျက်​စိ​ကို ဖွင့်​သော်​လည်း အ​ဘယ်​သူ​ကို​မျှ မ​မြင်​နိုင်​သည်​ဖြစ်၍၊ သူ၏​လက်​ကို​ဆွဲ​လျက် ဒ​မာ​သက် မြို့​သို့​ပို့​ဆောင်​ကြ၏။

တမန်တော် 9:1-8 Common Language Bible (BCL)

ဤ​အ​တော​အ​တွင်း​၌​ရှော​လု​သည် သ​ခင် ဘု​ရား​၏​တ​ပည့်​တော်​တို့​အား​သတ်​ဖြတ်​ရန် ခြိမ်း​ခြောက်​လျက်​နေ​၏။ သူ​သည်​ယဇ်​ပု​ရော ဟိတ်​မင်း​ထံ​သို့​သွား​ပြီး​လျှင်၊- သ​ခင်​ဘု​ရား​၏​လမ်း​စဉ်​တော်​ကို​လိုက်​လျှောက် သော​သူ အ​မျိုး​သား​အ​မျိုး​သ​မီး​တို့​ကို​တွေ့ ရှိ​ပါ​က ထို​သူ​တို့​ကို​ဖမ်း​ဆီး​၍​ယေ​ရု​ရှ​လင် မြို့​သို့​ခေါ်​ဆောင်​လာ​နိုင်​ရန် မိ​မိ​အား​အာ​ဏာ အပ်​နှင်း​ကြောင်း​ဒ​မာ​သက်​မြို့​ရှိ​ဇ​ရပ်​များ သို့​အ​မှာ​စာ​များ​ရေး​ပေး​ပါ​ရန်​ပန်​ကြား လျှောက်​ထား​၏။ သူ​သည်​ခ​ရီး​ပြု​၍​ဒ​မာ​သက်​မြို့​အ​နီး သို့​ရောက်​လာ​သော​အ​ခါ​၌ မိုး​ကောင်း​ကင်​မှ အ​လင်း​ရောင်​ခြည်​တစ်​ခု​သည်​သူ​၏​ပတ် လည်​တွင်​ရုတ်​တ​ရက်​ထွန်း​တောက်​လာ​၏။- သူ​သည်​မြေ​ပေါ်​သို့​လဲ​ကျ​သွား​ပြီး​နောက် ``ရှော​လု၊ ရှော​လု၊ သင်​သည်​အ​ဘယ်​ကြောင့်​ငါ့ ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သ​နည်း'' ဟု​မေး​မြန်း​သံ ကို​ကြား​ရ​၏။ ရှော​လု​က ``အ​ရှင်၊ အ​ရှင်​သည်​မည်​သူ​ဖြစ် ပါ​သ​နည်း'' ဟု​မေး​လျှောက်​၏။ ထို​အ​သံ က ``ငါ​ကား​သင်​နှိပ်​စက်​ညှဉ်း​ဆဲ​နေ​သူ ယေ​ရှု​ပင်​တည်း။- သို့​သော်​သင်​သည်​ထ​၍​မြို့​ထဲ​သို့​ဝင်​လော့။ သင်​ပြု​ရ​မည့်​အ​မှု​ကို​ထို​အ​ရပ်​တွင်​သိ​ရှိ ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ရှော​လု​နှင့်​အ​တူ​ခ​ရီး​ပြု​လျက်​နေ​ကြ​သူ တို့​သည် ထို​အ​သံ​ကို​ကြား​ရ​သော်​လည်း လူ တစ်​စုံ​တစ်​ယောက်​ကို​မျှ​မ​တွေ့​မ​မြင်​ရ သ​ဖြင့်​ကြက်​သေ​သေ​လျက်​ရပ်​နေ​ကြ​၏။- ရှော​လု​သည်​မြေ​ပေါ်​မှ​ထ​၍​မျက်​စိ​ကို​ဖွင့် လိုက်​သော​အ​ခါ အ​ဘယ်​အ​ရာ​ကို​မျှ​မ​မြင် ရ​တော့​ချေ။ သို့​ဖြစ်​၍​ထို​သူ​တို့​သည်​သူ့ လက်​ကို​ဆွဲ​၍​ဒ​မာ​သက်​မြို့​ထဲ​သို့​ခေါ် ဆောင်​သွား​ကြ​၏။

တမန်တော် 9:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ရှောလု​သည် သခင်​ဘုရား​၏​တပည့်​တော်​တို့​ကို ခြိမ်းခြောက်​၍​သတ်ဖြတ်​ရန် စိတ်​ဆန္ဒ​ပြင်းပြ​လျက်​ရှိ​သေး​၏။ သူ​သည် ယဇ်ပုရောဟိတ်​မင်း​ထံသို့ ချဉ်းကပ်​လျက် ဤ​တရား​လမ်း​သို့ လိုက်​သော​သူ​ကို​တွေ့​လျှင် ယောက်ျား​ဖြစ်စေ၊ မိန်းမ​ဖြစ်စေ ချည်နှောင်​၍ ဂျေရုဆလင်​မြို့​သို့ ခေါ်ဆောင်​လာ​နိုင်​ရန် ဒမတ်စကပ်​မြို့​ရှိ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​သို့ ပေး​စာ​များ​ကို သူ့​ထံမှ တောင်း​လေ​၏။ ဤသို့ဖြင့် သူ​သည် သွား​၍ ဒမတ်စကပ်​မြို့​အနီး​သို့ ရောက်လာ​သောအခါ ကောင်းကင်​မှ​အလင်း​သည် သူ့​ပတ်လည်​၌ ရုတ်တရက်​ထွန်းတောက်​လေ​၏။ သူ​သည် မြေ​ပေါ်သို့​လဲကျ​သွား​ရာ“ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့​ကို​ညှဉ်းဆဲ​သနည်း”​ဟု သူ့​အား​ပြော​သော​အသံ​ကို​ကြား​ရ​၏။ ရှောလု​က​လည်း “သခင်​ဘုရား၊ ကိုယ်တော်​သည် မည်သူ​နည်း”​ဟု မေးလျှောက်​လျှင်“ငါ​သည် သင်​ညှဉ်းဆဲ​သော​ယေရှု​ဖြစ်​၏။ သင်​သည် ထ​၍ မြို့​ထဲသို့​ဝင်​သွား​လော့။ ထိုအခါ သင်​ပြု​ရ​မည့်​အမှု​ကို သင့်​အား ပြောကြား​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ သူ​နှင့်အတူ ခရီး​သွား​ကြ​သော​သူ​တို့​သည် အသံ​ကို​ကြား​ရ​သော်လည်း မည်သူ့​ကို​မျှ မ​တွေ့​ရ​သောကြောင့် မှင်တက်မိ​လျက် ရပ်​နေ​ကြ​၏။ ရှောလု​သည် မြေ​ပေါ်မှ​ထ​၍ မိမိ​မျက်စိ​ကို​ဖွင့်​သော်လည်း မည်သည့်​အရာ​ကို​မျှ မ​မြင်​ရ​သဖြင့် လူ​တို့​သည် သူ့​ကို​လက်ဆွဲ​၍ ဒမတ်စကပ်​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၏။