YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 9:1-8

တမန်တော်ဝတ္ထု 9:1-8 MSBU

ရှောလု​သည် သခင်​ဘုရား​၏​တပည့်​တော်​တို့​ကို ခြိမ်းခြောက်​၍​သတ်ဖြတ်​ရန် စိတ်​ဆန္ဒ​ပြင်းပြ​လျက်​ရှိ​သေး​၏။ သူ​သည် ယဇ်ပုရောဟိတ်​မင်း​ထံသို့ ချဉ်းကပ်​လျက် ဤ​တရား​လမ်း​သို့ လိုက်​သော​သူ​ကို​တွေ့​လျှင် ယောက်ျား​ဖြစ်စေ၊ မိန်းမ​ဖြစ်စေ ချည်နှောင်​၍ ဂျေရုဆလင်​မြို့​သို့ ခေါ်ဆောင်​လာ​နိုင်​ရန် ဒမတ်စကပ်​မြို့​ရှိ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​သို့ ပေး​စာ​များ​ကို သူ့​ထံမှ တောင်း​လေ​၏။ ဤသို့ဖြင့် သူ​သည် သွား​၍ ဒမတ်စကပ်​မြို့​အနီး​သို့ ရောက်လာ​သောအခါ ကောင်းကင်​မှ​အလင်း​သည် သူ့​ပတ်လည်​၌ ရုတ်တရက်​ထွန်းတောက်​လေ​၏။ သူ​သည် မြေ​ပေါ်သို့​လဲကျ​သွား​ရာ“ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့​ကို​ညှဉ်းဆဲ​သနည်း”​ဟု သူ့​အား​ပြော​သော​အသံ​ကို​ကြား​ရ​၏။ ရှောလု​က​လည်း “သခင်​ဘုရား၊ ကိုယ်တော်​သည် မည်သူ​နည်း”​ဟု မေးလျှောက်​လျှင်“ငါ​သည် သင်​ညှဉ်းဆဲ​သော​ယေရှု​ဖြစ်​၏။ သင်​သည် ထ​၍ မြို့​ထဲသို့​ဝင်​သွား​လော့။ ထိုအခါ သင်​ပြု​ရ​မည့်​အမှု​ကို သင့်​အား ပြောကြား​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ သူ​နှင့်အတူ ခရီး​သွား​ကြ​သော​သူ​တို့​သည် အသံ​ကို​ကြား​ရ​သော်လည်း မည်သူ့​ကို​မျှ မ​တွေ့​ရ​သောကြောင့် မှင်တက်မိ​လျက် ရပ်​နေ​ကြ​၏။ ရှောလု​သည် မြေ​ပေါ်မှ​ထ​၍ မိမိ​မျက်စိ​ကို​ဖွင့်​သော်လည်း မည်သည့်​အရာ​ကို​မျှ မ​မြင်​ရ​သဖြင့် လူ​တို့​သည် သူ့​ကို​လက်ဆွဲ​၍ ဒမတ်စကပ်​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၏။

​တမန်တော်ဝတ္ထု 9:1-8 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။